FEMA က သင့်ဘာသာစကားကို ပြောပါသည်

Release Date Release Number
014
Release Date:
အောက်တိုဘာလ 25, 2021

နယူးယောက် FEMA သည် အင်္ဂလိပ်စကား အနည်းငယ်သာပြောတတ်သည့် သို့မဟုတ် လုံးဝမပြောတတ်သည့်  ဘေးဒဏ်ခံခဲ့ရသူများအား လက်လှမ်းမီစေရန်အတွက် ဘာသာပြန်နှင့် စကားပြန်ဝန်ဆောင်မှုများ ပေးနေပါသည်။ နားမကြားသူ၊ နားလေးသူ သို့မဟုတ် အမြင်အာရုံအားနည်းသူများအား ဘေးအန္တရာယ်မှပြန်လည်ထူထောင်ရေး အကူအညီပေးရန်အတွက်လည်း FEMA သည် ဝန်ထမ်းများနှင့် နည်းပညာများ ရှိပါသည်။

ဘာသာပြန်များသည် အမေရိကန် သန်းခေါင်စာရင်းနှင့် အခြားသော လူဦးရေဆိုင်ရာ သုတေသနပြုမှုများအပေါ် အခြေခံထားပါသည်။

နယူးယောက်တွင် ဘာသာစကား ၂၅ မျိုးကို စာဖြင့် ဘာသာပြန်ဝန်ဆောင်မှုများ ပေးနေပါသည်- အာလ်ဘေးနီးယား၊ အာရဗီ၊ ဘင်္ဂါလီ၊ မြန်မာ၊ တရုတ်ရိုးရှင်း၊ ပြင်သစ်၊ ဂရိ၊ ဂူဂျာရာတီ၊ ဟေရှင်ခရီအိုလာ၊ ဟင်ဒီ၊ အီတာလျံ၊ ဂျပန်၊ ကာရွန်းဒီ၊ ကိုရီးယား၊ မလေး၊ ပိုလန်၊ ပေါ်တူဂီ၊ ရုရှ၊ စပိန်၊ ဆွာဟီလီ၊ တာဂါလော့ဂ်၊ အူရဒူ၊ ဗီယက်နမ်နှင့် ရီးဒစ်ရှ်။ လိုအပ်လျှင် လိုအပ်သလို အခြား ဘာသာစကားများကိုလည်း ဖြည့်သွင်းသွားနိုင်ပါသည်။

နယူးယောက်တွင် ဟာရီကိန်းအိုင်ဒါ ဘေးအန္တရာယ်အတွက် FEMA က သတင်းထုတ်ပြန်ချက်များနှင့် အချက်အလက်များကို ဘာသာစကား ၂၅ မျိုးဖြင့် ၎င်း၏ ဝဘ်ဆိုက် fema.gov တွင်လည်း တင်ထားပါသည်။ ဖုန်းဖြင့် စကားပြန်ပေးသည့် ဝန်ဆောင်မှုကိုလည်း ဘာသာစကား ၁၁၇ မျိုးဖြင့် ဝန်ဆောင်မှု ပေးနေပါသည်။

FEMA အကူအညီကို ၈၀၀-၆၂၁-၃၃၆၂ တွင် ခေါ်ဆိုသည့်အခါ သင်က ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ် (VRS )၊ စာသားပါ ဖုန်းအစီအစဉ် သို့မဟုတ် တခြားစနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။ အကူအညီအော်ပရေတာကို မနက် ၈ နာရီမှ ည ၇နာရီအထိ တပါတ်လျှင် ၇ရက် ဖွင့်ထားပါသည်။ စပိန်ဘာသာစကားအတွက် ၂ ကိုနှိပ်ပါ။ အခြားဘာသာစကားပြောသည့် စကားပြန်ကို ရရန် ၃ ကိုနှိပ်ပါ။

သင်သည် ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာ သို့ သွားပြီး FEMA ဝန်ထမ်းနှင့် အခြား ဖက်ဒရယ်နှင့် ပြည်နယ် အေဂျင်စီများမှ ကိုယ်စားလှယ်များနှင့် ကိုယ်တိုင်တွေ့ပြီး ၎င်းတို့က ဘေးအန္တရာယ်ဆိုင်ရာ အကူအညီများနှင့် ပတ်သက်ပြီး အချက်အလက်များ ပေးနိုင်ပါသည်။ FEMA ဝန်ထမ်းများသည် စကားပြန် ဝန်ဆောင်မှုစနစ်ကို အသုံးပြုနိုင်ရန် လေ့ကျင့်ထားကြ ပါသည်။

အင်္ဂလိပ်ဘာသာစကား မကျွမ်းကျင်သည့် ဘေးဒုက္ခကြုံခဲ့ရသူများအား ဘာသာစကား ညွှန်ပြနိုင်သည့် လမ်းညွှန်ကို ပြသပါမည်။ ၎င်းတွင် "ကျွန်ုပ် ... လို ပြောပါသည်" ဟု ပါရှိပြီး ဘာသာစကား ၆၉ မျိုးထဲမှ ရွေးချယ်နိုင်ပါသည်။ လျှောက်ထားသူများက မိမိနားလည်သည့် ဘာသာစကားကို လက်ညိုးထိုးပြလျှင် FEMA ကိုယ်စားလှယ်က ယင်းဘာသာစကားပြောသည့် စကားပြန်ကို ချိတ်ဆက်ပေးနိုင်ပါသည်။

ဘေးဒဏ်ခံခဲ့ရသူများသည့် အောက်ပါ ကောင်တီ ကိုးခုတွင် နေထိုင်ပါက ဘေးအန္တရာယ်အကူအညီကို လျှောက်ထားရန် တိုက်တွန်းအပ်ပါသည် - Bronx, Dutchess, Kings, Nassau, Queens, Richland, Rockland, Suffolk နှင့် Westchester.

နယူးယောက်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များအတွက် fema.gov/disaster/4615 တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 နှင့် www.facebook.com/fema တွင် လိုက်ကြည့်ပါ။

Tags:
နောက်ဆုံးအချက်အလက်