COLUMBIA, S.C. –South Carolina နေထိုင်သူများသည် Hurricane Helene နောက်ပိုင်း FEMA အထောက်အပံ့ကို လျှောက် ထားပြီးနောက်၊ သဘာ၀ဘေးအန္တရာယ်ကြောင့် ပျက်စီးမှုကို သတ်မှတ်ရန်နှင့် အိမ်၏ဘေးကင်းလုံခြုံမှု၊ မိလ္လာသန့်ရှင်းရေး နှင့် နေထိုင်နိုင်ခြေရှိမှုတို့ကို ဆုံးဖြတ်ရန် အိုးအိမ်စစ်ဆေးမှုကို လိုအပ်ပါလိမ့်မည်။ ယင်း စစ်ဆေးမှုများကို FEMA နှင့် ကန်ထရိုက်လုပ်ထားသည့် ကြည့်ရှုစစ်ဆေးသူများက ဆောင်ရွက်မည်ဖြစ်ပြီး ယင်းတို့သည် မည်သည့်နည်းနှင့်မျှ ငွေကြေးတောင်းခံခြင်း သို့မဟုတ် လက်ခံယူခြင်း ပြုလိမ့်မည်မဟုတ်ပါ။
ကြည့်ရှုစစ်ဆေးသူများသည် အထောက်အပံ့အတွက် သတ်မှတ်ချက် ပြည့်မှီခြင်းရှိမရှိကို ဆုံးဖြတ်မည်မဟုတ်။ ကြည့်ရှုစစ်ဆေးစဉ်အတွင်း စုဆောင်းထားသော သတင်းအချက် အလက်များသည် လျောက်ထားသူများအနေနှင့် အကယ်၍ဖက်ဒရယ် အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်းပြည့်မီပါက FEMA အနေနှင့်ဆုံးဖြတ်ရန် များစွာသော အမျိုးအစားများ၏ အစိတ်အပိုင်း အနေနှင့် အသုံးပြုပါလိမ့်မည်။
ကြည့်ရှုစစ်ဆေးသူက ဆုံးဖြတ်မှု ပြုလိမ့်မည်မှာ
- အိမ်၏အတွင်းနှင့်အပြင် တည်ဆောက်ပုံကောင်းမွန်ခိုင်ခန့်မှု အနေအထား
- လျှပ်စစ်၊ ဂက်စ်၊ အပူ၊ ရေပိုက် နှင့် ရေဆိုးပိုက်/မိလ္လာကန်များ အားလုံးသည် အလုပ်လုပ်ဆောင်နေမှုရှိမရှိ။
- အိမ်သည်နေထိုင်ရန် ဘေးကင်းလုံခြုံမှုရှိမရှိ၊ ဘေးကင်း လုံခြုံစွာ အဝင်အထွက် ပြုနိုင်ခြေ ရှိမရှိ။
ကြည့်ရှုစစ်ဆေးသူသည် တွေ့ဆုံရန် ရက်ချိန်းကို သူမလာရောက်မီ၊ သင်က FEMA လျှောက်လွှာတွင် ပေးထားသော ဖုန်းနံပါတ်မှ တဆင့် သင့်ထံသို့ ဖုန်း သို့မဟုတ် စာရိုက်ပြီး ရက်ချိန်းယူပါလိမ့်မည်။ သူတို့က ဓါတ်ပုံပါသည့် သက်သေခံကဒ်ပြားကို သင့်ကို ပြပါလိမ့်မည်။ လုံခြုံရေးအကြောင်းပြချက်များအရ ဖက်ဒရယ် သက်သေခံကဒ်ကို ဓါတ်ပုံရိုက်ခွင့်မရှိပါ။
အကယ်၍ ကြည့်ရှုစစ်ဆေးသူက သင်နှင့် အဆက်အသွယ်မရခဲ့ပါက ကြည့်ရှုစစ်ဆေးသူသည် FEMA လျှောက်လွှာတွင်ပါသည့် ဖုန်း နံပါတ်တွင် သတင်းစကား နှင့်/သို့ဟုတ် စာရိုက်၍ ထားခဲ့ပါလိမ့်မည်။ ထိုဆက်သွယ်မှုများသည် သင်မသိသေးသော ဖုန်းနံပါတ်များမှ လာနိုင်ပြီး အရေးကြီးသည်မှာ လျှောက်ထားသူအနေနှင့် တုန့်ပြန် ဖြေကြားရန်လိုပါ သည်၊ သို့မှသာ ယင်းတို့၏လျှောက်ထားမှုကို ဆက်လက်လုပ်ဆောင်နိုင် ပါလိမ့်မည်။ အခြားသော ဖုန်းနံပါတ်တခုပေးထားခြင်း၊ ဥပမာအားဖြင့် ဆွေမျိုး တဦး သို့မဟုတ် သတင်းပေးရန် မိမိယုံကြည် အားထားနိုင်သူတဦးဦး ၏ဖုန်းနံပါတ်ကိုပေးထားပါက ယင်းသည်၊ ကြည့်ရှုစစ်ဆေးသူ အနေနှင့် သင့်ကို ဆက်သွယ်နိုင်ရန်နှင့် ကြည့်ရှုစစ်ဆေးမှုလုပ်ရန် စီစဉ် နိုင်ရေးအတွက် အထောက်အကူဖြစ်ပါလိမ့်မည်။
ကြည့်ရှုစစ်ဆေးရန်အတွက် အောက်ဖော်ပြပါ အထောက်အထားများ နှင့် သတင်းအချက်အလက်များ သင့်တွင် အဆင်သင့်ထားရှိပါ။ သင်အဆင်သင့် ပြင်ထားရန်မှာ
- သင်၏ FEMA လျှောက်လွှာ နံပါတ် နောက်ဆုံး လေးလုံး
- သင်၏ဓါတ်ပုံပါသော သက်သေခံကဒ်ပြားကို ပြပါ။ အကယ်၍ယင်း သက်သေခံအိုင်ဒီပျောက်ဆုံးနေပါက စစ်ဆေးသူကို ပြောပြပါ။ FEMA တွင် သင့် ကိုယ်ရေးကိုယ်တာသက်သေခံကို စစ်ဆေးနိုင်သော အခြားနည်းလမ်းများစွာရှိပါသည်။
- သဘာဝဘေးအန္တရာယ်ဖြစ်ချိန်တွင် အိမ်ကိုသင်ပိုင်ဆိုင်ကြောင်း သို့မဟုတ် အိမ်တွင်နေထိုင်ကြောင်း သက်သေခံကိုပြပါ။ ယင်းတွင်အာမခံပေါ်လစီစာရွက်များ၊ အခွန်ပြေစာများ၊ အိမ်ကြွေး စာရွက်များ၊ အိမ်ငှားခပြေစာများ၊ နှင့် ရေဖိုးမီးဖိုးပြေစာများ ပါဝင်ပါ သည်။
- အာမခံအထောက်အထားစာရွက် စာတမ်းများပြပါ။ ဥပမာ အိမ် နှင့်/ သို့မဟုတ် ကားအာမခံ ပေါ်လစီများ
- သဘာဝဘေးအန္တရာယ်ဖြစ်ချိန်တွင် အိမ်တွင်အတူနေထိုင်ခဲ့ကြသည့် အိမ်ထောင်စုဝင်များ စာရင်းကို ပေးပါ။
- သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးရသော သင်၏အိမ်နှင့် ပိုင်ဆိုင်ပစ္စည်း နှစ်မျိုးလုံးနှင့် ပတ်သက်၍ ရှင်းပြပါ။ အပျက်အစီးများ၏ ဓါတ်ပုံ သို့မဟုတ် ဗီဒီယိုများ စုဆောင်းထားပါ။
ပုံမှန် အိမ်ကြည့်ရှုစစ်ဆေးမှုသည် ပြီးပြည့်စုံအောင် ၄၅ မိနစ်ခန့်အချိန် ယူတတ်ပါသည်။ ကြည့်ရှု စစ်ဆေးမှုပြီးသည့်နောက် လုပ်ငန်းစဉ်များ ဆက်လက်လုပ်ရန် ၇ ရက်မှ ၁၀ ရက်ခန့် ခွင့်ပြုပါ။ အကယ်၍သင့်တွင် သင်၏လျှောက်ထားမှုနှင့် ပတ်သက်၍ သိလိုသည် များရှိပါက FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ ဖုန်းခေါ်ပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။
FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။