သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေရေးရာဝန်ဆောင်မှုများ

Release Date:
နိုဝင်ဘာလ 13, 2024

သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေရေးရာဝန်ဆောင်မှုအစီအစဥ် (DLS)ကို  Robert T Stafford ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ပေးရေးနှင့် အရေးပေါ်ကူညီမှုဥပဒေ ၊အများပြည်သူ ဥပဒေ ၉၃-၂၈၈၊ ၄၂ U.S.C. § ၅၁၈၂ တွင်လည်း စာရင်းသွင်းထားပြီး၊  ပုဒ်မ ၄၁၅ အရ ခွင့်ပြုထားပါသည်။ နိုင်ငံတော်သမ္မတက ကြီးမားသော သဘာဝဘေးအန္တရာယ်ဟုဆိုသည့် ထုတ်ပြန်ကြေညာချက်ကို မူတည်ပြီး တစ်ဦးချင်းအကူအညီနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေရေးရာဝန်ဆောင်မှုအစီအစဥ် DLS ကိုလုပ်ပိုင်ခွင့်ရှိကာ အကောင်အထည် ဖော်နိုင်ပါသည်။

 သဘာဝဘေးသင့်ခဲ့ပြီး ဥပဒေရေးရာ အကူအညီလိုအပ်နေသည့် သဘာဝဘေးမှ လွတ်မြောက်လာသူများကို DLS က ကိုယ်ရေးကိုယ်တာများကို လျှို့ဝှက်ထိန်းသိမ်းကာ ဥပဒေဆိုင်ရာအကူအညီများ အခမဲ့ပေးပါသည်။ သို့ ရာတွင် ယခုကူညီမှုသည် ခိုင်မာအားကိုးရသည့် ဥပဒေရေးရာ အကူအညီအတွက် ငွေကြေးမတတ်နိုင်သူများအတွက်သာ ရည်ရွယ်ပါသည်။ DLS အကူအညီကို တစ်ဦးချင်းစီ ရယူလိုသူများအတွက် တရားဝင် လျှောက်လွှာတင်ဖို့မလိုပါ။ ယင်းအစီအစဥ်ကို စတင်ခွင့်ပြုလိုက်ကတည်းက ဆက်သွယ်ရန်ဖုန်း နံပါတ်များကို စီစဥ်ပေးထားပြီးဖြစ်သဖြင့် လူတစ်ဦးချင်းအနေဖြင့် ယခုဝန်ဆောင်မှုကို သဘာဝဘေးအန္တရာယ်ကြီးများအတွက် အထူးဖုန်းနံပါတ်များကို ခေါ်ဆို ဆက်သွယ်ခြင်းဖြင့် ရယူနိုင်ပါသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ်များ စီစဥ်ပေးထားသည့်အပြင် FEMA ၏သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးစင်တာတွေမှာ ရှိနေနိုင်သည့် ရှေ့နေများထံသို့ လူကိုယ်တိုင်သွားရောက်တွေ့ဆုံနိုင်သည်။

ထိုအစီအစဉ်သည် လူမျိုး၊ အသားအရောင်၊ ဘာသာရေး၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်မစွမ်း၊ အင်္ဂလိပ်စာကျွမ်းကျင်မှု သို့မဟုတ် စီးပွားရေး အခြေအနေကြောင့် ခွဲခြားဆက်ဆံမှုမရှိဘဲ မျှမျှတတနှင့် သမာသမတ်ကျစွာဖြင့် ဝန်ဆောင်မှုပေးပါမည်။DLS မှ ပံ့ပိုးပေးသူများအနေဖြင့်လည်း အင်္ဂလိပ်စာကျွမ်းကျင်မှု အကန့်အသတ်ရှိသူများ၊ နားမကြားသူများ သို့မဟုတ် နားသိပ်မကြားရဘဲ လက်ဟန်ပြဘာသာစကား သို့မဟုတ် စာတန်းထိုးခြင်းကိုသုံးမှသာနားလည်နိုင်သည့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန်စီစဉ်ရမည်။

အကျိုးဆောင်ရှေ့နေများသည် စေတနာ့ဝန်ထမ်းများဖြစ်ပြီး သဘာဝဘေးဒဏ်မှ လွတ်မြောက်လာသူများအား ဥပဒေရေးရာ အကြံဉာဏ်များနှင့် ၊ အခြားအကြံဉာဏ်များ ပေးကြပြီး၊ သင့်လျော်သလို အခကြေးငွေမယူဘဲ ဗဟိုအစိုးရကို ဆန့်ကျင်ခြင်းမရှိသောအမှုများတွင် တရားရေးဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် ဆောင်ရွက်ပေးပါသည်။ DLS မှ ရှေ့နေများသည် FEMA ၏ ဝန်ထမ်းများမဟုတ်ကြပါ။ သဘာဝဘေးဒဏ်မှလွတ်မြောက်လာသူနှင့် DLS ရှေ့နေကြားရှိ မည်သည့်ဝန်ဆောင်မှုများကို ဖြစ်စေ စကားပြောဆိုမှုများကို ဖြစ်စေ လျှို့ဝှက်ထားမှာဖြစ်ပြီး FEMA နှင့် မျှဝေအသိပေးမည်မဟုတ်ပါ။ DLS မှ အကျိုးဆောင်စေတနာဝန်ထမ်းရှေ့နေများက အကူအညီပေးရမည့် ဥပဒေဆိုင်ရာ အကြောင်းအရာနှင့်ပတ်သက်ပြီး စိုးရိမ်မှုကြောင့်ဖြစ်စေ ဆောင်ရွှက်ပေးရမည့် အချိန်ကြောင့်ဖြစ်စေ မကူညီနိုင်ပါက သဘာဝဘေးဒဏ်မှလွတ်မြောက်လာသူများကို အခကြေးငွေမယူဘဲ လိုက်ပေးသည့် သို့မဟုတ် ရှေ့နေစရိတ် သက်သာသည့် သီးခြားလွတ်လပ်သည့် အကျိုးဆောင်ရှေ့နေ့များထံကို ယင်းဒေသရှိ ဥပဒေရေးရာ အကြံပြုဝန်ဆောင်မှုကွန်ရက်မှ တဆင့်လွှဲပြောင်းပေးမည်ဖြစ်ပါသည်။ DLSA ၏ဥပဒေရေးရာ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီးပိုမိုသိရှိလိုပါက ယခုဝဘ်ဆိုက် လင့်မှာ သွားရောက်ကြည့်ရှုနိုင်ပါသည်။ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေရေးရာဝန်ဆောင်မှုအစီအစဉ် (americanbar.org).

DLS မှတဆင့် ပေးဆောင်သော ဝန်ဆောင်မှုများမှာ-

  • ဆရာဝန်နှင့် ဆေးရုံဆိုင်ရာကုသမှုစရိတ်အတွက် ငွေကြေးတောင်းခံမှုများ၊ ပစ္စည်းဆုံးရှုံးမှု၊ အသက်ဆုံးရှုံးမှု စသည်တို့အတွက် အာမခံလျော်ကြေးတောင်းခံခြင်း။
  • သဘာဝဘေးအန္တရာယ်မှာ ဆုံးရှုံးသွားသည့် သေတမ်းစာများနှင့် အခြားဥပဒေဆိုင်ရာစာရွက်စာတမ်းများကိုအသစ်ပြန်လည်ရေးသားခြင်း 
  • အိမ်ပြင်ဆင်ရေးဆိုင်ရာစာချုပ်များနှင့် ကန်ထရိုက်တာများအတွက် အကူအညီပေးခြင်း။
  • အိမ်ရှင်/အိမ်ငှားကိစ္စများနှင့်ဆွေးနွေးခြင်းနှင့် အကြံဉာဏ်ပေးခြင်း။
  • အုပ်ထိန်းမှုနှင့်ထိန်းသိမ်းစောင့်ရှောက်မှုအပါအဝင်အိမ်ခြံမြေစီမံခန့်ခွဲမှု။
  • စားသုံးသူအကာအကွယ်ပေးရေးကိစ္စများ၊ နည်းလမ်းကုထုံးများနှင့် လုပ်ထုံးလုပ်နည်းများကို ကူညီပေးခြင်း။
  •  ရှေ့နေကိုယ်စားလှယ်စာလွှဲခြင်းနှင့် တရားဝင်အုပ်ထိန်းခွင့်ဆိုင်ရာ ကိစ္စများ ကိုပြင်ဆင်ပေးခြင်း။
  •  FEMA အယူခံလွှာလျှောက်ထားမှုအတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများကို စိစစ်ပေးခြင်းနှင့်စုဆောင်းပေးခြင်း။
Tags:
နောက်ဆုံးသတင်း