ရေတွင်း၊ မီးပြင်းဖို သို့မဟုတ် မိလ္လာစနစ် ပျက်စီးပါသလား။ FEMA က ကူညီနိုင်ပါသည်

Release Date Release Number
006
Release Date:
ဇူလိုင်လ 23, 2023

WILLISTON, Vt. – အကယ်၍ သင်သည် ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာ ကောင်တီတို့၌ လတ်တလော ရေကြီးရေလျှံဖြစ်ခဲ့သဖြင့် ကိုယ်ပိုင်ရေတွင်း သို့မဟုတ် မိလ္လာစနစ် ထိခိုက်ပျက်စီးမှုကြောင့် ရေမရရှိနိုင်ခြင်း သို့မဟုတ် အပူအအေးစနစ် သို့မဟုတ် မီးပြင်းဖို ပျက်စီးခြင်းတို့ ဖြစ်ပါက FEMA အကူအညီကို ရရှိရန် အကျုံးဝင်နိုင်ပါသည်။ 

စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူ သင့်အိမ်သို့လာရောက်ပြီး ကိုယ်ပိုင်ရေတွင်း၊ အပူအအေးစနစ်၊ မီးပြင်ဖိုနှင့် မိလ္လာစနစ်တို့ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုအတွက် လိုအပ်သည့် ပြင်ဆင်မှု သို့မဟုတ် အစားထိုးမှုများပြုလုပ်ရန် ကုန်ကျမည့်စရိတ်ကို ခန့်မှန်းတွက်ချက်ပေးခကို FEMA က သင့်အား ငွေပြန်ထုတ်ပေးနိုင်ပါသည်။ 

အာမခံထား၍ မရသည့် မိလ္လာစနစ် သို့မဟုတ် ကိုယ်ပိုင်ရေတွင်းတို့အား ပြင်ဆင်ရန် သို့မဟုတ် အစားထိုးရန် အမှန်တကယ်ကုန်ကျစရိတ်ကို FEMA က သင့်အား ပေးနိုင်ပါသည်။

FEMA အကူအညီကို သင်လျှောက်ထားပါက သင့်အိမ်ကို လာရောက်ကြည့်ရှုစစ်ဆေးရန်အတွက် သင့်အား ဆက်သွယ်ပါမည်။ အကယ်၍ သင့်အား ၇-၁၀ ရက်ကျော် မဆက်သွယ်လာပါက FEMA အကူအညီဖုန်းလိုင်း ၁-၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်ပါ။ သင့်အိမ်အား လာရောက်စစ်ဆေးချိန်တွင် FEMA စစ်ဆေးသူအား သင်သည် ကိုယ်ပိုင်ရေတွင်း နှင့်/သို့မဟုတ် မိလ္လာစနစ်ရှိကြောင်းနှင့် ၎င်းတို့ ပျက်စီးနေနိုင်ကြောင်း ပြောပြပါ။ အကယ်၍ အပျက်အစီးသည် ရေကြီးရေလျှံမှုကြောင့် ဖြစ်ကြောင်း ဆုံးဖြတ်ပါက သင်သည် FEMA အကူအညီ ရရန် အကျုံးဝင်နိုင်သည်။ 

အကယ်၍ သင့်အိမ်ကို လာရောက်စစ်ဆေးပြီးသွားသော်လည်း ရေတွင်း သို့မဟုတ် မိလ္လာစနစ် ပျက်စီးကြောင်း သတင်းမပို့ခဲ့ဖြစ်ခဲ့ပါက FEMA အကူအညီဖုန်းလိုင်းကို ဆက်သွယ်ပြီး သင်၏ အပျက်အစီးအခြေအနေကို ပြောပြပါ။ ကျေးဇူးပြု၍ သင့်ကွန်ထရက်တာက တွက်ချက်ထားသော စာနှင့်အတူ ခန့်မှန်းကုန်ကျစရိတ်နှင့် ပြေစာတို့ကို သိမ်းထားပါ။ FEMA ၏ ဆုံးဖြတ်ချက်စာပါ အချက်အလက်များကို ကြည့်ပါ သို့မဟုတ် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ပါက အယူခံဝင်ရန် လမ်းညွန်ကို ကြည့်ပါ။ 

FEMA အကူအညီအတွက် မှတ်ပုံတင်ရန် FEMA အကူအညီဖုန်းလိုင်း ၁-၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်ပါ။ အွန်လိုင်းတွင် DisasterAssistance.gov သို့သွားပါ သို့မဟုတ် FEMA App ကို ဒေါင်းလုဒ်လုပ်ပါ။ အကယ်၍ သင်သည် ဗီဒီယို စာထပ်ဆင့်ပို့ခြင်းဝန်ဆောင်မှု (VRS)၊ စာသားပါ ဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြား ထပ်ဆင့်ဝန်ဆောင်မှု တစ်ခုခု သုံးပါက လျှောက်ထားချိန်တွင် FEMA ကို ယင်းဝန်ဆောင်မှု၏ ဖုန်းနံပါတ်ကို ပေးပါ။ 

အကယ်၍ သင်သည် သတ်မှတ်ထားသော ကောင်တီတွင် နေထိုင်ခြင်းမပြုဘဲ အပျက်အစီးနှင့် ကြုံတွေ့ရပါက FEMA အကူအညီဖုန်းလိုင်း ၁-၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်၍ လျှောက်ထားနိုင်ပြီး သင့်ကောင်တီကို သတ်မှတ်စာရင်းသို့ ထည့်သွင်းသည်နှင့် သင်၏လျှောက်လွှာကို စတင်လုပ်ဆောင်ပါမည်။ 

သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ 833-285-7448 သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။ 

Tags:
နောက်ဆုံးသတင်း