FEMA ၏ဆုံးဖြတ်ချက်ကို အယူခံတင်ရန်အတွက် အကြံပြုချက် ၈ ခု

Release Number:
FS-14
Release Date:
ဇန်နဝါရီလ 23, 2025

သင့်အနေနှင့် သင်၏တဦးစီအတွက် အထောက်အပံ့အစီအစဉ်လျှောက်ထားမှု နှင့်ပတ်သက်ပြီး မည်သို့သော FEMA ဆုံးဖြတ်ချက်ကိုမဆို အယူခံတင်နိုင်ပါ သည်။ တခါတရံတွင် သင့်အတွက် လိုအပ်သည်များမှာ ထပ်ဆောင်း သတင်းအချက် အလက်များပေးရန်သာ ဖြစ်ပါသည်။ ဤနေရာတွင် သင်၏ FEMA သို့ အယူခံတင်သွင်းရန်အတွက် အကူအညီ ဖြစ်စေမည့် အကြံပြုချက်များဖော်ပြထားပါသည်။

အကြံပြုချက် ၁ သင်တင်ပြရမည့် နောက်ဆုံးရက်ကို သိရှိထားပါ။

သင့်အနေနှင့် FEMA၏ဆုံးဖြတ်ချက်စာတွင် ရေးထားသည့် နေ့စွဲမှ ရက် ၆၀ အတွင်း သင်၏အယူခံကို တင်သွင်းရပါမည်။ သင့်တွင်ရှိသော ပြက္ခဒိန်တွင် ထို နောက်ဆုံးရက်ကို ဝိုင်းထားပါ သို့မဟုတ် သင်ကိုယ်တိုင် အမှတ်အသား တခုအဖြစ် ရေးထားပါ၊ ပြီးလျှင်သင်၏ ရေခဲသေတ္တာတွင် ကပ်ထားပါ သို့မဟုတ် သင့်ကားထဲရှိ ပစ္စည်းထည့်ရာ နေရာတွင် ထည့်ထားပါ။ 

အကြံပြုချက် ၂ သင့်အဘယ်ကြေင့် FEMA အထောက်အပံ့အတွက် ခွင့်ပြချက်မရကြောင်းကို သင့်အနေနှင့် အယူခံ မတင်သွင်းမီ နားလည်သိရှိထားပါ။

သင်သည် FEMA ၏ ဆုံးဖြတ်ချက်ကို သဘောမတူဘဲ ဖြစ်နိုင်ပါသည်၊ သို့သော် သင့်ကို အားပေးတိုက်တွန်းလိုသည်မှာ FEMA၏စာကို သေချာစွာ ဖတ်ရှုရန်၊ ပြီးလျှင် အဘယ်ကြောင့် သင့်အားခွင့်မပြုကြောင်းကို လေ့လာထားရန် ယင်းတွင် အရိုးရှင်းဆုံးဖြစ်နိုင်သည့်အချက်မှာ အထောက်အထား စာရွက် စာတမ်း သို့မဟုတ် သတင်းအချက်အလက်လိုအပ်နေခြင်းဖြစ်နိုင်ပါသည်။ FEMA စာကို အစမှအဆုံးတိုင်ဖတ်ရှုပြီး အေဂျင်စီက သင့်ထံမှဘာလိုအပ် နေသည်ကို ကြည့်ပါ။

အကြံပြုချက် ၃ သင်၏ အယူခံကို အထောက်အကူပေးမည့် အထောက်အထားများ ထည့်သွင်းပါ။

သင်၏အယူခံအတွက် အကြောင်းပြချက်ကို အထောက်အကူပြုမည့် အထောက်အထားများ ထည့်သွင်းပါ။ အရေးကြီးသည်မှာ FEMA က တောင်းခံထားသည့် မည်သည့် အထောက် အထားမဆို ထည့်သွင်းပါ။ ဥပမာအားဖြင့် ပါရှိနိုင်သည်များမှာ

  • သင်၏အာမခံကုမ္ပဏီမှ သင့်အပေါ်အကျုံးဝင်မှုကို ပြသည့် အထောက် အထားနှင့် /သို့မဟုတ် မရှိမဖြစ်လိုအပ်သော အိမ်ပြင်ဆင်စရိတ် တွက်ချက်မှု သည် လောက်ငှမှုမရှိကြောင်း၊ အချို့သောအရာများအတွက် အစားထိုးရန် သို့မဟုတ် နေထိုင်ရန် နေရာတခု ထောက်ပံ့ပေးရန် FEMA အနေနှင့် အိမ်ပိုင်ရှင် သို့မဟုတ် အိမ်ငှားများတို့သည် အာခံလုပ်ငန်း တခုမှ အကျိုးခံစားခွင့်လက်ခံရရှိပြီးဖြစ်ပါက ထပ်တူ အကျိုးခံစားခွင့်ကို ပေးလိမ့်မည်မဟုတ်ပါ။
  • နေထိုင်မှု သက်သေခံများ ယင်းပျက်စီးသည့်အိမ်သည် ဟာရီကိန်း Helene မတိုင်မီ သင်မူလနေထိုင် သည့် အိမ် သို့မဟုတ် ငှားထားသည့် နေရာဖြစ်ကြောင်းပြသသည့်အနေနှင့် ရေခမီးခဆောင်ထားသည့် စာရွက် မိတ္တူများ၊ ယာဉ်မောင်းလိုင်စင် သို့မဟုတ် အငှားစာချုပ်
  • ပိုင်ဆိုင်မှု သက်သေခံ အိမ်ချေးငွေ သို့မဟုတ် အာမခံအထောက်အထားများ၊ အခွန်ပြေစာ သို့မဟုတ် ပိုင်ဆိုင်မှု တရားဝင် အထောက်အထားတခုခု အကယ်၍ သင်၏အထောက်အထားများ ဆံးရှုံးခြင်း သို့မဟုတ် ပျက်စီးခြင်း ဖြစ်ခဲ့ပါက ယင်းတို့ကို မည်ကဲ့သို့ ပြန်လည်အစားထိုးရန် အတွက် သတင်းချက်အလက်များသိရှိရန် usa.gov/replace-vital-documentsသို့ သွားကြည့်ပါ။

အကြံပြုချက် ၄ သင်၏ FEMA လျှောက်လွှာနံပါတ် နှင့် သဘာဝဘေးအန္ဓရာယ် နံပါတ် တို့ကို သင်ပေးပို့သည့် အထောက်အထားစာရွက်တိုင်းတွင် ပါရှိပါစေ

ကျေးဇူးပြု၍ သင်၏ FEMA လျှောက်လွှာနံပါတ်နှင့် သဘာဝဘေးအန္တရာယ် နံပါတ် (DR-4829-SC) တို့ကို သင်၏ အယူခံလွှာနှင့် သင်တင်သွင်းသည့် အထောက်အထားစာရွက်တိုင်းတွင် ရေးသားပါ။ သင်၏လျှောက်လွှာနံပါတ်ကို သင်တင်သွင်းသည့် စာမျက်နှာများတခုခြင်းစီ တွင်ရေးသားထားခြင်းသည် FEMA အနေနှင့် သင်၏ကိစ္စရပ်ကို စုစည်း ဆောင်ရွက်ရာတွင် အကူအညီဖြစ်စေပါသည်။

အကြံပြုချက် ၅ အယူခံကို သင်ကိုယ်တိုင် မပို့နိုင်ခြင်း ယင်းကို သင့်ကိုယ်စားဆောင်ရွက်ပေးမည့်သူ တစုံတဦးကို အခွင့်လွှဲအပ်ပါ။

အကယ်၍ သင့်အနေနှင့် အယူခံပေးပို့ခြင်းကို သင်ကိုယ်တိုင် ပြုလုပ်ရန် မတတ်နိုင်ပါက၊ တစုံတယောက်ကို သင့်ကိုယ်စား ဆောင်ရွက်ပေးရန် တောင်းခံနိုင်ပါသည်။ ယင်းသည် သင့်မိသားစုဝင်များထဲမှ တဦးတယောက်၊ မိတ်ဆွေတဦး သို့မဟုတ် ရှေ့နေစသဖြင့် ဖြစ်နိုင်ပါသည်။ သင့်အနေနှင့် FEMA သို့တင်ပြရန်မှာ ထိုသူသည် သင့်ကိုယ်စား အယူခံလွှာ တင်ရန်ခွင့်ပြုကြောင်းသင်ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော စာတစောင် လိုအပ်ပါလိမ့်မည်။

FEMA၏အယူခံခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သို့မဟုတ် အခြား တတိယ အသင်းအဖွဲ့တခုကို သင့်ကိုယ်စားလုပ်ဆောင်ရန် ခွင့်ပြုချက်နှင့် ပတ်သက်၍ ထပ်မံ၍ သတင်းအချက်အလက်များ လိုအပ်ပါက FEMA Helpline 800-621-3362 သို့ ဖုန်းခေါ်ပါ။ ဖုန်းလိုင်းကို နေ့စဉ်နေ့တိုင်း မနက် ၇ နာရီ မှ ည ၁၀ နာရီ အထိဖွင့် ထားပြီး ဘာသာစကားမျိုးစုံ အထောက်အကူရနိုင်ပါသည်။ အကယ်၍ သင်သည် တဆင့်ခံ ဝန်ဆောင်မှု ကို အသုံးပြုပါက ၊ဥပမာ ဗီဒီယို တဆင့်ခံ (VRS) ၊ စာတမ်းထိုးတယ်လီဖုန်း သို့မဟုတ် အခြားသော ဝန်ဆောင်မှုများ သုံးပါက FEMA ကို ထို သင်၏ ဝန်ဆောင်မှု နံပါတ်ကို ပေးပါ။

အကြံပြုချက် ၆ သင်၏ အယူခံလွှာကို စာတိုက်မှ သို့မဟုတ် ဖက်စ်ဖြင့် ပေးပို့ခြင်း

သင်၏ အယူခံတင်ခြင်းကို FEMA ဆုံးဖြတ်ချက် စာတွင်ပါသည့် နေ့မှ ရက် ပေါင်း ၆၀ အတွင်းစာတိုက်မှ သို့မဟုတ် ဖက်စ်ဖြင့် ပို့ပါ။

  • စာပို့ရန် လိပ်စာ FEMA - Individuals & Households Program National Processing Service Center, P.O. Box 10055, Hyattsville, MD 20782-8055 သို့ စာပေးပို့တင်သွင်းပါ။
  • ဖက်စ် နံပါတ် 800-827-8112 Attention: FEMA - Individuals & Households Program
    1. အကြံပြုချက် ၇ သင်၏ အယူခံလွှာနှင့် အထောက်အကူပြု အထောက်အထားများကို သင်၏ FEMA အွန်လိုင်း အကောင့်မှ တင်ပြခြင်း

FEMA အွန်လိုင်း အကောင့် ပြုလုပ်ရန် သို့မဟုတ် အထောက်အထားများကို အွန်လိုင်းမှတင်ပြရန် DisasterAssistance.gov သို့ သွားပါ၊ ပြီးလျှင် "Check Your Status" ကိုနှိပ်ပါ။ ကွန်ပြူတာတွင် ပေါ်လာသည့် အတိုင်း ဆက်လက်လုပ်ဆောင်ပါ။

အကြံပြုချက် ၈ ဆုံးဖြတ်ချက် ကို ရက် ၉၀ အတွင်း မျှော်လင့်ထားနိုင်ပါသည်။

သင်သည် အယူခံလွှာနှင့်အတူသင်၏ကိုယ်ပိုင် သီးသန့်ဖြစ်သော လျှောက်လွှာ နံပါတ် နှင့် သဘာဝဘေးအန္တရာယ်နံပါတ် (DR-4829-SC) တို့ကို အထောက်အထားစာရွက်တိုင်ပေါ်တွင် အတူပါရှိစေလျက် တင်သွင်းခဲ့သည်။ နောက်ထပ် ဘာလာမလဲ။ ဖြစ်နိုင်ခြေရှိသည်မှာ FEMA မှ ဖုန်းခေါ်ခြင်း သို့မဟုတ် စာပို့ပြီး သတင်း အချက်အလက်များ ပို၍ပေးရန် တောင်းခံခြင်း ဖြစ်နိုင်ပါသည်။ ဖြစ်နိုင်ခြေရှိသည်မှာ FEMA က သင်သည် နောက်ထပ် အိမ်ကို စုံစမ်း စစ်ဆေးမှုပြုရန် သတ်မှတ်အရည်အချင်းပြည့်မီကြောင်းဆုံးဖြတ်ခြင်း သို့မဟုတ် FEMA ၏ဆုံးဖြတ်ချက်ကို ရိုးရှင်းစွာ လက်ခံရရှိခြင်းကို သင်၏အယူခံလွှာကို FEMA မှ လက်ခံရရှိသည့် နေ့မှ ရက်ပေါင်း ၉၀ အတွင်း ရရှိပါလိမ့်မည်။

Tags:
နောက်ဆုံးသတင်း