ရေဘေးဒဏ်ကြောင့် ပျက်စီးသည့် နေအိမ်များအတွက် သန့်ရှင်းရေးနှင့် သန့်စင်ရေး အကူအညီရနိုင်သည်

Release Date Release Number
13
Release Date:
ဇူလိုင်လ 30, 2023

ဝစ်လစ္စတန်၊ ဗာမွန့် -အကယ်၍ သင်၏အိမ်သည် ဗာမွန့်၏ လတ်တလော ရေဘေးကြောင့် ထိခိုက်မှုရှိသော်လည်း လုံခြုံစွာ ဆက်လက်နေထိုင်နိုင်ပါက FEMA သည် သန့်ရှင်းရေးလုပ်ငန်းများအတွက် $၃၀၀ အကူအညီပေးနိုင်ပါသည်။ သန့်ရှင်းရေးနှင့် သန့်စင်ခြင်းအကူအညီသည် အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများအား ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်သည့် ပျက်စီးမှိုစွဲမှုများကို ရှင်းလင်းရန်နှင့် အပျက်အစီးများ ဆက်လက်မဖြစ်ပွားဘဲ လုံခြုံရေးအတွက် ပူပင်စရာများအား ကူညီဖြေရှင်းပေးရန် ရည်ရွယ်ပါသည်။

သင်သည် သန့်ရှင်းရေးနှင့် သန့်စင်ခြင်းအကူအညီအတွက် အောက်ပါအချက်အလက်များနှင့်ပြည့်စုံပါက အကျုံးဝင်ပါသည်-

  • သင်သည် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ အော်လင်းစ်၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာ ကောင်တီတို့၌နေထိုင်သည်။
  • FEMA စစ်ဆေးမှုအရ သင့်အိမ်သည် ကပ်ဘေးကြောင့် ပျက်စီးမှုရှိကြောင်း သို့မဟုတ် သင်က အိမ်ငှားဖြစ်ပါက အိမ်သည် သန့်ရှင်းရန် လိုအပ်သည် သို့မဟုတ် သန့်ရှင်းမှု ပြုလုပ်ထားသည်ဟု စစ်ဆေးသူက မှတ်ချက်ပြုထားသည်။
    • သန့်ရှင်းရေးလုပ်ထားပါက သန့်ရှင်းရေးပစ္စည်းများ ဝယ်ယူမှု သို့မဟုတ် အခပေးကူညီမှု ရယူခြင်းတို့အတွက် ပြေစာများကို သိမ်းထားပါ။
  • အပျက်အစီးသည် အာမခံထားရှိမှုအောက်တွင် မပါဝင်ပါ။
  • FEMA က ကပ်ဘေးကြောင့် အပျက်အစီးရှိသော သင်၏ မူရင်းနေအိမ်သည် နေထိုင်ရန် လုံခြုံဘေးကင်းသည်ဟု ယူဆသည်။

သင့်အိမ်တွင် မှိုတက်နေပါက မည်သို့လုပ်ဆောင်ရမည့် အကြံပြုချက်များအတွက် ဤနေရာတွင် ကြည့်ပါ - fema.gov/fact-sheet/mold-problems-and-solutions

FEMA အကူအညီအတွက် မှတ်ပုံတင်ရန် FEMA အကူအညီဖုန်းလိုင်း ၁-၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်ပါ။ အွန်လိုင်းတွင် DisasterAssistance.gov သို့သွားပါ သို့မဟုတ် FEMA App ကို ဒေါင်းလုဒ်လုပ်ပါ။ အကယ်၍ သင်သည် ဗီဒီယို စာထပ်ဆင့်ပို့ခြင်းဝန်ဆောင်မှု (VRS)၊ စာသားပါ ဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြား ထပ်ဆင့်ဝန်ဆောင်မှု တစ်ခုခု သုံးပါက လျှောက်ထားချိန်တွင် FEMA ကို ယင်းဝန်ဆောင်မှု၏ ဖုန်းနံပါတ်ကို ပေးပါ။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ 833-285-7448 သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။ 

Tags:
နောက်ဆုံးသတင်း