ကပ်ဘေးအကူအညီလျှောက်ထားချိန်တွင် သင့်အတွက် အကျုံးဝင်သည့် အကူအညီကို ရရှိကြောင်း သေချာစေရန် အတွက် FEMA က သင်၏အထောက်အထားကို စိစစ်ရပါသည်။ အကယ်၍ အများပြည်သူ ရနိုင်သည့် မှတ်တမ်းမှတ်ရာများမှတစ်ဆင့် FEMA က သင့်အထောက်အထားကို မစိစစ်နိုင်ပါက ထပ်ဆောင်း မှတ်တမ်းမှတ်ရာများ ပေးပို့ရန် သင့်အား တောင်းဆိုနိုင်ပါသည်။
အထောက်အထားစိစစ်ရန် လက်ခံနိုင်သည့် စာရွက်စာတမ်းများ
သင့်အထောက်အထားကို အတည်ပြုနိုင်ရန်အတွက် FEMA ထံသို့ အောက်ပါမှတ်တမ်း မိတ္တူများကို ပို့ပါ-
- လူမှုဖူလုံရေးဌာမှ စာရွက်စာတမ်း သို့မဟုတ် အခြား ဖယ်ဒရယ်ရုံးဌာနတစ်မှ သင်၏ လူမှုဖူလုံရေးနံပါတ် အပြည့်အစုံ သို့မဟုတ် နောက်လုံး လေးလုံးပါသည့် စာရွက်စာတမ်း၊
- ဖယ်ဒရယ် သို့မဟုတ် ပြည်နယ်က ထုတ်ပေးသော မှတ်ပုံတင်အထောက်အထား နှင့် သင်၏ လူမှုဖူလုံရေးကတ်ပြား၊
- သင်၏ လူမှုဖူလုံရေးနံပါတ် အပြည့်အစုံ သို့မဟုတ် နောက်လုံး လေးလုံးပါသည့် အလုပ်ရှင်၏ လစာပေးချေသည့် စာရွက်စာတမ်း၊
- စစ်တပ် မှတ်ပုံတင်၊
- လက်ထပ်စာချုပ် (လက်မထပ်မီ အမည်ကို အတည်ပြုရန်)၊ သို့မဟုတ်
- ယူအက်စ် နိုင်ငံကူးလက်မှတ်။
အမေရိကန်နိုင်ငံသား အသက် ၁၈နှစ်အောက် ကလေးကိုယ်စား လျှောက်ထားခြင်း ဖြစ်ပါက အောက်ပါတို့ကို FEMA ထံသို့ ပို့ပါ-
- အထက်ပါ စာရွက်စာတမ်းများသည့် ကလေး၏ အမည်ဖြင့် ဖြစ်ပါက ၎င်းတို့ကို ပို့ပါ၊ သို့မဟုတ်
- ကလေးမွေးစာရင်း နှင့် သူ၏ လူမှုဖူလုံရေးကတ်ပြား၏ မိတ္တူ သို့မဟုတ် လူမှုဖူလုံရေးဌာမှ စာရွက်စာတမ်း သို့မဟုတ် အခြား ဖယ်ဒရယ်ရုံးဌာနတစ်မှ ကလေး၏ လူမှုဖူလုံရေးနံပါတ် အပြည့်အစုံ သို့မဟုတ် နောက်လုံး လေးလုံးပါသည့် စာရွက်စာတမ်း။
သင်၏ စာရွက်စာတမ်းများအား မည်သို့ ပေးပို့မလဲ
စာရွက်စာတမ်းများအားလုံးကို FEMA ထံသို့ အောက်ပါထဲမှ တစ်နည်းနည်းဖြင့် ပို့နိုင်သည်-
- သင်၏ DisasterAssistance.gov အကောင့်သို့ ထည့်သွင်းပါ၊
- ဤလိပ်စာသို့ စာဖြင့်ပို့ပါ- FEMA National Processing Service Center, P.O. Box 10055, Hyattsville, MD 20782-7055၊
- ဤနံပါတ်သို့ ဖက်စ်ထိုးပါ - 800-827-8112၊ သို့မဟုတ်
- ကပ်ဘေးပြန်လည်ထူထောင်ရေးဌာနတွင် လူကိုယ်တိုင် ပေးအပ်ပါ။ သင့်အနီးရှိ ဌာနတစ်ခုကို ရှာရန် fema.gov/drc. သို့သွားပါ။
သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။