FEMA အကူအညီအတွက် အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်များ

လျှောက်ထားသူတစ်ဦးသည် တစ်ဦးချင်းနှင့် အိမ်ထောင်စု အစီအစဉ် အရ အကူအညီရရန် အရည်အချင်းပြည့်မီကြောင်း မသတ်မှတ်မီ လျှောက်လွှာများသည် အထွေထွေအခြေအနေများနှင့် ကိုက်ညီကြောင်း သေချာစေရန် FEMA က စစ်ဆေးပါသည်။

FEMA အကူအညီကို လျှောက်ထားချိန်တွင် လျှောက်ထားသူသည် သူပေးအပ်သည့် အချက်အလက်များ မှန်ကန်ကြောင်း ကြေငြာရပါမည်။ လျှောက်လွှာသည် တရားဝင် စာရွက်စာတမ်းဖြစ်ပြီး ကြေငြာချက်အားလုံးကို မုသားသက်သေခံခြင်း ပြစ်ဒဏ်များဖြင့် ပြုလုပ်ရပါသည်။ FEMA ၏ ဥပဒေဆိုင်ရာ သတ်မှတ်ချက်များအကြောင်း ပိုမိုလေ့လာပါ။

feature_mini img

အရည်အချင်းပြည့်မီမှုနှင့် သတ်မှတ်ချက်များဆိုင်ရာ တစ်ဦးချင်းနှင့် အိမ်ထောင်စု အစီအစဉ်အတွက် အချက်အလက်များ စာမျက်နှာ ကို ထုတ်ယူနိုင်ပါသည်။

တစ်ဦးချင်းနှင့် အိမ်ထောင်စု အစီအစဉ် အကူအညီရယူနိုင်မည့် သတ်မှတ်ချက်များ

Graphic
Graphic listing the 3 steps FEMA takes to make sure people get assistance, while guarding against fraud: Verify identity, examine insurance, verify ownership and/or occupancy.

တစ်ဦးချင်း အကူအညီကို တောင်းခံရန်အတွက် အစီအစဉ်အတွင်းရှိ အကူအညီ အမျိုးအစားတိုင်းတွင် ကပ်ဘေးကြောင့် ဖြစ်ပေါ်သည့် သတ်မှတ်ထားသည့် လိုအပ်ချက်ကို စိစစ်ရပါသည်။ သို့သော် တစ်ဦးချင်း နှင့် အိမ်ထောင်စု အစီအစဉ်မှ မည်သည့်အကူအညီမျိုးကိုမဆို ရယူနိုင်ရန်အတွက် လျှောက်ထားသူသည့် သတ်မှတ်ထားသည့်  အောက်ပါ အထွေထွေအခြေအနေများနှင့် ပြည့်စုံရမည်ဖြစ်သည်။

နိုင်ငံသားဖြစ်မှု အခြေအနေ

အထောက်အပံ့အတွက် လျှောက်ထားရန် သင်သည် အမေရိကန်နိုင်ငံသားဖြစ်ကြောင်း၊ နိုင်ငံသားမဟုတ်သော အခြေချနေထိုင်သူဖြစ်ကြောင်း သို့မဟုတ် သတ်မှတ်ချက်ပြည့်မီသော နိုင်ငံသားမဟုတ်သူဖြစ်ကြောင်း အတည်ပြုရပါမည်။

alert - info

ဖယ်ဒရယ် အများပြည်သူပံ့ပိုးမှုအတွက် နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုအခြေအနေဆိုင်ရာ သတ်မှတ်ချက်များ အကြောင်း ပိုမိုလေ့လာပါ။

မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စိစစ်ခြင်း

FEMA သည် လျှောက်ထားသူ မည်သူဖြစ်ကြောင်း အထောက်အထားကို တရားဝင် လူမှုဖူလုံရေးနံပါတ်ဖြင့် စိစစ်နိုင်ရမည်။

  • FEMA သည် သာမန်အားဖြင့် လျှောက်ထားသူ၏ အထောက်အထားကို လျှောက်လွှာတင်ချိန်တွင် အလိုအလျောက်ရနိုင်သည့် အများပြည်သူ မှတ်တမ်းရှာဖွေခြင်းနှင့် လျှောက်ထားသူ၏ ခရက်တစ်ဖိုင် သို့မဟုတ် အများပြည်သူကြည့်ရှုနိုင်သည့် မှတ်တမ်းဖြင့် မေးခွန်းများမေး၍ စိစစ်ခြင်းများ ပြုလုပ်သည်။
  • FEMA က လျှောက်ထားသူ၏ အထောက်အထားကို ဤနည်းလမ်းများဖြင့် စိစစ်ခြင်းမပြုနိုင်ပါက ထပ်ဆောင်းမှတ်တမ်းမှတ်ရာများ ပေးအပ်ရန် လျှောက်ထားသူအား တောင်းဆိုနိုင်သည်။
alert - info

သင်၏ အထောက်အထားကို စိစစ်နိုင်ရန်အတွက် သင် ပေးအပ်နိုင်သည့် မှတ်တမ်းအမျိုးအစား ကို ကြည့်ပါ။

ပိုင်ဆိုင်မှု/ နေထိုင်မှု စိစစ်ခြင်း

FEMA သည် လျှောက်ထားသူများ၏ နေထိုင်မှု နှင့်/သို့မဟုတ် ပိုင်ဆိုင်မှုကို စိစစ်အတည်ပြုနိုင်ရမည်။

  • သဘာဝကပ်ဘေးကြောင့် ပျက်စီးသောအိမ်သည် ၎င်းတို့၏ အဓိက နေအိမ်ဖြစ်ကြောင်း လျှောက်ထားသူများက သက်သေပြနိုင်ရမည်။
  • ကပ်ဘေးမတိုင်မီက အိမ်ကို ပိုင်ဆိုင်သူများကလည်း ကပ်ဘေးကြောင့် ပျက်စီးသည့်အိမ်ကို ၎င်းတို့ပိုင်ဆိုင်ကြောင်း သက်သေပြနိုင်ရမည်။
  • FEMA သည် နေထိုင်မှုနှင့် ပိုင်ဆိုင်မှုကို လျှောက်လွှာတင်ချိန်တွင် အလိုအလျောက်ရနိုင်သည့် အများပြည်သူ မှတ်တမ်းဖြင့် ရှာဖွေသည်။ FEMA က လျှောက်ထားသူ၏ နေထိုင်မှုနှင့် ပိုင်ဆိုင်မှုကို အတည်မပြုနိုင်ပါက ထပ်ဆောင်းမှတ်တမ်းမှတ်ရာများ ပေးအပ်ရန် လျှောက်ထားသူအား တောင်းဆိုနိုင်သည်။
alert - info

အိမ်တွင် နေထိုင်မှု နှင့်/သို့မဟုတ် ပိုင်ဆိုင်မှုကို အတည်ပြုရန် သင်ပေးအပ်နိုင်သည့် မှတ်တမ်းမှတ်ရာ အမျိုးအစားကို ကြည့်ပါ။

အာမခံတွင် အကျုံးမဝင်သော လိုအပ်ချက်

FEAM သည် အာမခံ သဘောတူညီချက်ကဲ့သို့ အခြားအရင်းအမြစ်တစ်ခုက ကူညီထားပြီးဖြစ်ပါက ထပ်ဆင့်မကူညီနိုင်ပါ။ သို့သော် အာမခံထားရှိမှု ပမာဏနည်းသူများသည် အာမခံမှ ရရှိသော အထောက်အကူက ကုန်ကျစရိတ်များကို အားလုံးမပေးနိုင်ဘဲ အရေးပေါ်လိုအပ်ချက်များလည်း အဆိုပါ ကပ်ဘေးကြောင့် ဖြစ်ပေါ်နေပါက ထပ်ဆောင်းအကူအညီ ရယူနိုင်သည်။

  • လျှောက်ထားသူများသည် အာမခံထားရှိမှု အားလုံးကို FEMA အား အသိပေးရန် လိုအပ်သည်။ ယင်းအာမခံ ရော်ကြေးငွေများသည် ကပ်ဘေးဒဏ်ကြောင့် ဖြစ်ပေါ်သည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖွယ် ရှိသောကြောင့် ဖြစ်သည်။
  • FEMA ၏ အကူအညီအတွက် သတ်မှတ်ချက်ကိုက်ညီမှု ရှိမရှိ ထည့်သွင်းစဉ်းစားခြင်း မပြုမီ၊ အာမခံထားရှိသော လျှောက်ထားသူများသည် ၎င်းတို့၏ အာမခံကုမ္ပဏီ၏မူဝါဒအရ ကပ်ဘေးအပျက်အစီးများအတွက်ရရှိသည့် လျော်ကြေးငွေဆိုင်ရာ သဘောတူညီချက်များ သို့မဟုတ် အကျိုးအမြတ်များကို စာရွက်စာတမ်းဖြင့် တင်ပြရမည်ဖြစ်သည်။
alert - info

စာရွက်စာတမ်းများကို သင်၏ အွန်လိုင်း DisasterAssistance.gov အကောင့်များတွင် တိုက်ရိုက် ထည့်သွင်းနိုင်သည် သို့မဟုတ် သင့်အနီးအနားရှိ စာရွက်စာတမ်း ပေးအပ်ရန် ဌာနများ သို့ သွားနိုင်သည်။

အကူအညီ လျှောက်ထားခြင်း

အကယ်၍ သင်သည် အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက FEMA တစ်ဦးချင်းနှင့် အိမ်ထောင်စုအစီအစဉ် အကူအညီအတွက် DisasterAssistance.gov. တွင် လျှောက်လွှာဖြည့်နိုင်ပါသည်။

သင်သည် လူကိုယ်တိုင် သို့မဟုတ် ဖုန်းဖြင့်လည်း လျှောက်ထားနိုင်သည်။

အကူအညီများသည် အခြားရင်းမြစ်မှရသည့် အကူအညီနှင့် ထပ်နေမရန်အတွက် FEMA က သေချာစွာ လုပ်ဆောင်ရသည်။ ကပ်ဘေးကြောင့် ဖြစ်ပေါ်သည့် ပျက်စီးမှုများအတွက် လိုအပ်သည့် ကုန်ကျစရိတ်၊ အရေးပေါ် လိုအပ်ချက်များအတွက် မျှတလျော်ကန်စွာ အသုံးပြုပြီး မသမာသောနည်းများဖြင့် အကူအညီရယူခြင်း မရှိစေရန် ဖြစ်သည်။

ဖယ်ဒရယ်ပြည်ထောင်စု အေဂျင်စီများသည် လိမ်ညာမှုများကြောင့် မမှန်မကန် ပေးထားသော ငွေကြေးအထောက်အပံ့များကိုရှာဖွေဖော်ထုတ်ပြီး ပြန်လည်ရယူရန် တာဝန်ရှိသည်နှင့် အညီ အောက်ပါ ဖယ်ဒရယ်ဥပဒေများ အရ အရေးယူဆောင်ရွက်သည်-

FEMA အကူအညီကို လျှောက်ထားချိန်တွင် လျှောက်ထားသူသည် သူပေးအပ်သည့် အချက်အလက်များ မှန်ကန်ကြောင်း ကြေငြာရပါမည်။ လျှောက်လွှာသည် တရားဝင် စာရွက်စာတမ်းဖြစ်ပြီး ကြေငြာချက်အားလုံးကို မုသားသက်သေခံခြင်း ပြစ်ဒဏ်များဖြင့် ပြုလုပ်ရပါသည်။ FEMA သည် ပြင်ပ အဖွဲ့အစည်းများကို အသုံးပြုပြီး ထည့်သွင်းသည့် အချက်အလက်များ၏ မှန်ကန်မှုကို စိစစ်နိုင်သည်။ အကယ်၍ လျှောက်ထားသူသည် အထောက်အပံ့ရရန်အတွက် ရည်ရွယ်ချက်ရှိရှိနှင့် မမှန်မကန်ဖြည့်သွင်းဖော်ပြပါက သို့မဟုတ် အချက်အလက်များကို ထိန်ချန်ထားပါက ၎င်းလုပ်ရပ်သည် ဖယ်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ် ဥပဒေနှစ်ရပ်စလုံးကို ချိုးဖောက်ခြင်း ဖြစ်သည်။

FEMA ဝန်ထမ်းများသည် သံသယဖြစ်ဖွယ် လိမ်လည်မှုများကို အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ စစ်ဆေးရေးအရာရှိချုပ်ရုံး (OIG) သို့ သတင်းပို့ရသည်။ OIG သည် ဖြစ်နိုင်ခြေရှိသည့် လိမ်လည်မှုများကို စုံစမ်းစစ်ဆေးပြီး တရားရေးဝန်ကြီးဌာနသို့ သင့်တော်သလို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် လွှဲပြောင်းပေးသည်။ လိမ်လည်ရယူထားသည့် ငွေ၏ ပမာဏ မည်မျှပင် ဖြစ်စေကာမူ FEMA သည် လိုအပ်သလို အကြွေးပြန်လည်ကောက်ယူနိုင်မှု အစီအစဉ်များချမှတ်ကာ တစိုက်မတ်မတ် ဆောင်ရွက်မည်ဖြစ်ပြီး လိမ်ညာရယူထားသည့် အကူအညီမှန်သမျှကို ပြန်လည်သိမ်းဆည်းရယူမည် ဖြစ်သည်။

နောက်ဆုံးအချက်အလက်