ကျွန်ုပ် အကူအညီလျှောက်ထားပြီးပါပြီ။ ဘာဆက်လုပ်ရမလဲ။

alert - info

ဤစာမျက်နှာရှိအချက်အလက်သည် ထင်ဟပ်ခြင်းမရှိပါ ဘေးအန္တရာယ်ဆိုင်ရာ အတွက် တစ်ဦးချင်းအကူအညီ အပ်ဒိတ်များကို မတ်လ 22၊ 2024 တွင် သို့မဟုတ် ပြီးနောက် သို့မဟုတ် ကြေညာပြီးနောက်။

ယခုရရှိနိုင်သောအရာများအကြောင်းကို ပိုမိုလေ့လာပါ။

သင့်လျှောက်လွှာကို ပြန်စစ်ပါ

နေထိုင်မှုအတွက် အထောက်အထား

မည်သူဖြစ်ကြောင်း အထောက်အထား စိစစ်ခြင်း

စာရွက်စာတမ်း ပေးပို့ခြင်း

အိမ်ကို လာရောက်စစ်ဆေးခြင်း

အကယ်၍ သင့်တွင် အာမခံရှိပါက FEMA အကူအညီလျှောက်ထားချိန်တွင် သင့်အာမခံကုမ္ပဏီသို့ အာမခံငွေအတွက် တင်သွင်းသင့်ပါသည်။ FEMA သည် အာမခံထားရှိသည့် အရာများ ပျက်စီးဆုံးရှုံးမှုအတွက် ကူညီနိုင်ခြင်း မရှိပါ။အကယ်၍ သင့်အာမခံကုမ္ပဏီက ပျက်စီးမှုအားလုံးကို ရော်ပေးခြင်းမရှိလျှင် သို့မဟုတ် နောက်ကျနေလျှင် သင်သည် ယင်းလိုအပ်ချက်များအတွက် FEMA အကူအညီကို ရရှိနိုင်ဖွယ်ရှိသည်။

အကယ်၍ သင်၏ အဓိကနေထိုင်သည့် နေအိမ်သည် ကပ်ဘေးကြောင့် ထိခိုက်ပျက်စီးပြီး သန့်ရှင်းလုံခြုံမှုမရှိဘဲ နေထိုင်၍ မဖြစ်နိုင်ပါက အပျက်အစီးများကို လာရောက်စစ်ဆေးပေးရန် ရက်ချိန်းယူနိုင်သည်။ သင်လျှောက်လွှာတင်ချိန်တွင် သင်၏ ဖြည့်သွင်းမှုအပေါ် အခြေခံ၍ သင်အား စာတိုက်မှတစ်ဆင့် သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ဆက်သွယ်လာပါမည်။ စာတွင် သင်သည် အကူအညီ ရရှိရန် အကျုံးဝင်ခြင်း ရှိမရှိ၊ အကူအညီမည်မျှအထိ ရရှိနိုင်မည်၊ အကူအညီငွေကို မည်သည့်ကိစ္စရပ်အတွက်သာ သုံးရမည် စသည်တို့ ပါဝင်ပြီး သင်သဘောမတူပါက အယူခံဝင်ရန်အတွက် FEMA ၏ ဆုံးဖြတ်ချက်ကို မည်သို့ အယူခံဝင်မလဲ တွင် ကြည့်နိုင်သည်။

သင်မှတ်တမ်းပြုထားသည့် မရှိမဖြစ်လိုအပ်သော ပျက်စီးဆုံးရှုံးမှုများ၊ အရေးတကြီးလိုအပ်ပြီး FEMA အစီအစဉ်နှင့် ဝန်ဆောင်မှုများအတွင်း ရနိုင်သည့် အကူအညီအမျိုးအစားများကို နှိုင်းယှဉ်ပြီး သင့်အတွက် အကူအညီကို ဆုံးဖြတ်ပါသည်။ FEMA အကူအညီသည် အာမခံထားခြင်းနှင့် အတူသကဲ့သို့ အလုံးစုံ မရရှိနိုင်ပါ။ ဖယ်ဒရယ်ပြည်ထောင်စု အကူအညီဖြစ်သည့် FEMA မှ သင်၏ နေအိမ်လုံခြုံ သန့်ရှင်းပြီး နေထိုင်နိုင်သည့် အခြေအနေတစ်ခုရောက်ရန် လိုအပ်သည့် အခြေခံ ပြုပြင်မှုများအတွက်သာလျှင် ကူညီပေးနိုင်ပါသည်။ ဆက်လက်၍ ပြန်လည်ထူထောင်ရန်အတွက် အကူအညီအဖြစ် အတိုးနှုန်းနိမ့် ကပ်ဘေးချေးငွေများရယူနိုင်ရန် သင့်အား ယူအက်စ် အသေးစားလုပ်ငန်းစီမံရေးဌာန (SBA) သို့ ညွှန်ပြနိုင်သည်။

DisasterAssistance.gov တွင် သင့်လျှောက်လွှာကို ကြည့်ရှုခြင်း

သင်သည် FEMA သဘာဝကပ်ဘေး ကူညီရေးဗဟို (DAC) ရှိ  DisasterAssistance.gov.တွင် အွန်လိုင်းအကောင့် ဖွင့်နိုင်သည်။ သင့်အား သီးသန့် ကိုယ်ရေးအထောက်အထားနံပါတ် (ပင်နံပါတ် PIN) တစ်ခု ပြုလုပ်ရန် တောင်းဆိုပါမည်။ သို့မှသာ သင်၏ ကပ်ဘေးဒဏ်အတွက် အထောက်အပံ့လျှောက်လွှာ အချက်အလက်များသို့ လုံခြုံစွာ ဝင်ရောက်နိုင်ပါမည်။

သင်၏ အွန်လိုင်းအကောင့်အတွင်းတွင် သင်လုပ်နိုင်သည်များမှာ-

  • သင်၏ ကပ်ဘေးဒဏ်အတွက် အကူအညီလျှောက်လွှာ အချက်အလက်များကို ပြန်ကြည့်ခြင်း
  • သင်၏ ကိုယ်ရေးအချက်အလက်နှင့် လိုအပ်ချက် အချက်အလက်အသစ်များကို ထည့်သွင်းခြင်း
  • FEMA က သင့်အား ပို့ထားသည့် စာများနှင့် မက်ဆေ့ဂျ်များကို ကြည့်ခြင်း
  • သင်၏ လျှောက်လွှာကို ဆောင်ရွက်နိုင်ရန် FEMA က လိုအပ်သည့် အသေးစိတ် မှတ်တမ်းမှတ်ရာများကြည့်ခြင်း
  • မှတ်တမ်းမှတ်ရာများကို သင့်ဖိုင်သို့ ထည့်ခြင်း
  • FEMA က သင့်ထံမှရရှိသော အချက်အလက်များကို ပြန်စစ်ခြင်း

သင့်အကောင့်ဖွင့်ရန် အကူအညီလိုပါက အင်တာနက်အကူအညီဌာနသို့ ဖုန်းခေါ်ပါ။ ၎င်းသည် အရှေ့ပိုင်းစံတော်ချိန် မနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအထိ ၇ ရက်တစ်ပတ်လုံး ဖွင့်ပါသည်။ ဖုန်းခေါ်ရန် ၈၀၀-၇၄၅-၀၂၄၃။

အိမ်ပိုင်ဆိုင်မှု/နေထိုင်မှု စိစစ်ခြင်း

FEMA သည် လျှောက်ထားသူ၏ အိမ်တွင်နေထိုင်မှုကို စိစစ်ရန်နှင့် အချို့သော အိမ်အကူအညီ အမျိုးအစားကို လျှောက်ထားပါက အိမ်ပိုင်ဆိုင်မှုကို စိစစ်ရန် ဥပဒေအရ လိုအပ်သည်။

ခွင့်ပြုပြီး မှတ်တမ်းများကို ကြည့်ခြင်း

မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ခြင်း

အကယ်၍ FEMA သည် သင့်လျှောက်လွှာကို ဆောင်ရွက်နေစဉ် သင်မည်သူဖြစ်ကြောင်း မစိစစ်နိုင်ပါက သင်က ထပ်ဆောင်းအချက်အလက်များ ပို့ပေးရဖွယ်ရှိသည်။

မည်သူမည်ဝါဖြစ်ကြောင်း စိစစ်ရန်အတွက် ထပ်ဆောင်း အချက်အလက်မှတ်တမ်းများ

သင်မည်သူဖြစ်ကြောင်း စိစစ်ရန် မှတ်တမ်းမှတ်ရာများ*

  • လူမှုဖူလုံရေးရုံး သို့မဟုတ် အခြား ဖယ်ဒရယ်အဖွဲ့အစည်းမှ သင်၏ လူမှုဖူလုံရေးနံပါတ် (SSN) အပြည့် သို့မဟုတ် နောက်ဆုံး လေးလုံးပါဝင်သည့် မှတ်တမ်းအချက်အလက်
  • အကယ်၍ ဖယ်ဒရယ် သို့မဟုတ် ပြည်နယ်မှထုတ်ပေးသည့် မှတ်ပုံတင်ကတ်နှင့် ပူးတွဲပေးပို့မည်ဆိုပါက လူမှုဖူလုံရေးကတ်
  • SSN နံပါတ် အပြည့် သို့မဟုတ် နောက်ဆုံး လေးလုံးပါသည့် အလုပ်ရှင်၏ လစာပေး မှတ်တမ်း
  • စစ်တပ်၏ အထောက်အထား
  • လက်မထပ်မီက အမည်ပါရှိသော လက်ထပ်လိုင်စင်
  • အမေရိကန် နိုင်ငံကူးလက်မှတ်

* FEMA သည် အခြေအနေတစ်ခုချင်းအလိုက် ယူအက်စ်ပိုင်နက်နယ်မြေတွင် နေထိုင်သည့် လျှောက်ထားသူများအား စိစစ်ရန် မဲပေးရန် မှတ်ပုံတင်ကတ်ကဲ့သို့သော သီးခြား အထောက်အထား မှတ်တမ်းများကို ခွင့်ပြုနိုင်သည်။

အကယ်၍ သင်သည် သင့်အိမ်သားဖြစ်သူ ယူအက်စ် နိုင်ငံသား အသက်မပြည့်သေးသူ (ကလေး) ကိုယ်စား အကူအညီ လျှောက်ထားပါက အောက်ပါတို့ကို FEMA ထံ ပေးပို့ရမည်-

ကလေးအမည်ပါရှိပါက ဘယ်ဖက်ရှိမှတ်တမ်းများထဲမှ တစ်ခုခု သို့မဟုတ်

ကလေး၏ မွေးစာရင်း နှင့် ကလေး၏ လူမှုဖူလုံရေးကတ်မိတ္တူ သို့မဟုတ် လူမှုဖူလုံရေးရုံးမှ မှတ်တမ်းမှတ်ရာ သို့မဟုတ် ကလေး၏ SSN နံပါတ်အပြည့် သို့မဟုတ် နောက်ဆုံး လေးလုံးပါသည့် အခြား ဖယ်ဒရယ်အစိုးရအဖွဲ့မှ မှတ်တမ်းမှတ်ရာ။

စာရွက်စာတမ်းများကို ပေးပို့ခြင်း

DisasterAssistance.gov သို့သွားပြီး အချက်အလက်မှတ်တမ်းများကို ပေးပို့နိုင်သည်။ သင့်လျှောက်လွှာအခြေအနေကို အွန်လိုင်းတွင် စစ်နိုင်သည်။

ဘေးဒဏ်ခံရသူများ၏ လိုအပ်ချက်ကို အွန်လိုင်းစနစ်တစ်ခုတည်းက ပြည့်စုံအောင် ကူညီပေးနိုင်မည်မဟုတ်သည့်အတွက် လူကိုယ်တိုင်သွားရောက်ပြီး လျှောက်လွှာတင်နိုင်၊ မေးမြန်းနိုင်ပြီး ၎င်းတို့၏ စာရွက်စာတန်းများအား စကင်ဖတ်၍ အမှုဖိုင်တွဲရန်နှင့် နေရာမှာပင် ပြန်လည် ပေးအပ်နိုင်ရန်အတွက် စာရွက်စာတမ်း ပေးအပ်ရန် ဌာနများ ကို FEMA က ဖွင့်လှစ်ထားပါသည်။

သဘာဝဘေးဒဏ်မှ ပြန်လည်ထူထောင်ရေးနှင့် စာရွက်စာတမ်း ပေးအပ်ရန် ဌာနတစ်ခုကို ရှာရန်

External Link Arrow

အိမ်တွင် လာရောက်စစ်ဆေးခြင်း

FEMA တွင် သင်လျှောက်ထားပြီးပါက သင်၏ တောင်းဆိုချက်ကို စိစစ်ပြီး ကပ်ဘေးကြောင့် အိမ်နှင့် ကိုယ်ပိုင် ပစ္စည်းများ ပျက်စီးခြ်ငးကို အတည်ပြုနိုင်ရန် လာရောက်စစ်ဆေးရန် လိုမလို ဆုံးဖြတ်ပါမည်။

FEMA ၏ အိမ်တွင် လာရောက်စစ်ဆေးခြင်းများကို လူကိုယ်တိုင်ပြုလုပ်နေပြီ ဖြစ်ပါသည်။ ကပ်ဘေးဒဏ်ခံရသူများ၏ ကျန်းမာရေး၊ လုံခြုံရေးတို့သည် FEAM အတွက် ပဓာနကျသည့်အတွက် ကိုဗစ်-၁၉ ကြောင့် မသေချာ မရေရာသည့် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင်မူ အိမ်တွင်းသို့ ဝင်ရောက်ခြင်း မပြုဘဲ အိမ်ပြင်ပမှ စစ်ဆေးပါသည်။

အိမ်တွင် လာရောက်စစ်ဆေးခြင်းများနှင့် ပတ်သက်ပြီး ပိုမိုလေ့လာခြင်း

နောက်ဆုံးအချက်အလက်