FEMA နှင့် ပြည်နယ်၊ နယ်မြေ သို့မဟုတ် တိုင်းရင်းသားလူမျိုးစုအစိုးရသည် အမေရိကန် နိုင်ငံသားများ၊ အမေရိကန် လူမျိုးများနှင့် သတ်မှတ်အရည်အချင်းကိုက်ညီသည့် နိုင်ငံခြားသားများအား တိုက်ရိုက်နှင့် ငွေကြေးဆိုင်ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီများကို ပေးနိုင်ပါသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီတွင် ယာယီအိမ်ငှားခ၊ အိမ်ပြုပြင်မှု၊ ပုဂ္ဂိုလ်ရေးပစ္စည်းများ ပျက်စီးဆုံးရှုံးမှု၊ ဆေးဝါးဆိုင်ရာ ဆုံးရှုံးမှု၊ အသုဘကုန်ကျစရိတ်များနှင့် အခြား ကပ်ဘေးဆိုင်ရာ အရေးတကြီးလိုအပ်ချက်များ သို့မဟုတ် အာမခံ သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုတွင် ဘောင်မဝင်သည့် ကုန်ကျစရိတ်များအတွက် ငွေကြေး အကူအညီ ပါဝင်ပါသည်။
ရနိုင်ပါက ခိုလုံရန်နေရာ၊ အစားအစာ၊ ရေ၊ ပြဿနာအတွက် နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ကပ်ဘေးစီမံခန့်ခွဲမှု၊ ကပ်ဘေးကာလ အပိုဆောင်း အဟာရပံ့ပိုးရေး အစီအစဉ်၊ ကပ်ဘေးကာလ ဥပဒေရေးရာ ဝန်ဆောင်မှုတို့ကိုလည်း ကပ်ဘေးဒဏ် ခံရသူများအား ၎င်းတို့၏ နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှု အခြေအနေမည်သို့ပင်ရှိစေကာမူ အကူအညီ ရရှိနိုင်သည်။
အဓိပ္ပာယ်ဖွင့်ဆိုချက်များ
အမေရိကန် နိုင်ငံသား
အမေရိကန်နိုင်ငံတွင် မွေးဖွားသူ မည်သူမဆို၊ အနည်းဆုံး အမေရိကန်နိုင်ငံသား မိဘတစ်ဦးမှ ယူအက်စ်ပြင်ပတွင် မွေးဖွားသူ၊ နိုင်ငံသားအဖြစ် ခံယူထားသူ။
အမေရိကန်လူမျိုး
အမေရိကန်ပြည်ထောင်စု၏ အစွန်အဖျားအပိုင် ပိုင်ဆိုင်မှုတွင် မွေးဖွားသူ (ဥပမာ အမေရိကန် ဆာမိုအာ သို့မဟုတ် Swain's ကျွန်း) တွင် ထိုကျွန်းကို အမေရိကန်ပြည်ထောင်စုက ပိုင်ဆိုင်သည့်နေ့ သို့မဟုတ် ထို့နောက်ပိုင်းတွင် မွေးဖွားသူ သို့မဟုတ် မိဘနှစ်ပါးမှာ အမေရိကန်လူမျိုး ဖြစ်သည့်သူများဖြစ်သည်။ အမေရိကန် နိုင်ငံသားအားလုံးသည် အမေရိကန် လူမျိုးဖြစ်ကြသော်လည်း အမေရိကန်လူမျိုးတိုင်းသည် အမေရိကန် နိုင်ငံသား မဟုတ်ပေ။
သတ်မှတ်အရည်အချင်းကိုက်ညီသည့် နိုင်ငံခြားသားများ
- အမြဲတမ်းနေထိုင်ခွင့်ရှိသူများ (“ဂရင်းကတ် ကိုင်ဆောင်ထားသူများ” )
- နိုင်ငံရေးခိုလှုံခွင့်ရရှိသူ နိုင်ငံခြားသားများ
- ဒုက္ခသည်များ
- အနည်းဆုံးတနှစ်ကြာဆိုင်းငံပြီးပြည်နှင်ဒဏ်ပေးခံထားရသည့် အခြေအနေရှိ နိုင်ငံခြားသားများ
- အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာရည်ရွယ်ချက်များ သို့မဟုတ် သိသာထင်ရှားသော အများသူငှာ အကျိုးပြုမှုများအတွက် အနည်းဆုံးတနှစ်လွတ်ငြိမ်းခွင့်ဖြင့် အမေရိကန်သို့ ရောက်လာသူ နိုင်ငံခြားသားများ
- ကျူးဘား/ဟေတီမှ ဝင်ရောက်သူများ
- ဒုက္ခရောက်နေသော တချို့ နိုင်ငံခြားသားများ သို့မဟုတ် ၎င်းတို့၏ အိမ်ထောင်ဖက် သို့မဟုတ် သားသမီးများ
- • "T" သို့မဟုတ် "U" ပြည်ဝင်ခွင့် ဗီဇာရှိသူများအပါအဝင် ဆိုးရွားသည့်လူကုန်ကူးမှုကို ခံစားရသူတချို့
- မိုက်ခရိုနီးရှားဖက်ဒရယ်ပြည်ထောင်စု၊ Marshall မာရှယ်ကျွန်းစုသမ္မတနိုင်ငံ နှင့် Palau ပါလာလူ သမ္မတနိုင်ငံတို့နှင့် Compacts of Free Association လွတ်လွပ်သောအသင်း၏ စည်းမျဉ်း နှင့်အညီ တရားဝင်နေထိုင်သူများ

အကယ်၍ လျှောက်ထားသူတစ်ဦးသည် လျှောက်ထားချိန်တွင် သတ်မှတ်ထားသည့် နိုင်ငံသားဖြစ်မှု သို့မဟုတ် လူဝင်မှုအခြေအနေနှင့် မကိုက်ညီလျှင် သူ၏ မိသားစုဝင်များက အောက်ပါ အချက်များနှင့် ကိုက်ညီပါက ဖယ်ဒရယ်အကူအညီ အမျိုးအစားအချို့ကို လျှောက်ထားနိုင်သေးသည်-
အမေရိကန် နိုင်ငံသား သို့မဟုတ် အရည်အချင်းပြည့်မီသော နိုင်ငံခြားသားအရွယ်မရောက်သေးသော ကလေးများ၏ မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူသည် ကလေးနှင့် တစ်အိမ်တည်းတွင် နေထိုင်နေသရွေ့ အရွယ်မရောက်သေးသောကလေး၏ ကိုယ်စား အကူအညီအတွက် လျှောက်ထားနိုင်သည်၊ မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူသည် ပူးတွဲလျှောက်ထားသူအဖြစ် လျှောက်ထားရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် အရွယ်မရောက်သေးသူကလေးသည် အသက် ၁၈ နှစ်အောက် ဖြစ်ရမည်။
လူတိုင်းသည် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုအခြေအနေများ မည်သို့ပင်ရှိစေကာမူ ကြီးမားသည့် ကပ်ဘေးနှင့် ကြုံတွေ့ရပါက ကပ်ဘေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု၊ ကပ်ဘေးဆိုင်ရာ ဥပဒေဝန်ဆောင်မှု၊ ကပ်ဘေးဆိုင်ရာ အမှုစီမံခန့်ခွဲမှု၊ ကပ်ဘေးဆိုင်ရာ ထပ်ဆောင်းအာဟာရ အကူအညီအစီအစဉ်နှင့် အခြား ငွေကြေးမဟုတ်သော အကူအညီများကို အရေးပေါ်ဘေးအန္တရာယ်ကူညီရေးအစီအစဉ်မျိုးကို ရရှိနိုင်သည်။ ၎င်းတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ခိုလုံရာနေရာ၊ အစားအစာနှင့် ရေတို့ ပါဝင်သည်။
အကူအညီအတွက် ရင်းမြစ်များ
လူပုဂ္ဂိုလ်များသည် FEMA ကပ်ဘေးဆိုင်ရာ အကူအညီအတွင် လိုအပ်သည့် လူဝင်မှုအခြေအနေနှင့် အကျုံးဝင်မှု ရှိမရှိ သိရှိနိုင်ရန် လူဝင်မှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးနှင့် တိုင်ပင်သင့်ပါသည်။
ထို့အပြင် စေတနာ့ဝန်ထမ်း အေဂျင်စီများကလည်း နိုင်ငံသား သို့မဟုတ် လူဝင်မှုအခြေအနေမည်သို့ပင်ဖြစ်စေအကူအညီများ ပေးနေပါသည်။
လူတိုင်းသည် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုအခြေအနေများ မည်သို့ပင်ရှိစေကာမူ ကြီးမားသည့် ကပ်ဘေးနှင့် ကြုံတွေ့ရပါက ကပ်ဘေးဆိုင်ရာ နှစ်သိမ့်ဆွေးနွေးမှု၊ ကပ်ဘေးဆိုင်ရာ ဥပဒေဝန်ဆောင်မှု၊ ကပ်ဘေးဆိုင်ရာ အမှုစီမံခန့်ခွဲမှု၊ ကပ်ဘေးဆိုင်ရာ ထပ်ဆောင်းအာဟာရ အကူအညီအစီအစဉ်နှင့် အခြား ငွေကြေးမဟုတ်သော အကူအညီများကို အရေးပေါ်ဘေးအန္တရာယ်ကူညီရေးအစီအစဉ်မျိုးကို ရရှိနိုင်သည်။ ၎င်းတွင် ကျန်းမာရေးစောင့်ရှောက်မှု၊ ခိုလုံရာနေရာ၊ အစားအစားနှင့် ရေတို့ ပါဝင်သည်။
ပိုမိုသိရှိနိုင်ရန် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ စာမျက်နှာ သို့ သွားပါ။