အိမ်စစ်ဆေးခြင်း

စစ်ဆေးခြင်းမတိုင်ခင်

စစ်ဆေးခြင်းလုပ်နေစဉ်အတွင်း

စစ်ဆေးခြင်းအပြီး

ထပ်ဆောင်းအကူအညီများ

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီကို သင်လျှောက်ထားပြီးသည့်အခါ လုပ်ငန်းစဉ်၏တစ်စိတ်တစ်ပိုင်းဆောင်ရွက်မှုအနေဖြင့်ဘေးဒုက္ခကြောင့်ဖြစ်စေသော သင်၏ပျက်စီးဆုံးရှုူံမှုများကို လူကိုယ်တိုင်လာရောက်ခြင်း သို့မဟုတ် အွန်လိုင်းစစ်ဆေးခြင်းမှတစ်ဆင့်FEMAက စစ်ဆေးအတည်ပြုရမည်။ ထို့အတူ လျှောက်ထားသူများအတွက် ရရှိနိုင်မည့်ဖက်ဒရယ်အကူအညီများကို ရွေးချယ်ဆုံးဖြတ်နိုင်ရန် ကူညီပေးရမည်။

စစ်ဆေးခြင်းမတိုင်ခင်

အိမ်ပိုင်ရှင် သို့မဟုတ် အိမ်ငှား သို့မဟုတ် ပူးတွဲလျှောက်ထားသူ လူကိုယ်တိုင်ရှိနေမှသာလျှင် စစ်ဆေးမှုကိုလုပ်ဆောင်နိုင်သည်။ စစ်ဆေးရေးမှူးနှင့် တွေ့ဆုံရန် အဆင်မပြေပါက သင်၏ကိုယ်စား စစ်ဆေးရေးမှူးနှင့် တွေ့ဆုံရန် အခြားတစ်ဦးကို သင်ကခန့်အပ်နိုင်သည်။ ထိုသူအား သင့်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားကြောင်းရေးသားထားသည့်မိတ္တူကို FEMA သို့ သင်ကပေးရပါမည်။

အကယ်၍ အိမ်သည်ဝင်ရောက်၍မရနိုင်ပါက၊ စစ်ဆေးရေးမှူးသည် အိမ်မှာနေထိုင်ခြင်း/ သို့မဟုတ် အိမ်ပိုင်ဆိုင်မှုကိုအတည်ပြုရန် အိမ်လမ်းကိုပိတ်ထားသည့်နေရာ သို့မဟုတ် ကြားနေရာတနေရာတွင် လျှောက်ထားသူနှင့် တွေ့ဆုံနိုင်သည်။

Graphic
Illustration of a house

စစ်ဆေးမှုစတင်ရန် မစောင့်ဘဲ အောက်ပါတို့ကို လုပ်ဆောင်ပါ-

  • သင့်ထံတွင် အာမခံရှိပါက သင့်အာမခံကုမ္ပဏီကို လျော်ကြေးစတင်တောင်းဆိုပါ။
  • လုံခြုံဘေးကင်းစွာ လုပ်ဆောင်နိုင်မည်ဆိုပါက သန့်စင်ရှင်းလင်းခြင်းကို ယခုစတင်လုပ်ဆောင်ပါ။
  • အပျက်အစီးမှန်သမျှကို ဓာတ်ပုံရိုက်ထားပါ။
  • ပျက်စီးဆုံးရှုံးမှုများကို စာရင်းလုပ်ပါ။
  • ကပ်ဘေးကြောင့်ဖြစ်သည့် ကုန်ကျစရိတ်များကို စိစစ်နိုင်ရန် ပြေစာအားလုံးကို သိမ်းထားပါ။

သင်၏အိမ်စစ်ဆေးခံမှုအတွက် ရက်ချိန်းယူခြင်း

FEMA စစ်ဆေးရေးမှူးက ဖုန်းဆက်လာပါက

  • စစ်ဆေးရေးမှူး၏အမည်
  • ဖုန်းခေါ်ဆိုသည့်ရက်စွဲ
  • ရက်ချိန်းနှင့်တွေ့ရမည့်အချိန်
  • စစ်ဆေးရေးမှူး၏ ဖုန်းနံပါတ်တို့ကို ရေးမှတ်ထားပါ။

သင်၏စစ်ဆေးရေးမှုးမှာ မည်သူမည်ဝါ သို့မဟုတ် သူတို့တောင်းဆိုနေသောစာရွက်စာတမ်းများနှင့်ပတ်သက်၍ မေးစရာရှိပါက စစ်ဆေးအတည်ပြုရန် FEMA Helpline (800-621-3362) သို့ခေါ်ဆိုပါ။

alert - warning

သတိရပါ- FEMA ဝန်ထမ်းများနှင့် စစ်ဆေးရေးမှူးများသည် အမည်မသိ သို့မဟုတ် ကန့်သတ်ဖုန်းနံပါတ်ကနေ သင့်ကိုဖုန်းခေါ်ဆိုနိုင်ပြီး
ရက်အနည်းငယ်အတွင်း အကြိမ်ပေါင်းများစွာ ဖုန်းခေါ်ဆိုနိုင်သည်။ ပုံမှန်အားဖြင့် သူတို့သည် သင့်ကို သုံးကြိမ်တိုင်တိုင် ဆက်သွယ်ရန် ကြိုးစားပါလိမ့်မည်။

သင်၏ပျက်စီးမှုဆုံးရှုံးမှုကိုစစ်ဆေးအတည်ပြုဖို့ FEMA မှသင့်ကို ဆက်သွယ်၍မရပါက၊ သင့်ဆီသို့ သတိပေးစာတစ်စောင်ပေးပို့မည်ဖြစ်ပြီး သင်၏လျှောက်လွှာကိုလည်း ရှေ့ဆက်လုပ်ဆောင်၍မရနိုင်ပါ။

  • ထို့ကြောင့် သင့်ကိုဆက်သွယ်ရမည့်အချက်အလက်များ မှန်ကန်ကြောင်းအတည်ပြုရန်နှင့် အကူအညီလိုအပ်နေကြောင်း အတည်ပြုပေးဖို့FEMA၏ Helpline ကို သင်ကခေါ်ဆိုရမည်။
  • သဘာဝဘေးအန္တရာယ်အကူအညီကိုလျှောက်ထားမှုဆောင်ရွက်နေစဉ်အတွင်း မည်သည့်နေရာ၌မဆို လျှောက်လွှာကိုပြန်တင်ခြင်း သို့မဟုတ် လျှောက်လွှာအသစ်ထပ်လျှောက်ခြင်းမလုပ်ပါနှင့်။

သင်၏ DisasterAssistance.gov အကောင့်ကို ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သင့်လျှောက်လွှာ၏ အခြေအနေကိုကြည့်ရှုစစ်ဆေးနိုင်သည် သို့မဟုတ် FEMA ၏ စာများကိုဖတ်နိုင်သည်။

သင်၏စစ်ဆေးမှုအတွက် သင်နှင့်အတူဘယ်အရာတွေရှိနေဖို့လိုသလဲ။

စစ်ဆေးမှုခံယူချိန်တွင် အောက်ပါအချက်အလက်များ သင့်မှာအဆင်သင့်ရှိနေရမည်။

  • သင့်ဓာတ်ပုံပါသည့် အိုင်ဒီကတ်အထောက်အထား
  • စစ်ဆေးရေးမှူးက တောင်းဆိုပါက အိမ်ပိုင်ဆိုင်မှု သို့မဟုတ်နေထိုင်ကြောင်းအထောက်အထား
  • ဘေးအန္တရာယ်ကျရောက်ချိန်တွင် အိမ်တွင်နေထိုင်သော အိမ်သူအိမ်သားများစာရင်း
  • သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုအားလုံး
  • သင်၏အာမခံကတ်နှင့် စစ်ဆေးရေးမှူးမှ တောင်းဆိုထားသည့် နောက်ထပ်စာရွက်စာတမ်းများ

စစ်ဆေးမှုခံယူနေစဉ်အတွင်း

အပျက်အစီး ပမာဏပေါ် မူတည်၍ စစ်ဆေးမှုသည် ၄၅ မိနစ်ခန့် ကြာနိုင်သည်။

Graphic
A blue fema inspector with a phone to his ear

FEMA စစ်ဆေးသူများသည် ကပ်ဘေးကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးများကို သိရှိရန် လေ့ကျင့်သင်ထားထားသူများ ဖြစ်သည်။ သို့သော် သူတို့သည် သင်က အကူအညီ ရမရ ကို ဆုံးဖြတ်သူများ မဟုတ်ကြပါ။

သူတို့သည် တစ်ဦးချင်းနှင့် အိမ်ထောင်စု အစီအစဉ် အတွင်း အကျုံးဝင်နိုင်ဖွယ်ရှိသည့် အပျက်အစီးများကို စစ်ဆေးကြည့်ရှု မှတ်တမ်းတင်သည်။ ၎င်းသည် အာမခံကုမ္ပဏီ စစ်ဆေးသူ သို့မဟုတ် အခြား ကပ်ဘေး အကူအညီအစီအစဉ်များဖြစ်သည့် ယူအက်စ် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်ရေးဌာန တို့၏ စစ်ဆေးကြည့်ရှုပုံနှင့် ကွဲပြားသည်။

စစ်ဆေးရေးမှူးသည်-

  • လျှောက်ထားသူ၏အမည်၊ လိပ်စာ၊ ဆက်သွယ်ရန်အချက်အလက်၊ နေထိုင်မှုနှင့် ပိုင်ဆိုင်မှုအခြေအနေနှင့် အာမခံအကျုံးဝင်မှုကို မှန်ကန်ကြောင်းအတည်ပြုရန် ကြိုးပမ်းမည်၊
  • ထိခိုက်ပျက်စီးနေသည့်နေရာများနှင့် ထိခိုက်ပျက်စီးမှုမရှိသည့် ဧရိယာနှစ်ခုလုံး၏ အခြေအနေကို စစ်ဆေးကြည့်ရှုဖို့အိမ်တစ်ခုလုံးကို
  • လျှောက်ကြည့်ပြီး သဘာဝဘေးအန္တရာယ်ကြောင့် ပိုင်ဆိုင်မှုအစစ်အမှန် (အိမ်တည်ဆောက်ပုံဆိုင်ရာ) ထိခိုက်ပျက်စီးမှုကို မှတ်သားခြင်း။ ထိခိုက်ပျက်စီးသွားသော မရှိမဖြစ်ကိုယ်ပိုင်ပစ္စည်းများ၊ မပျက်စီးဘဲကျန်နေသော မရှိမဖြစ်ကိုယ်ပိုင်ပစ္စည်းများ(အသုံးအဆောင်များ၊ ပရိဘောဂများ စသည်ဖြင့်) အားလုံးကို မှတ်သားစာရင်းပြုစုမည်။
  • ဆေးဖိုးဝါးခကုန်ကျစရိတ်၊ ရွှေ့ပြောင်းခြင်းနှင့် စတိုခန်းသိုလှောင်မှုကုန်ကျစရိတ်များ၊သဘာဝဘေးဒဏ်ကိုကာကွယ်တုံ့ပြန်ရန်အတွက် ဝယ်ယူထားသည့်ပစ္စည်းများ၊ ယူနီဖောင်းဝတ်စုံများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့်  ကျောင်းအတွက်သို့မဟုတ်အလုပ်အတွက် လိုအပ်သောကိရိယာများ အပါအဝင် သဘာဝဘေးဒဏ်ကြောင့် ဆုံးရှုံးမှုများနှင့် ကုန်ကျစရိတ်များအကြောင်း မေးခွန်းများမေးမည်။
  • စစ်ဆေးရေးလုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း နေအိမ်၏အတွင်းပိုင်းနှင့် အပြင်ပိုင်းကို ဓာတ်ပုံရိုက်မည်။
alert - warning

ဘာအရာတွေကို စစ်ဆေးရေးမှုးက မတောင်းဘူးလဲ။

စစ်ဆေးရေးမှုးသည် သင်၏ဘဏ်စာရင်းအချက်အလက်များကို
တောင်းဆိုမည်မဟုတ်ပါ။ FEMAသည်စစ်ဆေးခအတွက်ငွေဘယ်တော့မှမတောင်းပါ။

သင်၏ ဂဏန်းကိုးလုံး မှတ်ပုံတင်နံပါတ်ကို ဘယ်တော့မှမတောင်းပါ။ သူတို့ မှတ်တမ်းထဲမှာသင်၏နံပတ်ရှိပြီးသားဖြစ်ပါသည်၊

သင်၏စစ်ဆေးရေးမှုး အကြောင်း

FEMA စစ်ဆေးရေးမှူးများအားလုံးသည် ဓာတ်ပုံပါသည့် တရားဝင်ID ကို ကိုင်ဆောင်ထားကြသည်။ ဝန်ထမ်းရှပ်အင်္ကျီ သို့မဟုတ် ဂျာကင်တစ်ခုသာ ဝတ်ထားသောသူသာ FEMA မှာ ဓာတ်ပုံပါသည့်တရားဝင်ID မရှိဟုပြောလေ့ရှိသည်။

သင့်အိမ်သို့ ရောက်ရှိလာသော စစ်ဆေးရေးမှူးတွင်  ဓာတ်ပုံပါသည့်တရားဝင် ID မရှိလျှင် သို့မဟုတ် သင့်အား  ပြသရန် ငြင်းဆိုပါက သူတို့အားအိမ်ထဲကနေ ချက်ချင်းထွက်ခိုင်းပြီး ရဲသို့ ဖုန်းခေါ်ပါ။ သင့်စစ်ဆေးရေးမှူး၏အထောက်အထားနှင့် ပတ်သက်၍ မေးစရာများရှိပါက FEMA Helpline (800-621-3362) သို့ ဖုန်းခေါ်ဆိုပါ။

သင့်ကိုစစ်ဆေးမေးမြန်းမှုအတွက်နေရာထိုင်ခင်း စီစဉ်ပေးခြင်း

သဘာဝဘေးဒဏ်မှလွတ်မြောက်လာသူများအနက် အင်္ဂလိပ်စကား မကျွမ်းကျင်သူများ၊ မသန်စွမ်းသူများ၊ တခြားလိုအပ်ချက်များရှိသည့်

ပုဂ္ဂိုလ်များနှင့် ထိထိရောက်ရောက် ဆက်သွယ်စကားပြောနိုင်အောင် ဘာသာပြန်နှင့် ASL ဆွံအနားမကြားသူများအတွက်စကားပြန်များ အပါအဝင် သင့်တော်သောနေရာထိုင်ခင်းများ ရရှိမည်ဖြစ်သည်။

Graphic
man and woman signing

သင့်ကိုစစ်ဆေးမေးမြန်းမှု အပြီးတွင်

စစ်ဆေးရေးမှူးသည် အောက်ပါမေးခွန်းများကို ဖြေဆိုပေးနိုင်မည့် အရာများကို ကြည့်ရှုမည်ဖြစ်သည်။

  • အိမ်တံခါးများ၊ အိမ်အမိုးနှင့် ပြတင်းပေါက်များ အပါအဝင် အိမ်၏အပြင်ဘက်ပိုင်း ပုံစံစနစ်တကျရှိပါသလား။
  • လျှပ်စစ်၊ ဓာတ်ငွေ့၊ အပူ၊ ရေပိုက်၊ ရေဆိုးမြောင်းနှင့် မိလ္လာစနစ် ကောင်းကောင်း အလုပ်လုပ်သလား။
  • အိမ်မျက်နှာကျက်နှင့် ကြမ်းပြင်များအပါအဝင်အိမ်၏အတွင်းပိုင်းမှာ လူနေထိုင်ဖို့ နှင့် အဆောက်အအုံဖွဲ့စည်းတည်ဆောက်ပုံအရ စနစ်တကျရှိသလား။
  • နေအိမ်သည် ၎င်း၏ ရည်ရွယ်ဆောက်လုပ်ထားသည့်အနေအထားအတိုင်း အသုံးပြုနိုင်စွမ်းရှိပါသလား။
  • အိမ်အဝင်အထွက်လုပ်ဖို့ ဘေးကင်းမှုရှိပါသလား။
  • စစ်ဆေးမှုအတွင်း စုဆောင်းရရှိသော အချက်အလက်များသည် သဘာဝဘေးဒဏ်မှ

လွတ်မြောက်လာသူသည် အကူအညီအတွက် အရည်အချင်းကိုက်ညီမှုရှိမရှိကို ဆုံးဖြတ်ရန် FEMA မှ အသုံးပြုသည့် စံနမူနာသတ်မှတ်ချက်များစွာထဲမှ တစ်ခုသာဖြစ်သည်။ စစ်ဆေးရေးမှူး လာရောက်ပြီးနောက် ၁၀ရက်အတွင်း သင်သည် FEMA ၏ အကူအညီရမည်မရမည်ဆိုသည့် ဆုံးဖြတ်မှုကို ရှင်းပြထားသည့်အဖြေ ရရှိပါမည်။

alert - info

သင်၏ DisasterAssistance.gov အကောင့်ကို ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သင့်လျှောက်လွှာ၏ အခြေအနေကိုကြည့်ရှုစစ်ဆေးနိုင်သည် သို့မဟုတ် FEMA ကစာများကိုဖတ်နိုင်သည်။

အရည်အချင်းကိုက်ညီမှုရှိမရှိ ဆုံးဖြတ်ခြင်း

အကူအညီကို သင့်အားပေးဖို့ အတည်ပြုဆုံးဖြတ်ပါက၊ သင့်လျှောက်လွှာတွင် သင်ရွေးချယ်လျှောက်ထားခဲ့သည့်အချက်အပေါ် အခြေခံပြီး US Treasury ချက်လတ်မှတ် သို့မဟုတ် ဘဏ်စာရင်းသို့တိုက်ရိုက်ပေးပို့သည့်ငွေကို ရရှိနိုင်ပါသည်။ စာထဲတွင် ရှင်းပြထားသည့်အတိုင်း နဂို ကြံစည်ရည်မှန်းထားသည့် ရည်ရွယ်ချက်အတွက် ငွေကိုသုံးစွဲသွားရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးတွင် ရရှိသောထောက်ပံ့ငွေများကို မည်ကဲ့သို့သုံးစွဲကြောင်း တင်ပြထားသည့် မှတ်တမ်းများနှင့်ငွေရပြေစာများကို အနည်းဆုံး သုံးနှစ်ကြာ သိမ်းဆည်းထားရမည်ဖြစ်သည်။ အကူအညီအထောက်အပံ့မှာ အမျိုးအစားများစွာရှိသည့်အတွက် အကူအညီတစ်ခုထက်ပိုပြီး ရကောင်းရနိုင်သည်။

အကယ်၍ သင်လျှောက်ထားသည့်အကူအညီအတွက် အတည်မပြုရသေးကြောင်း FEMA ထံမှ စာလက်ခံရရှိပါက၊ ၎င်းသည် နောက်ဆုံးဆုံးဖြတ်ချက်မဟုတ်သေးပါ။ လိုအပ်သောအချက်အလက်ထပ်မံပို့ပေးခြင်းကဲ့သို့ လျှောက်လွှာမှာလိုအပ်ချက်များကို အမြန်ပြန်ပြင်ပေးခြင်းသည် FEMA ၏ဆုံးဖြတ်ချက်ကို ပြောင်းလဲစေနိုင်သည်။

သင်၏အကူအညီလျှောက်လွှာအပေါ် FEMA ဆုံးဖြတ်ချက်ပေးထားသည့်စာကို သေချာစွာဖတ်ပါ။ စာတွင် သင်၏အကူအညီလျှောက်ထားမှုကို ဘာကြောင့် အတည်မပြုနိုင်သလဲဆိုတာကိုအဓိကရှင်းပြထားပြီး ထိုအတည်မပြုရသည့်ဆုံးဖြတ်ချက်ကို ပြောင်းလဲအောင် လုပ်ဆောင်ရမည့်အချက်များကိုအကြံပြုထားသည်။

FEMA ၏ အရည်အချင်းကိုက်ညီမှုရှိမရှိဆုံးဖြတ်ချက်များကို အယူခံဝင်ခြင်း။

အယူခံဝင်ခြင်းသည် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ချသည့်အချိန်တွင် ကျွန်ုပ်တို့ မသိရှိလိုက်သော အချက်အလက်များကို သိရှိဖို့ ယူဆောင်လာပြီး ကျွန်ုပ်တို့ဆုံးဖြတ်ချက်ကို ဘာကြောင့်သင်ကသဘောမတူနိုင်သလဲဆိုတာကို FEMA အား ပြောပြနိုင်မည့် သို့မဟုတ် နောက်ထပ်အကူအညီအတွက် FEMA သို့ အချက်အလက်ပေးပို့ရန်အတွက်  သင်၏အခွင့်အရေးဖြစ်ပါသည်။

သင်ရမည့်ငွေပမာဏအပါအဝင် ရက် ၆၀ အတွင်း  FEMA၏ အရည်အချင်းကိုက်ညီမှုရှိမရှိဆုံးဖြတ်ချက်များကိုအယူခံဝင်ခြင်း /သို့မဟုတ်လျှောက်လွှာကိုအပြီးသတ်ဖို့ တောင်းဆိုပိုင်ခွင့် သင့်မှာအခွင့်အရေးရှိသည်။

ထပ်ဆောင်း အကူအညီများ

FEMA စစ်ဆေးရေးမှူးများသည် သင့်ဆီ့ကိုစစ်ဆေးခြင်းပြီးဆုံးသည်နှင့် ၎င်းတို့သည် မေးခွန်းများကိုဖြေဆိုခြင်း သို့မဟုတ် သင်၏အချက်အလက်များကို ဝင်ရောက်ကြည့်ရှုခြင်းမပြုနိုင်ပါ။ စစ်ဆေးခြင်းပြီးဆုံးပြီးနောက် မေးစရာများရှိပါက၊ သင်သည် အနီးဝန်းကျင်ရှိ Disaster Recovery Center (DRC)တွင် FEMA အထူးကျွမ်းကျင်သူများနှင့် တိုက်ရိုက်စကားပြောနိုင်သည် သို့မဟုတ် FEMA ၏ Helpline 1-800-621-3362. သို့ ဖုန်းခေါ်မေးမြန်းနိုင်သည်။

နောက်ဆုံးသတင်း