FEMA အကူအညီအတွက် အော်လင်းစ်ကောင်တီ ယခု အကျုံးဝင်ပြီ

Release Date Release Number
011
Release Date:
ဇူလိုင်လ 27, 2023

ဝစ်လစ္စတန်၊ ဗာမွန့်- ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သော ပြင်းထန်သည့် မုန်တိုင်း၊ ရေကြီးရေလျှံမှု၊ မြေပြိုမှုနှင့် ကမ်းပါးပြိုမှုများမှ ပြန်လည်နလံထူနိုင်ရေးအတွက် နောက်ထပ် ဗာမွန့်ကောင်တီတစ်ခုတွင် နေထိုင်သူများသည် ဖယ်ဒရယ်ရန်ပုံငွေရရှိနိုင်မည် ဖြစ်သည်။ 

အော်လင်းစ်ကောင်တီတွင် နေထိုင်ပြီး မိမိတို့၏ နေအိမ် သို့မဟုတ် ပိုင်ဆိုင်သည့် ပစ္စည်းများ ပျက်စီးသူများသည် FEMA အကူအညီကို လျှောက်ထားနိုင်ပြီ ဖြစ်သည်။ ပြည်နယ်က တောင်းဆိုလာပြီး အပျက်အစီးကို ဆက်လက် လေ့လာချက်များအရ လိုအပ်မည်ဆိုပါက နောက်ထပ် ကောင်တီများကိုလည်း နောက်ပိုင်းရက်များတွင် ထည့်သွင်းသွားဖွယ်ရှိသည်။ 

အော်လင်းစ် ကောင်တီကို တစ်ဦးချင်းအကူအညီ တောင်းခံနိုင်သည့် အောက်ပါခွင့်ပြုပြီး ကောင်တီ ရှစ်ခုစာရင်းသို့ ထပ်တိုးထည့်သွင်းလိုက်ခြင်း ဖြစ်သည်- ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာ။

အကူအညီတွင် ယာယီနေထိုင်စရာနေရာနှင့် အိမ်ပြုပြင်ခြင်းအတွက် ထောက်ပံ့ကြေးငွေများ၊ အာမခံ မရှိသည့် ပစ္စည်းများ ပျက်စီးမှုအတွက် အတိုးနှုန်းနိမ့် ချေးငွေများ၊ ကပ်ဘေးမှ ပြန်လည်နလံထူနိုင်ရန် တစ်ဦးချင်းနှင့် လုပ်ငန်းရှင်များအား ကူညီပေးသည့် အခြားအစီအစဉ်များ ပါဝင်နိုင်သည်။ 

အကူအညီလျှောက်ထားရန်အတွက် မနက် ၇ နာရီမှ ည ၁၁ နာရီအထိ FEMA အကူအညီလိုင်း ၈၀၀-၆၂၁-၃၃၆၂ ကို အခမဲ့ ဖုန်းခေါ်ပါ။ အွန်လိုင်းတွင် DisasterAssistance.gov သို့ သွားပါ။ သို့မဟုတ် FEMA App ကို ဒေါင်းလုဒ်လုပ်ပါ။ အကယ်၍ သင်သည် ထပ်ဆင့်ပို့သည့် ဝန်ဆောင်မှုဖြစ်သော ဗီဒီယိုထပ်ဆင့်ပို့ဝန်ဆောင်မှု (VRS)၊ ဖုန်းစာသားဝန်ဆောင်မှု သို့မဟုတ် အခြား အလားတူ ဝန်ဆောင်မှုကို သုံးပါက သင်လျှောက်ထားချိန်တွင် သင့်နံပါတ်ကို FEMA အား ပေးပါ။

နောက်ဆုံး သတင်းအချက်အလက်များအတွက် fema.gov/disaster/4720.  ကို ဝင်ကြည့်ပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာတွင် twitter.com/FEMARegion1  သို့မဟုတ် ဖေ့ဘုတ်တွင် facebook.com/FEMA. လိုက်ကြည့်ပါ။ 

ဗာမွန့်၏ တုံ့ပြန်ချက်နှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးသတင်းအချက်အလက်များအတွက် ဗာမွန့် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ ကို တွစ်တာတွင်  twitter.com/vemvt  နှင့် ဖေ့ဘုတ်တွင် facebook.com/vermontemergencymanagement တို့၌ လိုက်ကြည့်ပါ။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။

Tags:
နောက်ဆုံးသတင်း