နေရာထိုင်ခင်း အထောက်အပံ့

Release Date:
ဇွန်လ 29, 2023

အိုးမဲ့အိမ်မဲ့ဖြစ်နေစဉ်အတွင်း ဘေးကင်းလုံခြုံသော၊ သန့်ရှင်းရေးနှင့် လုံခြုံသောနေရာတစ်ခုပံပိုးပေးဖို့ အေဂျင်စီများနှင့် အဖွဲ့အစည်းများစွာ၏ ပူးပေါင်းညှိနိုင်းဆောင်ရွက်မှုလိုအပ်ပါသည်။

သဘာဝ သို့မဟုတ် လူသားကြောင့်ဖြစ်စေသော ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားသည့်အခါ သမ္မတမှ အရေးပေါ် ကြေငြာချက် သို့မဟုတ် သဘာဝဘေးကြေငြာချက်က ပြည်သူ့အကူအညီ အရေးပေါ် အကာအကွယ်ပေးရေး အစီအမံများလုပ်ရန်ခွင့်ပေးလိုက်သည့်အခါ ပြည်နယ်၊ ဒေသန္တရ၊ လူမျိုးစုနှင့် နယ်မြေ (SLTT) အစိုးရများက နေရာထိုင်ခင်းအကူအညီ ဝန်ဆောင်မှုများအတွက် တောင်းဆိုမှုကိုစလုပ်နိုင်သည်။

FEMA အစုလိုက်အပြုံလိုက် စောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီသည် အိုးအိမ်မဲ့ဖြစ်ခဲ့ရသူများအတွက်ဘေးကင်းလုံခြုံပြီး သန့်ရှင်းသောနေရာများတွင်လူနေမှုဘဝပြန်စရန်မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကိုပေးဖို့ စက်ကရိယာများ၊ ထောက်ပံ့ရေးပစ္စည်းများနှင့် အလုပ်သမားများကို ပေးပို့သည်။ အစုလိုက်အပြုံလိုက် စောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီများသည်သဘာဝဘေးဒဏ်မှလွတ်မြောက်လာသူများအနက်  မသန်စွမ်းသူများနှင့်သွားလာလှုပ်ရှားရန်လိုအပ်ချက်များ၊အစားအသောက်ကန့်သတ်ချက်များရှိနေသည့်သူများ၊ အိမ်မွေးတိရစ္ဆာန်များနှင့် ဝန်ဆောင်မှုတိရစ္ဆာန်များကို နေရာချထားပေးရန်းနေရာထိုင်ခင်းပံပိုးပေးသည်။ အချို့သောကိစ္စများတွင်၊ ကျန်းမာရေးဘက်ဆိုင်ရာနေရာများမှာသဘာဝဘေးမှ လွတ်မြောက်လာသူများအတွက် ပုံမှန်နေရာထိုင်ခင်းအဖြစ် နေရာချပေးရန် ၎င်းတို့အား တောင်းဆိုနိုင်ပါသည်။ 

မသန်စွမ်းသူများနှင့် သွားလာလှုပ်ရှားရန်လိုအပ်ချက်များရှိသည့် သူများကို သာမန်လူအများစုအတွက်နေရာထိုင်ခင်းများတွင် နေရာချပေးနိုင်သည်။  တောင်းဆိုမှူပြုလုပ်ပါက အရေးပေါ်ဆေးကုသဖို့ လိုအပ်နေသော သဘာဝဘေးမှလွတ်မြောက်လာသူများကို ကျန်းမာရေးဘက်ဆိုင်ရာနေရာထိုင်ခင်းများသို့ လွှဲပြောင်းဖို့ သာမန်လူအများစုနေရာထိုင်ခင်းများတွင် အခြေခံကျန်းမာရေးအဆင့် စောင့်ရှောက်မှုပေးနိုင်ရန် အစုလိုက်အပြုံလိုက် စောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီက တာရှည်ခံဆေးဘက်ဆိုင်ရာစက်ပစ္စည်းများ၊ စားသုံးနိုင်သောဆေးဝါးများ၊ ကိုယ်ရေးကိုယ်တာအကူအညီဝန်ဆောင်မှုများစသည်ဖြင့် ကူညီပံ့ပိုးပေးနိုင်သည် FEMAသည် ၎င်း၏ကိုယ်ပိုင်ဝန်ထမ်းများကိုအသုံးပြုကာ၊ အခြားဗဟိုအစိုးရအေဂျင်စီများကို အကူအညီတောင်းခြင်း သို့မဟုတ် ပြင်ပကုမ္ပဏီများနှင့် စာချုပ်များမှတစ်ဆင့် လိုအပ်သောအရင်းအမြစ်များကို ပံ့ပိုးပေးနိုင်သည်။

အာဏာပိုင်များ

ပုဒ်မ 309, 402, 403, 502, 611, and 613 of the Robert T. Stafford Disaster Relief and Emergency Assistance ဥပဒေ (Stafford Act), Public Law 93-288, ပြင်ဆင်ပြီးမှတ်တမ်းတင်ထားသည်  42 U.S.C. §§ 5152, 5170a, 5170b, 5192, 5196, နှင့်5196b

FEMA Mass Care and Emergency Assistance သဘာဝဘေးမဖြစ်ပွားခင်။ ဖြစ်ပွားနေစဉ်အတွင်းတုံ့ပြန်မှုနှင့် သဘာဝေးပြီးနောက်ပြန်လည်ထူထောင်းရေးတာဝန်ဝတ္တရားများ

သဘာဝဘေးမဖြစ်ပွားခင်

  • အေဂျင်စီပေါင်းစုံ၏နေရာထိုင်ခင်းနေရာချမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် နည်းပညာအကူအညီ ပံ့ပိုးပေးခြင်း။ဗဟိုအစိုးရ၊ ပြည်နယ်၊ လူမျိုးစုနှင့် နယ်မြေအရေးပေါ် ကြိုတင်ပြင်ဆင်မှု အစီအစဉ်များ။ လေ့ကျင့်ရေးပစ္စည်းများ၊ကြိုတင်လေ့ကျင့်မှုများ။ နေရာထိုင်ခင်းဆိုင်ရာလုပ်ငန်းများကို ပံ့ပိုးကူညီရန်အတွက် နိုင်ငံတော်၏ လုပ်ဆောင်နိုင်စွမ်းကိုမြှင့်တင်ပေးမည့် ဆောင်ရွက်ချက်များ
  • Federal Interagency Operational Planning (FIOP) - တုံ့ပြန်မှုတိုင်းတာချက်များနှင့်ကိုက်ညီရန် သမားရိုးကျအစုလိုက်အပြုံလိုက် စောင့်ရှောက်မှု/အရေးပေါ်အကူအညီပေးဆောင်သူများထက် နိုင်ငံတော်၏လုပ်ဆောင်နိုင်စွမ်းကို တိုးချဲ့ခြင်း။
  • သဘာဝဘေးမှလွတ်မြောက်လာများအတွက်ခိုလှုံရာနေရာတွင် မသန်စွမ်းသူများ၊ အထူးလိုအပ်ချက်များ၊အစားအသောက်ကန့်သတ်ချက်ရှိနေသူများသို့မဟုတ် အိမ်မွေးတိရစ္ဆာန်များနှင့်ဝန်ဆောင်မှုတိရစ္ဆာန်များအတွက်ပံ့ပိုးကူညီရန် ညှိနှိုင်းကူညီပေးခြင်း၊ ထို့အပြင်ကျန်းမာရေးဆိုင်ရာနေရာထိုင်ခင်းများတွင် ရှိနေသောသဘာဝဘေးမှ လွတ်မြောက်လာများအတွက် အကူအညီလိုအပ်ပါကကူညီပေးခြင်း။
  • ဒေသလူမှုအသိုင်းအဝိုင်းအားလုံးအတွက်နေရာထိုင်ခင်းပံ့ပိုးပေးသူ အားလုံးကို သင်တန်းများ ပေးခြင်း။
  •  ကြိုတင်ပြင်ဆင်မှုကိုတိုး မြှင့်ဆောင်ရွက်ရန် သင်ယူခဲ့သော အကောင်းဆုံး အလေ့အကျင့်များနှင့် သင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီး အသုံးချခြင်း။ ထိုအချက်များတွင် ဝန်ဆောင်မှုပေးသည့် တိရစ္ဆာန်များကို အများနေသည့်နေရာထိုင်ခင်းများတွင်ခွင့်ပြုထားပြီး ၎င်းတို့ကို ထိန်းကျောင်းသူများနှင့်  နေသင့်သည်ဟုခိုလှုံရာနေရာဆိုင်ရာတာဝန်ခံများကို အသိပေးပြောကြားခြင်း 
  • သဘာဝဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်မှုများအတွင်း နေရာထိုင်ခင်းစီစဉ်ပေးမှုများအတွက် အရင်းအမြစ်များ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်အတွက် အဖွဲ့အစည်းအသီးသီးနှင့် သဘောတူညီချက်များ ရေးဆွဲခြင်း။
  • ပြည်နယ်/နယ်မြေ/လူမျိုးစုများ နေရာထိုင်ခင်းချထားခြင်း လုပ်ငန်းတာဝန် တပ်ဖွဲ့များ ထူထောင်ရန်အတွက် နည်းပညာအကူအညီများ ပေးခြင်း။
  • ပြည်နယ်၊ လူမျိုးစုနှင့် နယ်မြေဒေသ (STT) အစိုးရများကို အစုလိုက်အပြုံလိုက် စောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီများ စီစဉ်ခြင်း၊ အချက်အလက်များခွဲခြမ်းစိတ်ဖြာခြင်း၊ မြေပုံထုတ်ခြင်းနှင့် အစီရင်ခံခြင်းတို့ကို ပံ့ပိုးပေးသည့် နိုင်ငံတော်နေရာထိုင်ခင်းချထားပေးခြင်းစနစ်အပါအဝင် FEMA အချက်အလက်နည်းစနစ်များကို အကောင်အထည်ဖော်ရန်အတွက် နည်းပညာအကူအညီ ပေးခြင်း
  • နိုင်ငံတော်ကြိုတင်ပြင်ဆင်ရေးညွှန်ကြားမှုဦးစီးဌာနများ၊ ပြည်သူ့အထောက်အကူပေးရေးဌာနခွဲ၊ မသန်စွမ်းသူများ ပေါင်းစည်းရေးနှင့် ညှိနှိုင်းရေးရုံး၊ နှင့် အမျိုးသား စီမံဆောင်ရွက်ရေးဌာနများ အပါအဝင် ဌာနတွင်း FEMA ၏ မိတ်ဖက်အဖွဲ့အစည်းများအား သဘာဝဘေးတုံ့ပြန်မှု၊ ပြန်လည်ထူထောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများကို ပံ့ပိုးပေးခြင်း။

သဘာဝဘေးတုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ခြင်း

 

  • လူသားအရင်းအမြစ်နှင့် ရုပ်ပိုင်းဆိုင်ရာ အရင်းအမြစ်များ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုများအတွက် လိုအပ်မှုကိုခွဲခြမ်းစိတ်ဖြာပြီး အတည်ပြုရန် အခြားဗဟိုအစိုးရအေဂျင်စီများ၊ STT အစိုးရများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGO) နှင့် အခြားလုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း။
  • ဘေးကင်းရာထွက်ပြေးလာသူများနှင့် သဘာဝဘေးမှ လွတ်မြောက်လာသူများ၏ ဘေးဒုက္ခကြောင့်ဖြစ်လာသည့်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ပူးပေါင်းနေရာထိုင်ခင်းချထားပေးမှုအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ STT အစိုးရများအား ကူညီခြင်း။
  • ခိုလှုံရာနေရာမှာရှိသော လူဦးရေ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အစီအစဉ်ကောင်းများဖန်တီးနိုင်စေရန် အတူပူးပေါင်းဆောင်ရွက်မှုနှင့် ကြိုတင်ပြင်ဆင်မှုကို တိုးမြင့်လုပ်ဆောင်ခြင်း
  • FEMA ၏ နိုင်ငံတော်တုံ့သဘာဝဘေးတုံ့ပြန်ရေးညှိနှိုင်းရေးစင်တာ (NRCC)၊ ဒေသဆိုင်ရာသဘာဝဘေးတုံ့ပြန်မှုညှိနှိုင်းရေးစင်တာ (RRCC)၊ ပူးတွဲကွင်းဆင်းသည့်ရုံးများ (JFO)၊ ကနဦးလုပ်ငန်းဆောင်ရွက်မှုဌာန (IOF)၊ STT အရေးပေါ် လုပ်ငန်းလည်ပတ်ရေးဌာန (EOC) နှင့် အခြားအလုပ်နယ်ပယ်များတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု/နည်းပညာအကူအညီများ ပေးခြင်း
  • တောင်းဆိုထားသည့်အတိုင်း ခိုလှုံရာနေရာများမှာနေထိုင်သူများအတွက် ဘေးကင်းသော၊ သန့်ရှင်းလုံခြုံသောပတ်ဝန်းကျင်ကို ပံပိုးပေးနိုင်ရန် STT ၏လိုအပ်ချက်များကို စောင့်ကြည့်၊ ခွဲခြမ်းစိတ်ဖြာခြင်း၊ အတည်ပြုခြင်းနှင့် ပံ့ပိုးပေးခြင်း။
  • အရင်းအမြစ်လိုအပ်ချက်များ၊ ချို့ယွင်းချက်များနှင့် ကန့်သတ်ချက်များအား ခွဲခြားဖော်ထုတ်ခြင်း
  • တောင်းဆိုချက်များကိုဖြည့်စီးပေးဖို့ အရင်းအမြစ်များရယူရာတွင် သတ်မှတ်ထားသည့်အစီအစဉ်အတိုင်းလိုက်နာလုပ်ကိုင်ကြောင်းသေချာစေခြင်း
  • STT ခိုလှုံရာနေရာထိုင်ခင်းချထားပေးရေးဆောင်ရွက်ချက်များကိုကူညီပံပိုးရန်  ပစ္စည်းကရိယာ၊အသုံးအဆောင်ပစ္စည်း၊ ထောက်ပံ့ရေးပစ္စည်းနှင့် အဆောက်အဦများ၊ ဗူးသွတ်တာရှည်ခံ အစားအစာများ၊ ရေ၊ အိပ်ယာ၊ စောင်များ၊ တာရှည်ခံဆေးပစ္စည်းများ (DME)၊ စားသုံးနိုင်သောဆေး
  • ဘက်ဆိုင်ရာအထောက်အပံ့များ (CMS) နှင့် ပုဂ္ဂိုလ်များအပါအဝင် FEMA ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှု ညွန်ကြားရေးမှုးရုံး မှတဆင့်အရင်းအမြစ်ပံ့ပိုးမှုပေးခြင်း။
  • စောင်ကိုအကြိုညှိနှိုင်းဝယ်ယူမှုသဘောတူညီချက်များ (BPAs) နှင့်  ရက်အကန့်အသတ်မရှိ သယ်ယူပို့ဆောင်ပေးခြင်း (IDIQ) ၊အစားအစာနှင့် အစားအစာထောက်ပံ့မှုအတွက် သဘောတူစာချုပ်များ၊DME၊ CMS၊ အခြားအသုံးများသော နေရာထိုင်ခင်းဆိုင်ရာပစ္စည်းများ (CUSI) နှင့် အခြားလူသုံးကုန်များကို  STT အစိုးရများမှတဆင့်သဘာဝဘေးမှတိမ်းရှောင်ပြေးလာရသူများနှင့်လွတ်မြောက်လာသူများကိုပံ့ပိုးကူညီပေးခြင်း
  • နိုင်ငံတော်ကပ်ဘေးတုံ့ပြန်မှု ကွန်ယက်အရေးပေါ် ပံ့ပိုးမှု လုပ်ဆောင်ချက် (ESF) #6 ၏နောက်ဆက်တွဲတွင် ဖော်ပြထားသည့်အတိုင်း ခိုလှုံရာနေရာထိုင်ခင်းချထားပေးခြင်းသည် STT အစိုးရ၏ လုပ်ဆောင်နိုင်စွမ်းထက် ပိုများနေလျှင် သဘာဝဘေးအန္တရာယ်ကျရောက်စဉ်အတွင်း  STT အစိုးရများကိုပံ့ပိုးကူညီပါ။
  •  ကြီးမားသောနေရာထိုင်ခင်းချပေးရခြင်းများအတွက် FEMA ပူးပေါင်းကွင်းဆင်းဆောင်ရွက်ရေးရုံး (JFO)နှင့် STT အစိုးရညှိနှိုင်းရေးမှူး  အတူပူးပေါင်းလုပ်ဆောင်နိုင်ဖို့ လိုအပ်သောကိရိယာများနှင့် အရင်းအမြစ်များကိုပံ့ပိုးပေးခြင်း။ ဤနည်းအားဖြင့်၊သူတို့အနေဖြင့်ထပ်တလဲလဲ ပြန်လုပ်နေရမှုများကို ရှောင်ရှားနိုင်ပြီး ဗဟိုအစိုးရ၏အကူအညီကိုတောင်းခံထားသည့် STT အစိုးရအတွက် အရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်ခြင်း။
  • အထူးလိုအပ်ချက်ရှိသူများကိုကူညီပံ့ပိုးပေးခြင်း သို့မဟုတ် အမေရိကန်မသန်စွမ်းသူများအက်ဥပဒေ (ADA) လိုအပ်ချက်များကိုဖြည့်ဆည်းပေးခြင်းကဲ့သို့ခိုလှုံရာနေရာထိုင်ခင်းဆိုင်ရာမန်နေဂျာများ မကျွမ်းကျင်သည့် ပြဿနာများကိုကူညီပေးသည့် STTခိုလှုံရာနေရာထိုင်ခင်းပေးသည်အဖွဲ့များ၊အေဂျင်စီပေါင်းစုံ၏ နေရာထိုင်ခင်းအကူးအပြောင်းဆောင်ရွက်မှုအဖွဲ့များသို့မဟုတ် တခြားအဖွဲ့များကို  ပံ့ပိုးပေးပါ။ပိုမိုသိရှိလိုပါလျှင် Nationalmasscarestrategy.org သို့nationalmasscarestrategy.org ကိုဝင်ရောက်ကြည့်ရှုပါ။
  • ဗဟိုအစိုးရဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက်သဘာဝဘေးမှာလွတ်မြောက်လာသူများကိုစာရင်းသွင်းပေးရန်ကူညီမည့်FEMA ဝန်ထမ်းများကို ခိုလှုံနေထိုင်ရာနေရာများသို့ဝင်ရောက်ခွင့်ရရှိရန်ကူညီပေးခြင်း
  • အဖွဲ့လိုက်ပြုစုစောင့်ရှောက်ရန်စီစဉ်ခြင်း၊ အချက်အလက်များစီစစ်သုံးသပ်ခြင်း၊မြေပုံဆွဲခြင်းနှင့် အစီရင်ခံခြင်းတို့ကို ကူညီဆောင်ရွက်ရန် STT အစိုးရကိုကူညီဖို့  ESF #6 ပံ့ပိုးမှုစနစ်အတွက်နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုပေးခြင်း
  • အချက်အလက်များထည့်သွင်းခြင်း (တောင်းဆိုချက်အရ) အပါအဝင် ခိုလှုံနေရာအချက်အလက်များ စုဆောင်းမှုအတွက် ပံ့ပိုးကူညီခြင်း
  • အဖွဲ့လိုက်စောင့်ရှောက်မှုအတွက်ဖြန့်ချီပေးမည့်နေရာများနှင့်အခြားဝန်ထမ်းလိုအပ်ချက်များရှိပါကစေတနာ့ဝန်ထမ်းများအားပံ့ပိုးကူညီရန်အတွက် AmeriCorps၊  ခိုလှုံရာနေရာများအတွက်ကူညီပေးမည့်အဖွဲ့များအတွက်ဝန်ထမ်းများ ပေးရန်အတွက် အမေရိကန်ကျန်းမာရေးနှင့်လူသားချင်းဝန်ဆောင်မှု(HHS) ၊ အိမ်မွေးတိရစ္ဆာန်များ၊ ဝန်ဆောင်မှုတိရစ္ဆာန်များနှင့် တိရစ္ဆာန်လှုပ်ရှားမှုများကို ပံ့ပိုးပေးရန်အတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာအကူအညီအတွက်စိုက်ပျိုးရေးဦးစီးဌာန (USDA၊) စက်ရုံစစ်ဆေးရေး အဖွဲ့များကဲ့သို့သော လူသားနှင့် ပစ္စည်းအရင်းအမြစ်များအတွက် အမေရိကန်စစ်တပ်အင်ဂျင်နီယာများအဖွဲ့ (USACE)အပါအဝင် အခြားသောအစိုးရအေဂျင်စီများသို့တာဝန်များ ပေးအပ်ခြင်း
  • ခိုလှုံရာနေရာအများစုသည်လူအများစုစာအတွက်ပုံစံအနေအထားဖြစ်သည်။သို့ရာတွင်၊ လူအများစုစာအတွက်ခိုလှုံရာနေရာအများစုသည်လက်ရှိလိုအပ်ချက်များနှင့်မကိုက်ညီ‌သောအခါ ( ဥပမာ ခိုလှုံရာနေရာကိုဦးဆောင်လုပ်နေသူနှင့်အတူလုပ်ကိုင်သူများကအုပ်စုအဖွဲ့ ခိုလှုံရာနေရာမျိုးအဖြစ်ဆက်မလုပ်ဆောင်နိုင်သောအခါ) FEMA ကလူအများစုစာမဟုတ်သောခိုလှုံရာနေရာများကိုပံ့ပိုးပေးနိုင်ပါသည်။ 
    • FEMA ၏ အကူးအပြောင်းကာလ ခိုလှုံရာနေရာထိုင်ခင်း အထောက်အကူ (TSA) သည်သဘာဝဘေးကြောင့်၎င်းတို့၏ နေအိမ်များတွင် မနေထိုင်နိုင်သော ဘေးလွတ်ရာမှာခိုလှုံနေရသည့်သဘာဝဘေးမှလွတ်မြောက်လာသူများကို ကူညီပေးသည့် ရေတိုနေရာထိုင်ခင်းပေးသည့် အစီအစဉ်တစ်ခုဖြစ်သည်။

အကောင်အထည်ဖော်ရန် အစပျိုးမှုများ

သမ္မတက ကြေညာထားသည့် သဘာဝဘေးအန္တရာယ်များအတွင်း အစုလိုက်အပြုံလိုက် စောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီအများစုကို တိုက်ရိုက်ဗဟိုအစိုးအရအကူအညီအဖြစ် ပံ့ပိုးပေးသည်။ ၎င်းကို Stafford အက်ဥပဒေ၊ ပုဒ်မ ၄၀၃(a)(3)(B) (အမျိုးအစား B ဟုလည်းခေါ်သည်) အရ ရန်ပုံငွေထောက်ပံ့ထားပြီး သတ်မှတ်ချက်ပြည့်မီသောကုန်ကျစရိတ်များ၏ အနည်းဆုံး ၇၅% ကို ပေးပါသည်။

အချက်အလက်ဆိုင်ရာလင့်များနှင့် အရင်းအမြစ်များ

 

Tags:
နောက်ဆုံးသတင်း