alert - warning

This page has not been translated into Burmese. Visit the Burmese page for resources in that language.

Fact Sheets

In an effort to keep FEMA.gov current, please see the content archive for information prior to January 20, 2025.

သင့်အနေနှင့် သင်၏တဦးစီအတွက် အထောက်အပံ့အစီအစဉ်လျှောက်ထားမှု နှင့်ပတ်သက်ပြီး မည်သို့သော FEMA ဆုံးဖြတ်ချက်ကိုမဆို အယူခံတင်နိုင်ပါ သည်။ တခါတရံတွင် သင့်အတွက် လိုအပ်သည်များမှာ ထပ်ဆောင်း သတင်းအချက် အလက်များပေးရန်သာ ဖြစ်ပါသည်။ ဤနေရာတွင် သင်၏ FEMA သို့ အယူခံတင်သွင်းရန်အတွက် အကူအညီ ဖြစ်စေမည့် အကြံပြုချက်များဖော်ပြထားပါသည်။

illustration of page of paper Release Date:

သင်သည် Hurricane Helene ကြောင့် စိုက်ပျိုးရေးတွင် ဆုံးရှုံးမှုများတွေ့ကြုံ ခဲ့ရပါသလား။ ဤအချက်အလက်များ ဖော်ပြထားသောစာသည် စိုက်ပျိုးရေး ပြန်လည် ထူထောင်ရန်အထောက်ကူများအတွက် ပြည်နယ်နှင့်ဖက်ဒရယ်၏ အမျိုးအစားစုံလင်သော အထောက်အပံ့အစီအစဉ်များကို သင်သိရှိနိုင်စေရန် အကူအညီ ဖြစ်စေပါလိမ့်မည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အကျိုးအမြတ်မယူသော အသင်းအဖွဲ့များ သည် သင်၏ပြန်လည်ထူထောင်ရေး ကြိုးစားအားထုတ်မှုကို ကူညီပေးရန် ထပ်မံ၍ရင်းမြစ်များကို ကမ်းလှမ်းပါလိမ့်မည်။

illustration of page of paper Release Date:

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေရေးရာဝန်ဆောင်မှုအစီအစဥ် (DLS)ကို Robert T Stafford ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ပေးရေးနှင့် အရေးပေါ်ကူညီမှုဥပဒေ ၊အများပြည်သူ ဥပဒေ ၉၃-၂၈၈၊ ၄၂ U.S.C. § ၅၁၈၂ တွင်လည်း စာရင်းသွင်းထားပြီး၊ ပုဒ်မ ၄၁၅ အရ ခွင့်ပြုထားပါသည်။ နိုင်ငံတော်သမ္မတက ကြီးမားသော သဘာဝဘေးအန္တရာယ်ဟုဆိုသည့် ထုတ်ပြန်ကြေညာချက်ကို မူတည်ပြီး တစ်ဦးချင်းအကူအညီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေရေးရာဝန်ဆောင်မှုအစီအစဥ် DLS ကိုလုပ်ပိုင်ခွင့်ရှိကာ အကောင်အထည် ဖော်နိုင်ပါသည်။

illustration of page of paper Release Date:

Robert T Stafford ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ပေးရေးနှင့် အရေးပေါ်ကူညီမှု ဥပဒေ၊ အများပြည်သူ ဥပဒေ ၉၃-၂၈၈၊ ၄၂ U.S.C. § ၅၁၇၇၊ ဥပဒေပြဌာန်းထားချက် ပုဒ်မ ၄၁၀ အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်လက်မဲ့ကူညီမှု အစီအစဥ်(DUA) ကိုနိုင်ငံသမ္မတကအရေးပေါ်အခြေအနေဟု ကြေညာထားသော သဘာဝဘေးအန္တရာယ်ကြီးတစ်ခုကျရောက်နေသည့် ပြည်နယ်၊ တိုင်းရင်းသားလူမျိုးစုနှင့်သီးခြားအုပ်ချုပ်ခွင့်ရ (STT) အစိုးရများအတွက် ရရှိနိုင်သည်။

illustration of page of paper Release Date:

ကြေငြာထားသည့် သဘာဝဘေးအန္တရာယ်ကြောင့် အိမ်များပျက်စီးခဲ့ရသည့် သတ်မှတ်ချက်နှင့် ပြည့်မီသော မသန်စွမ်းသည့် သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအတွက် FEMA မှ သေချာပြီး လက်လှမ်းမီနိုင်သည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှု ရရှိစေနိုင်ပါသည်။ ယခုလက်ရှိ နောက်ဆုံးအနေအထားအရ၊ သဘာဝဘေးအန္တရာယ်အတွက် အထောက်အကူ များအဖြစ် FEMA ၏ တဦးချင်းစီအတွက် အထောက်အပံ့ အစီအစဉ်များသည် ထိခိုက်ခံစားခဲ့ရသောသူများ၊ မိသားစုများနှင့် လူမှု အသိုင်းအဝိုင်းများအဖို့ ပိုမို၍ လက်လှမ်းမီစေနိုင်ခြင်းနှင့် သတ်မှတ် အရည်အချင်းပြည့်မီခြင်း ဖြစ်စေရန် အထောက်အကူပြုပါသည်။

illustration of page of paper Release Date:

အကယ်၍သင်၏အိမ်သည် Hurricane Helene ကြောင့် ထိခိုက်ပျက်စီးခဲ့ ပါက သင့်လူမှုအသိုင်းအဝိုင်း၏ဒေသဆိုင်ရာ မြေပြင်ရေလွှမ်းမိုးမှု မန်နေဂျာ သို့မဟုတ်အဆောက်အဦနှင့်ခွင့်ပြုမှုဌာနသို့ ဆက်သွယ်ပါ၊ ယင်းမှာ ပြင်ဆင်မှု များ မစတင်မီမည်သို့သော အဆင့်များသင်လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ကို ဆုံးဖြတ်ရန်အတွက် ဖြစ်သည်။

illustration of page of paper Release Date:

အကယ်၍သင်သည် ကိုယ်ပိုင်လုပ်ငန်းလုပ်သူဖြစ်ပြီး သင်၏လုပ်ငန်းအတွက် လိုအပ်သော ပစ္စည်းကိရိယာများသည် Hurricane Helene ကြောင့်ထိခိုက် ပျက်စီးမှုရှိခဲ့ပါက ယင်းတို့ကို ပြင်ဆင်ရန် သို့မဟုတ် ပြန်လည်အစားထိုးဖြည့် တင်းရန် FEMA မှ ငွေကြေးထောက်ပံ့ပေးနိုင်ပါလိမ့်မည်။ ဤအကူအညီသည် ကျယ်ပြန့်သော လျှောက်ထားသူအမျိုးအစားများ ဖြစ်သည့် လယ်သမားများ၊ အနုပညာရှင်များ၊ စက်ပြင်ကျွမ်းကျင်သူများနှင့် အခြားသော အလုပ်အကိုင်များပါဝင်နိုင်မည်ဖြစ်ပါသည်။

illustration of page of paper Release Date:

အကယ်၍ သင့်ထံတွင် ပုဂ္ဂလိကပိုင်လမ်းများ၊ တံတားများနှင့် အိမ်ဝင်ထွက် ကားလမ်း များ ရှိပြီး ယင်းတို့သည် Hurricane Helene ကြောင့် ချို့ယွင်းမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါက FEMA နှင့် အမေရိကန် အသေးစား စီးပွားရေးလုပ်ငန်းများ အုပ်ချုပ်ကွပ်ကဲမှုမှ ယင်းတို့ကို အစားထိုးရန် သို့မဟုတ်ပြင်ဆင်ရန် ငွေကြေးထောက်ပံ့မှု ပေးနိုင်ပါသည်။

illustration of page of paper Release Date:

Hurricane Helene ပြီးသည့်နောက် FEMA အထောက်အပံ့ကို လျှောက် ထားနေစဥ်အချိန်အတွင်း သင့်အနေနှင့်ကိုယ်ရေးသက်သေခံ၊ ပိုင်ဆိုင်မှုနှင့် နေထိုင်မှုနှင့်အခြားသော သက်သေအထောက်အထား စာရွက်စာတမ်းများ ပေးရန် လိုအပ်ပါလိမ့်မည်။ ဤနေရာတွင် မုန်တိုင်းကာလအတွင်း ပျောက်ဆုံးသွားသော သို့မဟုတ် ပျက်စီးသွားသော သင်၏ အရေးပါသည့် အထောက်အထား စာရွက်စာတမ်း များကို ပြန်လည် အစားထိုးရန်အတွက် အထောက်အကူပေးနိုင်သည့် ရင်းမြစ် အချို့ကို ဖော်ပြလိုက်ပါသည်။

illustration of page of paper Release Date:

သဘာဝဘေးအန္တရာယ်မှပြန်လည် ထူထောင် ရေးစခန်းများတွင် လူတယောက်ချင်းစီအတွက် လက်ဆောင်ကဒ်များ သို့မဟုတ် အခမဲ့စားသောက်ဖွယ်ရာများလက်ခံရရှိနိုင်သည်ဟု ကောလဟာလများထွက်ပေါ်နေပြီး ထိုအချက်အလက်များသည် မှန်ကန်ခြင်းမရှိပါ။ FEMA နှင့် မိတ်ဖက်များအနေနှင့် သဘာဝဘေးအန္တရာယ်မှပြန်လည် လွတ်မြောက်လာသူများအတွက် သဘာဝဘေးအန္တရာယ်မှပြန်လည်ထူထောင် ရေးစခန်းများတွင်ရရှိနိုင်သော ဝန်ဆောင်မှုများနှင့် ရင်းမြစ်များအကြောင်း သတင်းအချက်အလက်များကိုရရှိရာတွင်မှန်ကန်စွာရရှိကြောင်းသေခြာစေလိုပါသည်။

illustration of page of paper Release Date: