Hurricane Helene နောက်ပိုင်း စိုက်ပျိုးရေးပြန်လည်ထူထောင်ရန် ရင်းမြစ်များ

Release Date:
နိုဝင်ဘာလ 26, 2024

သင်သည် Hurricane Helene ကြောင့် စိုက်ပျိုးရေးတွင် ဆုံးရှုံးမှုများတွေ့ကြုံ ခဲ့ရပါသလား။ ဤအချက်အလက်များ ဖော်ပြထားသောစာသည် စိုက်ပျိုးရေး ပြန်လည် ထူထောင်ရန်အထောက်ကူများအတွက် ပြည်နယ်နှင့်ဖက်ဒရယ်၏ အမျိုးအစားစုံလင်သော အထောက်အပံ့အစီအစဉ်များကို သင်သိရှိနိုင်စေရန် အကူအညီ ဖြစ်စေပါလိမ့်မည်။ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် အကျိုးအမြတ်မယူသော အသင်းအဖွဲ့များ သည် သင်၏ပြန်လည်ထူထောင်ရေး ကြိုးစားအားထုတ်မှုကို ကူညီပေးရန် ထပ်မံ၍ရင်းမြစ်များကို ကမ်းလှမ်းပါလိမ့်မည်။

South Carolina ပြည်နယ်

South Carolina ပြည်နယ်တွင် Hurricane Helene ကြောင့် ထိခိုက်သူ တဦးချင်းစီအတွက် များပြားသော ရင်းမြစ်များ ရရှိနိုင်ပါသည်။ အချို့သောအသုံးဝင်သည့် ရင်းမြစ်များစာရင်းတခုကို အောက်တွင် ဖော်ပြ ထားပါသည်။

 အရေးပေါ်အစီအစဉ်နှင့် ဘေးအန္တရာယ်တုန့်ပြန်မှု (South Carolina စိုက်ပျိုးရေးဌာန) 

 Hurricane Helene ကူညီစောင့်ရှောက်မှု (South Carolina အမြတ်ခွန်ဌာန) 

SCEMD ပြန်လည်ထူထောင်ရေး အစီအစဉ် (South Carolina စွမ်းအင် စီမံခန့်ခွဲရေး ဌာနကြီး) 

Helene တုန့်ပြန်မှု နှင့် ပြန်လည်ထူထောင်ရေး (South Carolina အာမခံ ဌာန) 

FEMA

FEMA ၏တဦးချင်းအထောက်အပံ့အစီအစဉ်သည် ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများကို ငွေကြေးထောက်ပံ့၍ တိုက်ရိုက် အကူအညီပေး ခြင်း၊ ယင်းတို့မှာ အာမခံမရှိခြင်း သို့မဟုတ် အာမခံကြေးနည်းပါးခြင်း နှင့် မရှိမဖြစ်လိုအပ်သောအသုံးစရိတ်များရှိခြင်းနှင့် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးရမှုများအတွက် အရေးတကြီး လိုအပ်ချက်များရှိခြင်း စသည်တို့အတွက် အထောက်အကူပေးရန်ဖြစ်သည်။ တဦးချင်းအထောက်အပံ့အစီအစဉ်တွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက် သည့်သင်၏အိမ်အတွက် အသုံးစရိတ်များသို့မဟုတ်အခြားသော အသုံးစရိတ် များနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်သည့်အရေးကြီးသည့် လိုအပ်ချက် များကို အထောက်အကူပေးရန် အခွင့်အလမ်းများပါသည့် အကန့်အသတ်တခု ပါဝင်ပါသည်။ 

Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA ၏ တဦးချင်း အထောက်အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါ သည်။ 

သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်

  • အွန်လိုင်း DisasterAssistance.gov.သို့ သွားပါ။
  • လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာမဆို သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169).
  • သင်၏ဖုန်းတွင် FEMA mobile app. ကိုအသုံးပြုပါ
  • FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။

FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။

အမေရိကန် စိုက်ပျိုးရေး ဌာန

အမေရိကန် စိုက်ပျိုးရေးဌာနသည် သဘာဝဘေးအန္တရာယ် အထောက်အပံ့ အစုတခု၊ လယ်ယာချေးငွေနှင့်အကာအကွယ်ပြုအစီအစဉ်များကို လယ်သမား များ၊ မွေးမြူရေးခြံပိုင်ရှင်များနှင့် သစ်တောမြေ ပိုင်ရှင်များအား ပြန်လည် ထူထောင်ရန်အတွက် ကမ်းလှမ်းထားပါသည်။ 

စက်တင်ဘာ ၂၀၂၄ တွင် USDA အမေရိကန်စိုက်ပျိုးရေးဌာနသည် အရေးပေါ်ချေးငွေအစီအစဉ်ကို အပြောင်းအလဲများလုပ်ဆောင်ခဲ့သည်၊ သို့ဖြစ်၍ ထုတ်လုပ်သူများသည် မည်သည့် ပျက်စီးမှု ပမာဏအတွက်မဆို အရေးပေါ်ချေးငွေကို ရရှိနိုင်ပြီး (ယခင်က လယ်သမားများသည် ထုတ်လုပ်မှု 30% ပျက်စီးဆုံးရှုံးမှုကိုတင်ပြရသည်) ပြန်လည်ပေးဆပ်ရန် အချိန်သတ်မှတ် မှုတွင်လည်း ပိုမို၍ ပြောင်းလွယ်ပြင်လွယ်ရှိသည်၊ ယင်းတွင် အကယ်၍ သဘာဝဘေးအန္တရာယ်မှ ပြန်လည်နာလံထူရန် လိုအပ်ပါက အတိုးကိုသာ ပေးဆောင်ရန်လည်း ပါဝင်သည်။ USDA သည် ထို့အတူပင် လယ်သမားများအတွက် အချိန်ကိုက် အကူအညီ ရစေရန် များစွာသောအစီအစဉ်များကို အမြင့်ဆုံးသော ပြောင်းလွယ်ပြင်လွယ် ဖြစ်မှုကို လက်တွေ့လုပ်ဆောင်ရန် ဝန်ထမ်းများကို ညွှန်ကြားထားပါသည်။ များစွာသော အစီအစဉ်များ၏ နောက်ဆုံးသတ်မှတ်မှုများကို ပြောင်းရွှေ့ တိုးချဲ့ထားပါသည်။ 

Hurricane Helene အပြီး အကူအညီအတွက် အစီအစဉ်များ စာရင်း အပြည့်အစုံနှင့် အတူ ပြောင်းလွယ်ပြင်လွယ် ဖြစ်နိုင်ခြေများကို farmers.gov/hurricane  တွင်ကြည့်ပါ။ ထို့အတူ သင့်အနေနှင့် အထောက်အကူ ရရှိနိုင်စေရန် သင်နှင့် အနီးဆုံးသော USDA ဝန်ဆောင်မှု စင်တာကို ရှာဖွေ၍ သွားရောက်ခြင်း သို့မဟုတ် လယ်ယာလုပ်ငန်းအေဂျင်စီ  ဖုန်းခေါ်ဆိုရန် စင်တာ 877-508-8364 သို့ ဖုန်းခေါ်ခြင်း ပြုပါ။

လယ်ယာတိရိစ္ဆာန်များနှင့် မွေးမြူရေး အထောက်အပံ့ 

  • လယ်ယာတ်ရိစ္ဆာန်များ ကာကွယ်စောင့်ရှောက်မှု အစီအစဉ် သည်၊ လယ်ယာတိရိစ္ဆာန်များ၏ပိုင်ရှင်များ နှင့် မွေးမြူရေး ကန်ထရိုက်လုပ် သူများအဖို့၊ သတ်မှတ်ထားသည့် ဆုံးရှုံးပျက်စီးမှု အနေအထားများ ကြောင့် ဖြစ်ရသော သာမန်သေဆုံးမှုထက် ပိုများသည့် လယ်ယာတိရိစ္ဆာန်များ၏ သေဆုံးမှုများအတွက် အကျိုးခံစားမှု ရရှိစေနိုင်ပါသည်။ ဟာရီကိန်း သို့မဟုတ် ရာသီဥတုနှင့် ပတ်သက်သောအကြောင်းကြောင့် ထိခိုက်ဒဏ်ရာရသော တိရိစ္ဆာန်များကို သဘာဝဘေးအန္တရာယ်ဖြစ်ပြီးနောက် ရက်၃၀ အတွင်း လျှော့ဈေးဖြင့်ရောင်းချရပါက ယင်းသည် LIP အထောက်အပံ့အစီအစဉ်အတွက် သတ်မှတ် အရည်အချင်း ပြည့်မီပါသည်။ 
  • လယ်ယာတိရိစ္ဆာန်များ၊ မွေးမြူရေးပျားများ နှင့် လယ်ယာ မြေ ငါးမွေးမြူရေး အစီအစဉ်များအတွက် အရေးပေါ် ထောက်ပံ့ရေး-  ဟာရီကိန်းများ သို့မဟုတ် ရေလွှမ်းမိုးမှုကြောင့် စားကျက် ဆုံးရှုံးမှု အတွက် ယင်းတွင် သတ်မှတ်ချက်အရည်အချင်း ပြည့်မီသော ထိခိုက်သည့် ဧကအလိုက် ပေးသည့် အထောက်အပံ့ ယင်းတွင် ဟာရီကိန်း ကြောင့် အစာပျက်စီးမှု (ကောက်ရိုးထုံးများ၊ကောက်ရိုးစည်းများ၊ ပြောင်း ၊လှောင်မြက်စသည်) အတွက် ဝယ်ယူခြင်း နှင့် ထုတ်လုပ်ခြင်းတို့အတွက် အထောက်အပံ့များ ပါဝင်သည်။ ဟာရီကိန်းကြောင့် အစာဝယ်ယူမှုဈေး ပုံမှန်ထက် များခြင်းသည် ELAP အထောက်အပံ့အတွက် သတ်မှတ် အရည်အချင်းပြည့်မီမှုတွင် ပါဝင်သည်။ ELAP တွင်  လယ်ယာတိရိစ္ဆာန်များကို အစာကျွေးရန် သယ်ယူပို့ဆောင်ခြင်း နှင့်၊ သို့မဟုတ် အစာ/ စားကျက်သီးနှံများကို တိရိစ္ဆာန်များရှိရာ သယ်ယူပို့ ဆောင်ခြင်းတို့တွင် သာမန်ထက်ပိုသော ကုန်ကျမှု နှင့် ရေသယ်ယူမှုနှင့် ဆိုင် သော သာမန်ထက်ပိုသည့် ကုန်ကျစရိတ်များအတွက် အထောက်အပံ့ရ နိုင်ပါ သည်။ 
  • ကာကွယ်စောင့်ရှောက်မှု အရံ အစီအစဉ်  - အရေးပေါ် ကောက်ရိုး ရိတ်သိမ်းမှု ခွင့်ပြုချက်ကို ပြက္ခဒိန်ရက် ၆၀ အထိနှင့် CRP ၏ အရေးပေါ် စားကျက်သီးနှံရိတ်သိမ်းမှု ခွင့်ပြုချက်ကို ပြက္ခဒိန်ရက် ၉၀ အထိ ကို အမည်ပေးသတ်မှတ်ထားသည့် မုန်တိုင်းကြောင့် ဖြစ်သော သဘာဝဘေး အန္တရာယ် အဓိက သို့မဟုတ် တဆက်စပ်တည်း ကျရောက်ရာ ကောင်တီများ တွင် ခွင့်ပြုသည်။
  •  သဘာဝပတ်ဝန်းကျင် အရည်အသွေး ဆွဲဆောင်မှု အစီအစဉ်   - သဘာဝဘေးအန္တရာယ်မှပြန်လည်ထူထောင်ရေးအတွက်နှင့်ရေအရင်းအမြစ် များကို ထိမ်းသိမ်းစောင့်ရှောက်ရေးအတွက် လတ်တလော လိုအပ်ချက်များ နှင့် ရေရှည် အထောက်အကူဖြစ်စေရေး အကူအညီအနေနှင့် ထုတ်လုပ်သူများ ကို ငွေကြေးထောက်အပံ့နှင့် နည်းပညာအထောက်အကူပေးခြင်း ဤအစီအစဉ်အရ လယ်ယာတိရိစ္ဆာန်အခြေခံအဆောက်အဦများ ပြန်လည် တည်ဆောက်ရေး နှင့် အရေးပေါ် တိရိစ္ဆာန်အသေကောင်များ ရှင်းလင်း ဖယ်ရှားရေးကို အထောက်အပံ့ပြုနိုင်သည်။

သီးနှံ အထောက်အပံ့

  • ထုတ်လုပ်သူများသည်၎င်းတို့အနေနှင့် ဖက်ဒရယ် သီးနှံအာမခံတွင် ဘေးအန္တရာယ်ကာကွယ်မှု အာမခံထားရှိခဲ့ပါက ၎င်းတို့၏ သီးနှံအာာမခံ ဧဂျင့်ထံသို့  သီးနှံပျက်စီးဆုံးရှုံးမှုကို အစီရင်ခံတင်ပြရပါလိမ့်မည်။
  • ထုတ်လုပ်သူများသည် FSA ၏ အာမခံမရှိသော သီးနှံများအတွက် သဘာဝဘေးအန္တရာယ်အထောက်အပံ့အစီအစဉ် မှ အကာအကွယ် ဝယ်ယူထားရှိခဲ့ပါက ပျက်စီးဆုံးရှုံးမှုကို ယင်းတို့၏ဒေသ FSA ကောင်တီရုံး သို့ အစီရင်ခံတင်ပြရပါလိမ့်မည်။

လယ်ယာ ချေးငွေများ

  • အရေးပေါ်ချေးငွေ အစီအစဉ်   - ထုတ်လုပ်သူများအား မုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများနှင့် ထုတ်လုပ်မှု ပြန်လည်ထူထောင်ရေး အတွက် အကူအညီအနေနှင့် ချေးငွေ ထုတ်ပေးသည်။ 
  • သဘာဝဘေးအန္တရာယ်ဘေးဖယ်ရှားမှုအစီအစဉ် - ထုတ်လုပ် သူများသည် FSA မှ တိုက်ရိုက် ချေးငွေ ရရှိထားပြီး ပြန်လည်ပေးရန် သတ်မှတ်ထားသည့်အစီအစဉ်အတိုင်းမလုပ်ဆောင်နိုင်ဘဲ ချေးငွေ ပြီးဆုံး အောင် နှစ်ပတ်လည် ပေးဆောင်ရန် မဖြစ်နိုင်သော ထုတ်လုပ်လူများအတွက် အထောက်အပံ့ 

ထုတ်လုပ်သူများအတွက် ဈေးကွက်အထောက်အပံ့ချေးငွေများ  FSA သည်ထုတ်လုပ်သူများအနေနှင့်  ထုတ်ကုန်များကို ဝယ်ယူသူ များထံပို့ဆောင်ရန် MAL ကို ပစ္စည်းရောင်းချပြီးပြန်လည်ပေးဆောင်ရန် အချိန်ကို တိုး၍ပေးခြင်းနှင့် ဟာရီကိန်းကြောင့် ပျက်စီး ဆုံးရှုံးရမှုကြောင့် MAL အကြွေးသိမ်းစာကို ပြက္ခဒိန်ရက် ၉၀ အထိ နှောင့်နှေးထားခြင်း

လယ်ယာနှင့် သစ်တောမြေ ပျက်စီးမှု 

  • အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်မှု အစီအစဉ် -လယ်သမား များနှင့် မွေးမြူရေးသမားများအနေနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးရသည့် လယ်ယာများပြန်လည် ပြင်ဆင်ရန် ဥပမာ ကုန်စည်အရည် အသွေး၊ မြေပုံသွင်းခြင်း၊ မြေညှိခြင်း၊ အမှိုက်သရိုက်များဖယ်ရှားခြင်း၊ စည်းရိုးများ ပြန်ကာခြင်း၊ နှင့် မြောင်းဘောင်များ၊ ရေသွင်းလမ်းများကဲ့သို့ သော အဆောက်အဦများ ပြုပြင်ထိန်းသိမ်းခြင်း စသည်တို့အတွက် ငွေကြေးနှင့် နည်းပညာ အထောက်အပံ့ အထောက်အကူပေးသည်။ 
  • အရေးပေါ် သစ်တောပြန်လည်ထူထောင်ရေး အစီအစဉ် -သဘာဝဘေးအန္တရာယ်ကြောင့် ပုဂ္ဂလိကပိုင် သစ်တောပျက်စီးမှုကို ပြန်လည် ထူထောင်ရန် အထောက်အကူပေးသည်။ အထောက်အပံသည် မြေ ပိုင်ရှင်အနေနှင့် ရေလွှမ်းမိုးမှုနှင့် ဟာရီကိန်းတို့ ကြောင့် မြေပျက်စီးသည့်အတွက် သစ်တောကြံ့ခိုင်ရေးပြန်လည်ရရှိစေရန် ၊ အမှိုက်သရိုက်များဖယ်ရှားခြင်း၊ သစ်တောမြေလမ်းများပြင်ဆင်ခြင်း နှင့် ခြံစည်းရိုးများ လဲလှယ်ခြင်း တို့အပါအဝင် အရေးပေါ်လုပ်ဆောင်ရန် လိုအပ်သည်များ အတွက် အကူအညီပေးသည်။ 
  •  သဘာဝပတ်ဝန်းကျင် အရည်အသွေး ဆွဲဆောင်မှု အစီအစဉ်သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးအတွက်နှင့် ရေအရင်းအမြစ် များကို ထိမ်းသိမ်းစောင့်ရှောက်ရေးအတွက် လတ်တလော လိုအပ်ချက်များ နှင့် ရေရှည်အထောက်အကူဖြစ်စေရေး အကူအညီအနေနှင့် ထုတ်လုပ်သူများ ကို ငွေကြေးထောက်အပံ့နှင့် နည်းပညာအထောက်အကူပေးခြင်း ဤအစီအစဉ် သည် မြေပြန်လည်ကောင်းမွန်လာစေရန် နှင့် အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းရန် အထောက်အပံ့ပေးနိုင်သည်။
  • သစ်ပင်အထောက်အပံ့အစီအစဉ် -အရည်အသွေးပြည့်မီသည့် ဥယျာဉ်ခြံမြေပိုင်ရှင်များ နှင့် ပျိုးခင်းအပင်ပျိုးထောင်သူများသည် ပြန်လည် စိုက်ပျိုးရန် သို့မဟုတ် ယင်းသို့လုပ်ဆောင်ရန် ရှိပါက၊ သဘာဝဘေးအန္တရာယ် ကြောင့် ပျက်စီးသွားသော သတ်မှတ်ချက်ပြည့်မီသည့် အပင်များ၊ ခြုံပင်များ နှင့် နွယ်ပင်များ ပြန်လည်ပြုစုပျိုးထောင်ရန်အတွက် ငွေကြေးဖြင့် ကုန်ကျ စရိတ်ကို မျှ၀ေထောက်ကူပေးသည်။ FSA သည် သေမသွားသော်လည်း ဆက်လက် ထုတ်လုပ်နိုင်ခြင်းမရှိသည့် (စီးပွားရေးအရ မဖြစ်နိုင်တော့သည့်) သစ်ပင်များ၊ ခြုံပင်များ နှင့် နွယ်ပင်များ အတွက် တိုးချဲ့၍ အထောက်အပံ့ပေးသည်။ ဤ အထောက်အပံ့အစီအစဉ်သည် သဘာဝဘေးအန္တရာယ်အထောက်အပံ့ အစီအစဉ်အာမခံမရှိသည့် သီးနှံ သို့မဟုတ် ဖက်ဒရယ်သီးနှံအာမခံ အကျုံးဝင် မှုမရှိခြင်း၊ အကျုံးဝင်မှု ရှိသော်လည်း ယင်း အပင် သို့မဟုတ် သီးနှံသည် အလုံးစုံအကျုံးဝင်မှုမရှိခြင်းတို့အတွက် ဖြည့်ဆည်းပေးပါသည်။
  • အရေးပေါ်ရေဝေကုန်းတန်း အစီအစဉ် - ဒေသနေ လူမှုအသိုင်း ဝိုင်းရှိလူများအဖို့ အသက်ရှင်သန်မှုနှင့် ပိုင်ဆိုင်မှုများကို ရေလွှမ်းမိုးခြင်း မိုးခေါင်ရေရှားခြင်းနှင့် အခြားသော သဘာဝဘေးအန္တရာယ်များကြောင့် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ လျော့နည်းစေရန် အကူအညီပေးရန် အရေးပါသော ပြန်လည်ထူထောင်ရေးအခွင့်အလမ်းများကို ကမ်းလှမ်းမှုပြုသည်။ ပရောဂျက် ငွေကြေးများသည် တိုက်စားပြိုကျမှုနှင့် ပတ်သက်သည့် ရေဝေကုန်းတန်းပျက်စီးယိုယွင်းမှုကို ကုစားရန် လုပ်ဆောင်မှုများဖြစ်သည့် ချောင်းမြောင်းများ၊ လမ်းတံတားအောက်ရှိ မြောင်းများအတွင်းမှ အမှိုက် သရိုက်များဖယ်ရှားခြင်း၊ ပျက်စီးနေသော မြောင်းဘောင်များကို ပြန်ပြင်ခြင်း နှင့် ကာကွယ်ခြင်း၊ ပျက်စီးသွားသော ရေစီးလမ်းများ များမှန်ကန်စေခြင်း၊ ရေတားတမံနှင့် အဆောက်အဦများကို ပြင်ဆင်ခြင်း နှင့် ပျက်စီးသွားသော နေရာများတွင် မြက်များပြန်လည်စိုက်ပျိုးခြင်း စသည်တို့ ဆောင်ရွက်ရန် ဖြစ်သည်။

ပျက်စီးဆုံးရှုံးမှုများကို မှတ်တမ်းတင်ခြင်းနှင့် အစီရင်ခံ တင်ပြခြင်း

USDA သည် ထုတ်လုပ်သူများအား ပျက်စီးမှုများနှင့် ဆုံးရှုံးမှုများကို မှတ်တမ်းတင်ရန် သတိပေးပါသည်။ ယင်းတွင် လယ်ယာမှတ်တမ်းများ စုဆောင်းခြင်း၊ ကျွဲနွားတိရိစ္ဆာန်စာရင်းပြုစုခြင်း၊ ငွေလက်ခံဖြတ်ပိုင်းများနှင့် ပျက်စီးမှု သို့မဟုတ် ဆုံးရှုံးမှုဓါတ်ပုံများ ပါဝင်သည်။ USDA သည် လယ်ယာတိရိစ္ဆာန် မွေးမြူထုတ်လုပ်သူများအား တိရိစ္ဆာန်များ အရေအတွက်ကို အချိန်နှင့်ရက်စွဲပါသည့် ဗီဒီယို မှတ်တမ်းယူရန် သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ဆုံးရှုံးမှုတို့ကို ဖြစ်နိုင်သမျှအနေအထားအထိ ဓါတ်ပုံရိုက်ထားရန် အကြံပြုပါသည်။ USDA သည် ထုတ်လုပ်သူများအား သီးနှံများ၊ လယ်ယာမွေး တိရိစ္ဆာန်များ နှင့် လယ်ယာအခြေခံအဆောက်အဦများ ဆုံးရှုံးမှုကို FSA သို့ သင်၏ဒေသ ဆိုင်ရာ USDA ဝန်ဆောင်မှု စင်တာမှ တဆင့် အစီရင်ခံတင်ပြရန် ပြောကြား ပါသည်။ ထုတ်လုပ်သူများသည် အကယ်၍၎င်းတို့၏ ဒေသဝန်ဆောင်မှုစင်တာ ပိတ်ထားပါက အထောက်အကူ ရရန်အတွက် FSA Hotline ကို ဖုန်းခေါ်ဆိုနိုင်ပါသည်။

စိတ်ကျန်းမာရေး အထောက်အကူ

လယ်ယာနှင့် မွေးမြူရေးခြံ စိတ်ဖိစီးမှု အထောက်အကူပြု ကွန်ယက် မှတဆင့် USDA သည် အခြားသော များပြားသည့် အဖွဲ့အစည်းများနှင့် မိတ်ဖက်ပြုပြီး စိတ်ကျန်းမာရေးရင်းမြစ်များကို ကမ်းလှမ်းပေးပါသည်။ တစုံတယောက်သည် စိတ်ဖိစီးမှုအခြေအနေကြောင့်  အပိုဆောင်း အထောက်အကူလိုအပ်ပါက AgriStress Helpline® ကို ဖုန်း 833-897-2474 မှ ဆက်သွယ်ပါရန် တိုက်တွန်းအားပေး အကြံပြုပါသည်။ ယင်း အကူအညီဖုန်းလိုင်း သည် အခကြေးငွေ ပေးရန်မလိုပါ၊ အကြောင်းအ ရာများကို လျှို့ဝှက်ထိန်းသိမ်းထားပြီး အကူအညီပေးသည့် ဖုန်းလိုင်းဖြစ်၍ သင်သည် ဖုန်းခေါ်ခြင်းသို့မဟုတ် စာရေးသားပေးပို့ခြင်းကို ၂၄ နာရီ ၇ရက် တပတ်လုံး လုပ်ဆောင်နိုင်သည်။ 

အမေရိကန် အသေးစား လုပ်ငန်းများ အုပ်ချုပ်ကွပ်ကဲမှု

အမေရိကန် အသေးစားလုပ်ငန်းများအုပ်ချုပ်ကွပ်ကဲမှုမှ သဘာဝဘေး အန္တရာယ်ချေးငွေများသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသူများအဖို့ ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးရံပုံငွေ ၏ အကြီးဆုံးသော ရင်းမြစ်ဖြစ်သည်။ SBA သည် ရေရှည်၊ အတိုးနှုန်းနည်းပါးသည့် သဘာဝဘေးအန္တရာယ်ချေးငွေ များကို အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ အရွယ်အစားအမျိုးမျိုးသော  စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိက အကျိုးအမြတ်မယူသော အဖွဲ့အစည်း များထံသို့ ကမ်းလှမ်းပါသည်။ 

SBA သဘာဝဘေးအန္တရာယ်ချေးငွေများသည် လွန်စွာ မျက်နှာသာပေးထား သော သတ်မှတ်ချက်များနှင့် အတူ ပုံသေ အတိုးနှုန်းထားရှိပါသည်။ အလိုအလျောက် ၁၂လ ပြန်လည်ပေးဆပ်မှုအတွက် 0% အတိုး ဖြင့် ၁၂ လ အတွက် ဆိုင်းငံ့ပေးပါသည်။

သဘာဝဘေးအန္တရာယ်ချေးငွေများကိုပိုင်ဆိုင်အိုးအိမ်များတိုးတက် ကောင်း မွန်စေရန်လုပ်ဆောင်ရာတွင် သုံးနိုင်ပါသည်။ယင်းသို့ဖြင့် အနာဂတ်တွင် ပျက်စီးမှုများကို ဖယ်ရှားနိုင်ခြင်း သို့မဟုတ် လုံခြုံဘေးကင်းစွာ အသက်ရှင် နေထိုင်မှုကို ဖြစ်စေနိုင်ပါသည်။ ယင်းတို့ကို ၂၀%အထိတိုးမြင့်ပြီး အဆောက်အဦများကို အဆင့်မြင့်ခြင်းဖြင့် အနာဂတ်တွင် ပျက်စီးမှုကို လျှော့ချနိုင်ပါသည်။

သင်သည် SBA ချေးငွေကို MySBA Loan Portal တွင် လျှောက်ထားနိုင်သည်။

SBA အိမ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ချေးငွေ

SBA သည် ရေရှည်၊ အတိုးနှုန်းနည်းသည့် ချေးငွေများကို သတ်မှတ်အရည် အချင်းပြည့်မီသော အိမ်ရှင်များ နှင့် အိမ်ငှားများကို ကမ်းလှမ်းပါ သည်။ အိမပိုင်ရှင်များသည် ယင်းတို့ မူလနေထိုင်ရာ အိမ်ကို ပြင်ဆင်ရန် သို့မဟုတ် အစားထိုးရန် $ 500,000 အထိရရှိနိုင်ပါသည်။ သတ်မှတ်အရည်အချင်း ပြည့်မှီသော အိမ်ပိုင်ရှင် သို့မဟုတ် အိမ်ငှားများသည် ယင်းတို့ ပိုင်ဆိုင်ပစ္စည်းများ ပျက်စီးခြင်း သို့မဟုတ် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးမှုအတွက် ပြင်ဆင်ရန် သို့မဟုတ် အစားထိုးရန်  $ 100,000 အထိ ချေးယူရရှိနိုင်ပါလိမ့်မည်။ ယင်းတွင် ပါဝင်သည်များမှာ အဝတ်အစား၊ အိမ်ထောင်ပရိဘောဂ၊ ကားများ၊ အိမ်သုံးပစ္စည်းများ၊ မြေနှင့် ရေ၊ လယ်ယာမွေးမြူရေး တိရိစ္ဆာန်များ၊ ကျွေးရန် အစာ၊ မြေပြင် အမှိုက်သရိုက်များ နှင့် ခြံစည်းရိုး စသည်တို့ ပါဝင်သည်။ 

SBA စီးပွားရေးလုပ်ငန်း ရုပ်ပိုင်းဆိုင်ရာသဘာဝဘေးအန္တရာယ်ချေးငွေ

SBA၏ စီးပွားရေးလုပ်ငန်း ရုပ်ပိုင်းဆိုင်ရာသဘာဝဘေးအန္တရာယ် ချေးငွေ သည် ရေရှည် အတိုးနှုန်းနည်းပါးပြီး အာမခံလျော်ကြေး ပြည့်ဝစွာမရရှိသည့် သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးရမှုများအတွက်  $2 သန်း အထိ ရရှိနိုင်ပါသည်။ ထိုငွေကြေးများကို ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းများ ဖြစ်သော အဆောက်အဦ၊ စက်ပစ္စည်းများ၊ ကိရိယာများ၊ အသုံးအဆောင်ပစ္စည်းများ၊ သိုလှောင်ထိန်း သိမ်းခြင်း နှင့် ငှားရမ်းပစ္စည်းများတိုးတက်ကောင်းမွန်စေခြင်း တို့အတွက် အသုံးပြုနိုင်ပါလိမ့်မည်။ အဆောက်အဦသတ်မှတ်ချက် အရ လိုအပ်သည်မှလွဲ၍ ငွေကြေးကို စီးပွားရေးလုပ်ငန်းကို မြှင့်တင်ရန် သို့မဟုတ် တိုးချဲ့ရန် အသုံးမပြုရပါ။ 

သတ်မှတ်အရည်အချင်းပြည့်မီသော မည်သည့်အရွယ်အစား စီးပွားရေး လုပ်ငန်းမဆို နှင့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းအများစုသည် လျှောက်ထားရန် သတ်မှတ်အရည်အချင်းပြည့်မီပါသည်။

SBA စီးပွားရေး ထိခိုက်မှုဆိုင်ရာ သဘာဝဘေးအန္တရာယ်ချေးငွေ 

ထို့အတူပင် SBA သည် စီးပွားရေးထိခိုက်မှုဆိုင်ရာ သဘာဝဘေးအန္တရာယ် ချေးငွေ ကို $ 2 သန်းအထိ အလုပ်လုပ်ရန် အရင်းအနှီးအဖြစ် ကမ်းလှမ်းပါ သည်။ EIDL သည် ရေရှည် ၊ အတိုးနှုန်းမည်းသည့် ချေးငွေဖြေစ်ပြီး သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ခဲ့ရမှုကို  ၎င်းတို့၏ သာမန် နှင့် လိုအပ်သော ငွေကြေးစီးဝင်မှုရရှိကာ  ပုံမှန်လုပ်ငန်းဆောင်ရွက်မှု ပြန်လည်ရရှိသည့်တိုင် အထောက်အကူဖြစ်စေရန် ရည်မှန်းပါသည်။ 

ငွေကြေးကို အလုပ်လုပ်ရန် အရင်းအနှီး နှင့် ပုံမှန် အသုံးစရိတ်များ ဥပမာ ကျန်းမာရေးစောင့်ရှောက်မှု ဆက်လက်လုပ်ဆောင်ရန် ၊ ငှားရမ်းရန်၊ ရေမီး အသုံးစရိတ်များနှင့် ပုံသေသတ်မှတ်ထားသော အကြွေးများပေးချေရန် အသုံးပြုနိုင်ပါသည်။ 

အသေးစားစီးပွားရေးလုပ်ငန်းများ၊ အသေးစား စိုက်ပျိုးရေး သမဝါယမများ နှင့် ပုဂ္ဂလိက အကျိုးအမြတ်မယူသော အသင်းအဖွဲ့အများစုတို့သည် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ပါက ယင်းတို့အားလုံးသည် လျှောက်ထားရန် အတွက် သတ်မှတ်အရည်အချင်းပြည့်မီပါသည်။

ပြည်တွင်း အခွန် ဝန်ဆောင်မှု

စီမံခန့်ခွဲမှုဆိုင်ရာ သဘာဝဘေးအန္တရာယ်အခွန်သက်သာစေမှု

IRS သည် အလိုလျောက်ထောက်ပံ့ပေးသည်မှာ စီမံခန့်ခွဲမှုဆိုင်ရာ သဘာဝဘေးအန္တရာယ် အခွန်သက်သာစေမှု နှင့် အထူး အခွန်ဥပဒေ ပြဌန်းချက် ဖြစ်သည်၊ ယင်း၏ခွင့်ပြုချက်မှာ တဦးချင်းစီနှင့် စီးပွားရေး လုပ်ငန်းများအနေနှင့် အခွန်စာရင်းပြန်လည်တင်ပြရန် အခွန်များပေးဆောင် ရန် နှင့် ဖက်ဒရယ်ကကြေငြာသည့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရ သည့် အခွန်ထမ်းဆောင်သူများအား အချို့သော အချိန်ကိုက်လုပ်ဆောင်ရန် လိုသည့်ဥပဒေများ အတွက် အချိန်တိုးပေးရန် ခွင့်ပြုသည်။ အချို့သော ချွင်းချက်များရှိနိုင်ပါသည်။

အခွန်သက်သာစေမှုနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံသိရှိလိုပါက IRS ဝက်ဘဆိုက်တွင် ရရှိနိုင်ပါသည်။

Tags:
နောက်ဆုံးသတင်း