ဇူလိုင်လက ပြင်းထန်သောမုန်တိုင်းများ၊ ရေကြီးမှု၊ မြေပြိုမှုနှင့် ရွှံ့မြေပြိုမှုဒဏ်ခံခဲ့ရသော ဗားမွန့်ပြည်နယ်မှာနေထိုင်သူများသည် တနင်္လာနေ့၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၀နာရီ အထိ နောက်ဆုံးထားပြီး နေအိမ်များ ပြုပြင်ရန်နှင့် မိမိပိုင်ဆိုင်မှုများကို အစားထိုးပြုပြင်ရန်ရန် FEMA ထောက်ပံ့ကြေးများအပါအဝင် ဗဟိုအစိုးရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီအတွက် လျှောက်ထားနိုင်သည်။
ဇူလိုင် ၉ ရက်မှ ၁၁ ရက်အတွင်း ဖြစ်ပွားခဲ့သော မုန်တိုင်းများအတွက် အက်ဒီဆန် Addison၊ ကလယ်ဒိုနီးယားCaledonia၊ ချစ်တန်ဒင် Chittenden၊ အက်ဆစ်စ်Essex၊ လမိုလ်လီယ်Lamoille၊ အော်လင်းစ် Orleans နှင့် ဝါရှင်တန် Washington တို့၏ သတ်မှတ်ထားသောကောင်တီများတွင် နေထိုင်သူများ လျှောက်ထားခွင့် ရှိသည်။ ဇူလိုင်လ ၂၉ ရက်မှ ၃၁ရက်အထိဖြစ်ပွားခဲ့သော မုန်တိုင်းများအတွက် ကလယ်ဒိုနီးယားCaledonia၊ အက်ဆစ်စ်Essex နှင့်အော်လင်းစ် Orleans တို့၏သတ်မှတ်ထားသောကောင်တီများတွင်နေထိုင်သူများသာလျှောက်ထားနိုင်သည်။
. ဇူလိုင်လက မုန်တိုင်းနှစ်ခုစလုံးဘေးဒဏ်သင့်ခဲ့သော ဗားမွန့်ပြည်နယ်မှာနေထိုင်သူများသည် မုန်တိုင်းတခုချင်းစီအတွက် သီးခြားလျှောက်လွှာများ တင်ပြီးအကူအညီလျှောက်ထားနိုင်သည်။
နစ်နာဆုံးရှုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် သဘာဝဘေးမှလွတ်မြောက်သူများသည် သူတို့၏ ထိခိုက်ပျက်စီးမှုများအတွက် ပြုပြင်မှုစရိတ်ခန့်မှန်းချက် သို့မဟုတ် အာမခံမှလျော်ကြေးငွေများမရှိရသေးသော်လည်း FEMA ထံ အကူအညီလျှောက်ထားသင့်သည်။ အကူအညီများတွင်ထည့်သွင်းစဉ်းစားခြင်းခံရရန် သဘာဝဘေးထိခိုက်မှုဒဏ်ခံရသောဒေသမှာနေသူများသည် နောက်ဆုံးသတ်မှတ်ရက်မတိုင်မီ အကူအညီတောင်းသည့်စနစ်တွင် စာရင်းသွင်းရန် လိုအပ်ပါသည်။
အကူအညီ လျှောက်ထားရန် နည်းလမ်းသုံးမျိုးမှာ
- အွန်လိုင်းကတဆင့် DisasterAssistance.gov.
- FEMA Helpline 1-800-621-3362 သို့ ဖုန်းခေါ်ဆိုပါ။ ဖုန်းလိုင်းများကို နံနက် ၇ နာရီကနေ ည ၁၀ နာရီအထိ (သင်၏ဒေသစံတော်ချိန်) တစ်ပတ်လျှင် ခုနစ်ရက်လုံး ဖုန်း ခေါ်ဆိုနိုင်ပါသည်။ အကူအညီတောင်းခံမှုကို ဘာသာစကား အတော်များများဖြင့် ရနိုင်ပါသည်။ ဗီဒီယို ထပ်ဆင့် လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းထိုးပါသည့် တယ်လီဖုန်း ဝန်ဆောင်မှု သို့မဟုတ် အခြားဝန်ဆောင်မှုများကို အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် FEMA ကို သင့် ဖုန်းနံပါတ်ကို ပေးထားရပါမည်။ အကူအညီကိုမည်သို့လျှောက်ထားရမလဲဆိုသည်ကို အလွယ်တကူရှင်းပြထားသည့်ဗီဒီယိုကို သွားကြည့်ရန်youtube.com/watch?v= WZGpWI2RCNw
- အက်ပလီကေးရှင်းကို ဒေါင်းလုပ်ဒ်လုပ်ရန် FEMA mobile app
နောက်ဆုံးသတ်မှတ်ရက်အထိ လျှောက်ထားခြင်းမပြုရသေးသူများသည် အဘယ်ကြောင့် အကူအညီကိုမလျှောက်ထားဘဲလွတ်သွားရသနည်းဆိုသည်ကိုအထောက်အထားခိုင်လုံစွာတင်ပြပေးရမည်။ အကြောင်းပြချက်များတွင် အောက်ပါအချက်အလက်များပါဝင်နိုင်သည်။-ဆေးရုံတက်ပြီးဆေးကုသခြင်းမှတ်တမ်း၊ နာမကျန်းမှု သို့မဟုတ် လျှောက်ထားသူ၏ မသန်စွမ်းမှု သို့မဟုတ် မိသားစုဝင်အရင်းအချာတစ်ဦး၊ မိသားစုဝင်တစ်ဦး သေဆုံးခြင်း၊ သို့မဟုတ်