Robert T Stafford ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အထောက်အပံ့ပေးရေးနှင့် အရေးပေါ်ကူညီမှု ဥပဒေ၊ အများပြည်သူ ဥပဒေ ၉၃-၂၈၈၊ ၄၂ U.S.C. § ၅၁၇၇၊ ဥပဒေပြဌာန်းထားချက် ပုဒ်မ ၄၁၀ အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်လက်မဲ့ကူညီမှု အစီအစဥ်(DUA) ကိုနိုင်ငံသမ္မတကအရေးပေါ်အခြေအနေဟု ကြေညာထားသော သဘာဝဘေးအန္တရာယ်ကြီးတစ်ခုကျရောက်နေသည့် ပြည်နယ်၊ တိုင်းရင်းသားလူမျိုးစုနှင့်သီးခြားအုပ်ချုပ်ခွင့်ရ (STT) အစိုးရများအတွက် ရရှိနိုင်သည်။
FEMA နှင့် ပူးပေါင်းပြီး အမေရိကန်ပြည်ထောင်စု အလုပ်သမားဝန်ကြီးဌာနသည် DUA အစီအစဉ်ကို ကြီးကြပ်ပါသည်။ သမ္မတမှ ကြီးမားသောသဘာဝဘေးအဖြစ် ကြေညာပြီးနောက်၊ FEMA သည် DUA အကျိုးခံစားခွင့်များ ပေးချေရန်အတွက် အမေရိကန်ပြည်ထောင်စုအလုပ်သမားဌာနသို့ ရန်ပုံငွေ ထောက်ပံ့ပေးပြီး DUA အကျိုးခံစားခွင့်များနှင့် ဆက်စပ်သော စီမံခန့်ခွဲရေးစရိတ်များအတွက် နိုင်ငံတော်ကို ပြန်လည်ပေးချေသည်။
အမေရိကန်အလုပ်သမားဝန်ကြီးဌာနဝန်ကြီးသည် DUA အစီအစဉ်ကို စီမံခန့်ခွဲရန်နှင့် DUA အကျိုးခံစားခွင့်ပေးငွေများကို ဆောင်ရွက်ရန် တာဝန်ရှိသည်။ DUA အစီအစဥ်အတွက် အကောင်အထည်ဖော်မှု သတ်မှတ်ချက်များကို ၂၀ C.F.R. အပိုင်း ၆၂၅ တွင် တွေ့ရပါသည်။
DUA ကို ပြည်နယ် သို့မဟုတ် နယ်မြေဆိုင်ရာ[1] အလုပ်လက်မဲ့အာမခံ အေဂျင်စီက စီမံခန့်ခွဲပါသည်။ ရန်ပုံငွေလက်ခံရရှိပြီးသည်နှင့်၊ အလုပ်လက်မဲ့အာမခံအေဂျင်စီသည် သဘာဝဘေးအန္တရာယ်ကြီး သက်ရောက်သည့်ဒေသတခွင်တွင် ၎င်းတို့ထံမှ ခံစားခွင့်လျှောက်ထားရယူနိုင်သည့်အစီအစဥ်ကို အများပြည်သူသိရှိရန် ထုတ်ပြန်ပေးမည်ဖြစ်သည်။ သတ်မှတ်ချက်အရည်အသွေးနှင့် ကိုက်ညီသည့် လျှောက်ထားသူများအတွက် ပေးငွေများကို ကြေငြာချက် ထုတ်ပြန်သည့်မှ နောက် ၂၆ ပတ်အထိ ထုတ်ပေးမည်ဖြစ်ပါသည်။ ကြေငြာထားသောသဘာဝဘေးအန္တရာယ်ဖြစ်ရပ်၏ တိုက်ရိုက် အကျိုးဆက်ကြောင့် တစ်ဦးချင်းစီ အလုပ်လက်မဲ့ဖြစ်ခဲ့ရမှုသည် ၂၆ ပတ်အတွင်းဖြစ်ရပါမည်။
အထွေထွေလိုအပ်ချက်များ
DUA အတွက်သတ်မှတ်အရည်အချင်းပြည့်မီရန်၊ တစ်ဦးချင်းစီသည်
- သက်သေခံကတ်ပြား အထောက်အထားတင်ပြနိုင်ရမည်။
- အမေရိကန် နိုင်ငံသား၊ နိုင်ငံသား မဟုတ်သော ဌာနေတိုင်းရင်းသား သို့မဟုတ် အရည်အချင်းပြည့်မီသော အမေရိကန်နိုင်ငံသား မဟုတ်သူ ဖြစ်ရမည်။
- DUA အစီအစဥ် လျှောက်ထားနိုင်ကြောင်း ကြေငြာချက်ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဒေသတွင်းအလုပ်လက်မဲ့အာမခံအေဂျင်စီထံတွင် DUA[2]အစီအစဥ်အတွက် လျှောက်လွှာတင်ရမည်။
- ပုံမှန်အလုပ်လက်မဲ့ အာမခံအတွက် သတ်မှတ်အရည်အချင်း မမီသူဖြစ်ရမည်။
- သဘာဝဘေးအန္တရာယ်ကြီးကျရောက်မှုကြောင့်
- တိုက်ရိုက်အကျိုးဆက်အဖြစ် လုံးဝအလုပ်လက်မဲ့ ဖြစ်သွားသူ သို့မဟုတ် တစ်စိတ်တစ်ပိုင်း အလုပ်လက်မဲ့ ဖြစ်သွားသူဖြစ်ရမည်။
- သဘာဝဘေးအန္တရာယ်ကျရောက်မှုကြောင့်ထိခိုက်
- ဒဏ်ရရခြင်းမရှိပါက အလုပ်လုပ်နိုင်သူ ဖြစ်ရမည်။
- သင့်လျော်သောရာထူးဖြင့် အလုပ်အကိုင်ကမ်းလှမ်းမှုကို ငြင်းပယ်ခြင်းမပြုသူဖြစ်ရမည်။
အလုပ်လက်မဲ့ဟုသတ်မှတ်သည့် အခြေအနေများ
လျှောက်ထားသူများသည် သဘာဝဘေးအန္တရာယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်း သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်းများမလုပ်နိုင်နိုင်ခြင်းတို့တွင် အောက်ပါအခြေအနေများနှင့် ကိုက်ညီရမည်။
- သဘာဝဘေးအန္တရာယ်ကြီးမားစွာကျရောက်ခဲ့သည့်နေ့
- နောက်ပိုင်းတွင်အလုပ်လက်မဲ့ တစ်ပတ်အတွေ့အကြုံရှိရမည်။
- လျှောက်ထားသူသည် သူ၏လုပ်ငန်းခွင်သို့ သွားရောက်လို့ မရနိုင်သူဖြစ်ရမည်။
- အလုပ်စတင်ရန် စီစဉ်ထားသော်လည်း သဘာဝဘေးအန္တရာယ်ကြီးကြောင့် အလုပ်လုပ်ဖို့မရှိတော့သူ သို့မဟုတ် အလုပ်ကိုသွားရောက်လုပ်ဖို့မဖြစ်နိုင်တော့သူ ဖြစ်ရမည်။
- သဘာဝဘေးအန္တရာယ်တိုက်ရိုက်ထိခိုက်မှုကြောင့် အိမ်ထောင်ဦးစီးဖြစ်သူသေဆုံးခဲ့ပြီးနောက် အိမ်ထောင်စုအတွက် အဓိကထောက်ပံ့ရသည့်နေရာသို့ရောက်လာသူဖြစ်ရမည်။
- သဘာဝဘေးအန္တရာယ်တိုက်ရိုက်ထိခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလုပ်မလုပ်နိုင်သူဖြစ်ရမည်။
သဘာဝဘေးအန္တရာယ်ကြီးကျရောက်မှုကြောင့်ဗဟိုအစိုးရ ပြည်နယ်နှင့် ဒေသန္တရ အစိုးရများမှ ဘေးအန္တရာယ် ကျရောက်ရာနယ်မြေတွင်း ပျက်စီးထိခိုက်ခြင်း။ ဖျက်ဆီးခံရခြင်း နှင့် ပိတ်သိမ်းလိုက်သောလုပ်ငန်း အဖွဲ့အစည်းများရှိပြီးထိုအလုပ်ရှင် တို့ထံတွင်လုပ်ရသည့်အလုပ်နှင့် ဝင်ငွေများလျော့နည်းလာခြင်း (သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးချင်းစီ၏ လုပ်ငန်း များမှ ဝင်ငွေများဆုံးရှုံးခြင်း)
ပိုင်ဆိုင်မှုပစ္စည်းများ သို့မဟုတ် သီးနှံများ ပျက်စီးခြင်းကြောင့် ငွေကြေးဆုံးရှုံးရသည့် တစ်ဦးချင်းစီတို့သည် DUA အစီအစဥ်ကို အလိုအလျောက် ခံစားခွင့်မရနိုင်ပါ။
လျှောက်ထားသူများသည် သက်ဆိုင်ရာ အလုပ်လက်မဲ့ အာမခံပေးရေးအေဂျင်စီမှ သတ်မှတ်ထားသည့် ပုံစံအတိုင်း (DUA) အတွက် လျှောက်လွှာကို တင်သွင်းရပါမည်။ သက်ဆိုင်ရာ အလုပ်လက်မဲ့အာမခံပေးရေးအေဂျင်စီ၏ လုပ်ထုံးလုပ်နည်းအတိုင်း ကိုယ်တိုင်သွား၍လျှောက်ထားခြင်း၊ စာတိုက်ဖြင့်၊ ဖုန်းဖြင့်၊ သို့မဟုတ် အင်တာနက်မှတဆင့် တင်သွင်းနိုင်ပါသည်။
အခြားပြည်နယ်၊ တိုင်းရင်းသား လူမျိုးစုဒေသ သို့မဟုတ် သီးခြားအုပ်ချုပ်ခွင့်ရ နယ်မြေများသို့ ပြောင်းရွှေ့ခြင်း သို့မဟုတ် နေရာမှဖယ်ရှားခြင်းခဲ့ရသော ကာယကံရှင်များသည် သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသ သို့မဟုတ် လက်ရှိရောက်ရှိနေထိုင်ရာဒေသရှိ အလုပ်လက်မဲ့ အာမခံပေးရေး အေဂျင်စီသို့ အကျိုးခံစားခွင့်ဆိုင်ရာ လျှောက်ထားရန် ညွန်ကြားချက်နှင့် အကူအညီ ရယူဖို့ဆက်သွယ်သင့်ပါသည်။
DUA အစီအစဥ်နှင့်ပတ်သက်သည့် နောက်ထပ်သတင်း အချက်အလက်များရယူရန်အတွက် အမေရိကန်အစိုးရ အလုပ်သမားဝန်ကြီးဌာန ဖုန်းနံပတ် 1-866-487-2365 သို့မဟုတ် သင့် ပြည်နယ် သို့မဟုတ်သီးခြားအုပ်ချုပ်ခွင့်ရဒေသရှိ အလုပ်လက်မဲ့ အာမခံ အေဂျင်စီသို့ ဆက်သွယ်နိုင်သလိုDepartment of Labor’s DUA website. သွားရောက်ကြည့်ရှုနိုင်ပါသည်။
ရာထူးတာဝန်နှင့် ဝတ္တရားများ
ခွဲခြားဆက်ဆံခြင်းမပြုရ
FEMA ဘေးအန္တရာယ်ဆိုင်ရာအကူအညီပေးမှုများအားလုံးသည် အရည်အချင်းပြည့်မီသော ၊လိုအပ်ချက်များနှင့်ကိုက်ညီသော သဘာဝဘေးဒဏ်ထိခိုက်ခံစားရသောအိမ်ထောင်စုများအတွက် ရရှိနိုင်ပါသည်။ မည်သည့်အစိုးရအဖွဲ့အစည်း သို့မဟုတ် အရာရှိ (သို့မဟုတ် ၎င်းတို့၏ကိုယ်စားလှယ်) သည် လူမျိုး၊ အသားအရောင်၊ ဘာသာရေး၊ အသက်၊ နိုင်ငံသား၊ လိင်၊ မသန်စွမ်းမှု၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှု သို့မဟုတ် စီးပွားရေးအခြေအနေအပေါ်အခြေခံ၍ မည်သူ့ကိုမျှ ခွဲခြားဆက်ဆံခြင်းမပြုရပါ။
စာရွက်စာတမ်း
လူတစ်ဦးချင်းစီသည် အလုပ်အကိုင် သို့မဟုတ် ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ရန် သို့မဟုတ် သဘာဝဘေးအန္တရာယ်ကြီး ကျရောက်သည့်နေ့ သို့မဟုတ် ထို့နေ့အပြီးတွင် စတင်ဖို့စီစဥ်ထားသည့်အလုပ်အစီအစဥ်များကို တင်ပြရန် လိုအပ်ပါသည်။ အကျိုးခံစားခွင့်လျှောက်ထားချိန်တွင် ထိုအလုပ်အကိုင်အစီအစဥ်နှင့်ပတ်သက်၍ လျှောက်လွှာတင်ချိန်တွင်စာရွက်အထောက်အထားမတင်ပြနိုင်ပါက လျှောက်ထားသည့်နေ့မှ နောက်ရက်ပေါင်း ၂၁ ရက်အတွင်း လိုအပ်သောစာရွက်စာတမ်းများကို တင်ပြနိုင်ပါသည်၊ ၂၁ ရက်အတွင်း စာရွက်စာတမ်းတင်ပြနိုင်ခြင်းမရှိပါက DUAက အစီအစဥ်လျှောက်ထားမှုကို ငြင်းပယ်နိုင်ပါသည်။ ထိုအပြင်လက်ရှိ ခံစားခွင့်ရရှိနေပြီးဖြစ်ပါကလည်း ထိုလက်ခံရယူ ထားသည့်ပမာဏကို အပိုပေးမိသည့် ငွေကြေးအဖြစ်သတ်မှတ်ပြီး ပိုပေးမိသည့်ငွေပမာဏကို ပြန်လည်ပေးသွင်းရမည်ဖြစ်ပါသည်။
ထပ်ဆောင်းမှတ်ချက်များ
၁၊ တိုင်းရင်းသားမျိုးနွယ်စုတစ်ခုသည် သမ္မတ၏ သဘာဝဘေးအန္တရာယ်ကြီးအဖြစ်ကြေငြာချက်နှင့်အတူ တစ်ဦးချင်းအကူအညီ IA ကိုလက်ခံရရှိသည်။ DUA ကို တောင်းဆိုပြီးရရှိသည်ဟုအတည်ပြုပါက သူတို့လူမျိုးစုဌာနချုပ်တည်ရှိရာ ပြည်နယ်မှတစ်ဆင့် DUA ပရိုဂရမ်ကို စီမံခန့်ခွဲပါသည်။ အတည်ပြုထားသည့် မည်သည့်ရပိုင်ခွင့်ငွေကြေးကိုမဆို ထိုပြည်နယ် သို့မဟုတ် သီးခြားအုပ်ချုပ်ခွင့်ရဒေသနယ်မြေမှ ပုံမှန်အလုပ်လက်မဲ့အာမခံကြေးတောင်းဆိုမှုများကိုလုပ်ပေးသည့် အလုပ်သမားအေဂျင်စီမှ တဆင့် ဆောင်ရွက်ပေးပါသည်။
၂။ ရက်ပေါင်း ၃၀ သည် လျှောက်ထားရက်သတ်မှတ်ထားသည့် ကာလနောက်ဆုံးရက်ဖြစ်သော်လည်း၊ သဘာဝဘေး၏ထူးခြားသောအခြေအနေများအောက်တွင်၊ အမေရိကန်အစိုးရ အလုပ်သမားဝန်ကြီးဌာနသည် နောက်ဆုံးရက်ကို သက်တမ်းတိုးနိုင်ပါသည်။ သဘာဝဘေးမှလွတ်မြောက်သူများသည် လျှောက်ထားရန် နောက်ဆုံးသတ်မှက်ရက်ကို အတည်ပြုရန် ၎င်းတို့၏ ဒေသဆိုင်ရာ အလုပ်လက်မဲ့ သို့မဟုတ် အလုပ်သမား အေဂျင်စီနှင့် တိုင်ပင်သင့်ပါသည်။