အမေရိကန် ဗဟိုအစိုးရ၏ အကူအညီ အထောက်အပံ့ ကို ရယူရန်အတွက် သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်လာသူများသည် အမေရိကန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသား မဟုတ်သော ဌာနေ တိုင်းရင်း သား ၊ သတ်မှတ်အရည်အချင်းပြည့်မီသော အမေရိကန် နိုင်ငံသားမဟုတ်သူ ဖြစ်ရပါမည်။ အဆိုပါသတ်မှတ် အရည်အချင်းများနှင့်မကိုက်ညီသော သဘာဝဘေးအန္တရာယ်မှ အသက်ရှင်လွတ်မြောက်လာသူများသည် အမေရိကန် ဗဟိုအစိုးရအကူအညီအတွက် စေတနာ့ဝန်ထမ်း အေဂျင်စီများသို့ လွှဲပြောင်းပေးရန် FEMA အကူအညီပေးဖုန်းလိုင်း ဖုန်းနံပါတ် ၈၀၀-၆၂၁-၃၃၆၂ ကို ခေါ်ဆိုနိုင်ပါသည်။
သတ်မှတ်အရည်အချင်းကိုက်ညီသော သဘာဝဘေးအန္တရာယ် မှလွတ်မြောက်လာသူများအတွက် ပေးအပ်မည့် အကူအညီများတွင် ယာယီအိမ်ရာအတွက် အကူအညီ၊ အိမ်ပြုပြင်မှု၊ တကိုယ်ရေသုံး ပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာဆုံးရှုံးမှု၊ နာရေးစရိတ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အလုပ်လက်မဲ့အကူအညီနှင့် အတိုးနည်းချေးငွေများ ပါဝင်ပါသည်။
သဘာဝဘေးအန္တရာယ်အတွက်အကူညီပေးမှုများတွင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးခြင်း ၊ ဥပဒေရေးရာ ဝန်ဆောင်မှုများ၊အမှုအခင်းစီမံခန့်ခွဲမှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဖြည့်စွက်အာဟာရကူညီရေးအစီအစဉ် (D-SNAP)၊ရှာဖွေရေးနှင့် ကယ်ဆယ်ရေး၊ ဆေးဝါးကုသရေး၊ အမိုးအကာ၊ အစားအစာကဲ့သို့သော ကာလတိုပေးသည့်အကူအညီ၊ ငွေသားမဟုတ်သော အကူအညီများ စသည်တို့ပါဝင်ပြီး နိုင်ငံသားအခြေအနေ အဆင့်အတန်း မခွဲခြားဘဲ လူတစ်ဦးချင်းစီနှင့် မိသားစုများ ရယူနိုင်ပါသည်။
သတ်မှတ် အရည်အချင်းပြည်မီသောနိုင်ငံသား မဟုတ်သူများ သတ်မှတ်ချက်ကို အောက်ပါတိုင်း သတ်မှတ်ထားပါသည်။
- တရားဝင်အမြဲတမ်းနေထိုင်သူများ( Green Card ကိုင်ထားသူများ)
- နိုင်ငံရေးခိုလှုံခွင့်ရထားသော နိုင်ငံသားမဟုတ်သူများ
- ဒုက္ခသည်များ
- ပြည်နှင်ဒဏ်ပေးခံရပြီး ပြစ်ဒဏ်ကို တစ်နှစ် ဆိုင်းငံ့ခံထားရသူများ
- လူသားချင်းစာနာထောက်ထားမှု အကြောင်းပြချက်ဖြင့် အမေရိကန်နိုင်ငံတွင် အနည်းဆုံးတစ်နှစ်နေခွင့်ရသူများ
- ကျူးဘားနှင့် ဟေတီနိုင်ငံတို့မှ သီးခြား အစီအစဥ်ဖြင့် ဝင်လာသူများ
- ဒုက္ခရောက်နေသော နိုင်ငံသားမဟုတ်သူများ သို့မဟုတ် သူတို့၏ ဇနီးခင်ပွန်း နှင့် သားသမီးများ
- လူကုန်ကူးခံရသူများ
သဘာဝဘေးအန္တရာယ်မှ အသက်ရှင်လွတ်မြောက်လာသူများသည် အဆိုပါ နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှု ကြီးကြပ်ရေး အဆင့်အတန်း သတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့လျှင်လည်း အကူအညီအတွက် လျှောက်ထားနိုင်ပြီး အောက်ပါအခြေအနေတို့နှင့်ကိုက်ညီပါက အကူအညီအတွက် ထည့်သွင်း စဥ်စားပေးနိုင်ပါသည်။
- အမေရိကန် နိုင်ငံသား၊ နိုင်ငံသား မဟုတ်သော ဌာနေတိုင်းရင်းသား သို့မဟုတ် အရည်အချင်းပြည့်မီသော နိုင်ငံသား မဟုတ်သော အရွယ်မရောက်သေးသော ကလေး၏ မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူသည် အရွယ်မရောက်သေးသော ကလေးနှင့် အတူတကွနေထိုင်ပါက ကလေး၏ကိုယ်စား လျှောက်ထားနိုင်ပါသည်။ မိဘ သို့မဟုတ် တရားဝင် အုပ်ထိန်းသူသည် ကလေး၏ပူးတွဲလျှောက်ထားသူအဖြစ် လျှောက်ထားရမည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ကလေးဖြစ်သူသည် အသက် ၁၈ နှစ်အောက် ဖြစ်ရပါမည်။
အမေရိကန်နိုင်ငံတွင် ကျောင်းလာတက်နေကြသည့် နိုင်ငံခြားသား ကျောင်းသားများ၊ ယာယီနေထိုင်သူများ အလုပ်ဗီဇာဖြင့် ရောက်ရှိနေသူများကဲ့သို့ အကူအညီရရန် အရည်အချင်းမပြည့်မီသူ အမေရိကန်နိုင်ငံသား မဟုတ်သူများစွာရှိပါသည်။
- အချို့သော အကူအညီ အမျိုးအစားများအတွက် ပျက်စီးနေသော နေထိုင်ရာနေရာနှင့် ပိုင်ဆိုင်မှုကို လက်တွေ့ပြနိုင်ရန် လိုအပ်ပြီး လျှောက်ထားသူသည် FEMA ၏ နိုင်ငံသားဖြစ်ခွင့် သတ်မှတ်ချက်များနှင့် ပြည့်မီရမည်ဖြစ်သည်။ လျှောက်ထားမှုသည် အရွယ်မရောက်သေးသူ ကလေးသူငယ်တစ်ဦး၏ အရည် အချင်း ပြည့်မီခြင်း ရှိမရှိပေါ်တွင် အခြေခံမည်ဆိုပါက အောက်ပါအချက်များလိုအပ်မည် ဖြစ်ပါသည်။
- နေထိုင်မှု- ပူးတွဲလျှောက်ထားသူသည် ကလေး၏မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူဖြစ်ရမည်၊ သဘာဝဘေးအန္တရာယ်ကျရောက်ချိန်တွင် ၎င်းတို့သည် သဘာဝဘေးဒဏ်ခံရသော နေအိမ်တွင် နေထိုင်လျက် ရှိကြောင်း သက်သေပြရမည်ဖြစ်သည်။
- ပိုင်ဆိုင်မှု- ပူးတွဲလျှောက်ထားသူသည် ကလေး၏မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူဖြစ်ပြီး ၎င်းတို့ပိုင်ဆိုင်သည့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသောအိမ်ကို ပိုင်ဆိုင်ကြောင်း သက်သေပြရမည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီအားလုံးကို လူမျိုး၊ အသားအရောင်၊ လိင် (လိင်စိတ်တိမ်းညွှတ်မှု) အပါအဝင် ကိုးကွယ်ရာဘာ၊ လူမျိုးဇာတိ၊ အသက်၊ မသန်စွမ်းမှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု အကန့်အသတ် သို့မဟုတ် စီးပွားရေးအခြေအနေ စသည်တို့ပေါ်တွင် ခွဲခြားမှုမရှိဘဲ ပံ့ပိုးပေးသွား မည်ဖြစ်ပါသည်။ အသက်ဘေးမှလွတ်မြောက်လာသူတစ်ဦးသည် ၎င်းတို့၏ နိုင်ငံသားအခွင့်အရေးများ ချိုးဖောက်ခံနေရသည်ဟု ယုံကြည်ပါက FEMA အကူအညီပေးဖုန်းလိုင်း ကိုခေါ်ဆိုနိုင်ပါသည်။ ဗီဒီယို ထပ်ဆင့်လွှင့်ခြင်း ဝန်ဆောင်မှု၊ စာတန်းထိုးထားသော တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြား ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အသုံးပြုပါက၊ သဘာဝဘေးမှ လွတ်မြောက်လာသူများအနေဖြင့် ထိုဝန်ဆောင်မှုအတွက် သတ်မှတ်ထားသော သီးခြားဖုန်းနံပါတ်ကို FEMA ကို ပေးသင့်ပါသည်။