FEMA ၏ တဦးချင်းအထောက်အပံ့အစီအစဉ်သည် သဘာဝဘေးအန္တရာယ် မှအသက်ရှင်ကျန်သူများအတွက် အခြေခံအရေးကြီးသည့်လိုအပ်ချက်များ ဥပမာ ဘေးကင်းလုံခြုံရေး၊ မိလ္လာအညစ်အကြေးသန့်ရှင်းရေး နှင့် သဘာဝဘေးရန်တခုမှ ပြန်လည် ထူထောင်ချိန်အတွင်း ရှင်သန်နေထိုင်ရန် အလုပ်ဖြစ်သည့်နေရာ စသည်တို့အတွက် ဒီဇိုင်းပုံစံချထားပါသည်။ South Carolina ရှိသတ်မှတ်ထားသော ကောင်တီ 28 ခုနှင့် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် သတ်မှတ်ချက်ပြည့်မီသည့် အိမ်ပိုင်ရှင်များ နှင့် အိမ်ငှားများဖြစ်ပြီးFEMA အထောက်အပံ့ကို လက်ခံရရှိရန် အရည်အချင်း ပြည့်မီပါလိမ့်မည်။ ဤနေရာတွင် အချို့သော အမေးများသည့် မေးခွန်းများနှင့် အဖြေများကို စုစည်းဖော်ပြထားပါသည်။ ယင်းသည် သင့်အတွက် အထောက်အကူဖြစ်စေ ပါလိမ့်မည်။
မေးခွန်း မိမိသည် လျှောက်ထားရန် အရည်အချင်းပြည့်မီပါသလား။
အဖြေ South Carolina ရှိ Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် Hurricane Heleneကြောင့် ထိခိုက်ခံစားရသူများဖြစ်၍ FEMA အထောက်အပံ့အတွက် သတ်မှတ်ချက် ပြည့်မီနိုင်ပြီး လျှောက်ထားရန်အတွက်လည်း အားပေးတိုက်တွန်းပါသည်။
မေးခွန်း FEMA အထောက်အပံ့ကို မိမိအနေနှင့် မည်သို့လျှောက်ထားနိုင်ပါသလဲ။
အဖြေ သင်လျှောက်ထားနိုင်သည့် နည်းလမ်း ၄ခု ရှိပါသည်၊
- လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာမဆို သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362သို့ စာတိုပေးပို့ပါ။ DRC 29169).
- အွန်လိုင်း DisasterAssistance.gov.သို့ သွားပါ။
- သင်၏ဖုန်းတွင် FEMA mobile app. ကိုအသုံးပြုပါ
- FEMA သဘာဝဘေးအန္တရာယ်အကူအညီအရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။
မုန်တိုင်းမှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် အထောက်အကူ ရယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ချက်များရှိသော အခြားသူများသည် FEMA အစီအစဉ်များတွင် ပါဝင်နိုင်ပါသည်။
မေးခွန်း FEMA မှ မည်သို့သော အထောက်အပံ့များ ထောက်ပံ့ပါသလဲ။
အဖြေ သတ်မှတ်ချက်ပြည့်မှီသောလျှောက်ထားသူများသည် FEMA ၏ထောက်ပံ့မှု များအနက် တခုသို့မဟုတ် များပြားသော ပုံစံများအတွက် အရည်အချင်း ပြည့်မီနိုင်ပါလိမ့်မည်။ ဥပမာအားဖြင့်
- အရေးတကြီးလိုအပ်ချက်အထောက်အပံ့များ ဖြစ်သော အသက်ကယ်ရေးနှင့် အသက်ဆက်လက်ရှင်သန်ရေးပစ္စည်းများ ယင်းတွင်၊ ရေ၊ အစားအသောက်၊ ရှေးဦးသူနာပြု၊ ဆေးညွှန်းများ၊ မွေးကင်းစကလေးဖော်မြူလာနို့မှုန့်များ၊ နို့တိုက်ပစ္စည်းအထောက်အကူများ၊ ဒိုင်ပါများ၊ အသုံးချဆေးဝါးပစ္စည်းများ၊ တာရှည်ခံ ဆေးဘက်ဆိုင်ရာပစ္စည်းများ၊ တကိုယ်ရေသုံးသန့်ရှင်းရေး ပစ္စည်းများနှင့် သယ်ယူပို့ဆောင်ရေး စက်သုံးဆီများ ပါဝင်သည်။
- နေရာရွှေ့ပြောင်းမှု အထောက်အကူများ ယင်းမှာ ရုတ်တရက် အိမ်ရာ လိုအပ်ချက်များ၊ အသက်ရှင်ကျန်သူများအနေနှင့် Hurricane Helene အပြီး အိမ်သို့ ချက်ခြင်းပြန်ရန် မဖြစ်နိုင်သေးသူများ
- တည်းခိုစရိတ် ပြန်လည်ပေးခြင်း၊ ဟိုတယ်စရိတ်များ၊ ယင်းမှာ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးသော ၎င်းတို့အိမ်သို့ ပြန်မသွားနိုင်သည့် အာမခံမရှိသော သို့မဟုတ် အာမခံထားရှိသော လျောက်ထားသူများအတွက် လက်ခံပြေစာ မိတ္တူများ လက်ဝယ်ထားရှိပါ။
- အိမ်ပြင်ခြင်း/အစားထိုးခြင်း အထောက်အပံ့ - သင့်အနေနှင့် သဘာဝဘေးရန်ကြောင့် ပျက်စီးပျောက်ဆုံးမှုမှ သို့မဟုတ် အခြားသော ရင်းမြစ်များမှ ဖြည်းဆည်းနိုင်မှုမရှိသည့် သင့်အိမ်ပျက်စီးမှကို ပြင်ဆင်ခြင်း သို့မဟုတ် ဖြည့်စွက်အစားထိုးခြင်းအတွက်အကူအညီ
- သုံးစွဲနိုင်စေသော လိုအပ်ချက် - ၎င်းတို့၏အိမ်သည် တိကျသော ပြင်ဆင်မှု များနှင့်အတူ သုံးစွဲနိုင်ကြောင်းသေခြာစေသည့် မသန်စွမ်းသူများအတွက် အကူအညီ
- အိမ်ငှားရမ်းရန်အကူအညီ - Hurricane Helene နှင့်ဆက်စပ်သော ပျက်စီးမှုများကြောင့် မိမိတို့၏ အဓိကနေအိမ်သည် နေထိုင်၍မရနိုင်သဖြင့် အစားထိုးနေစရာနေရာအတွက်
- ကိုယ်ပိုင်ပစ္စည်းဥစ္စာအကူအညီ - hurricane ကြောင့် ပျက်စီးဆုံးရှုံးသွားရပြီး အာမခံမထားသော မရှိမဖြစ်သည့်ကိုယ်ပိုင်ပစ္စည်းဥစ္စာများကို ပြင်ဆင်ရန် သို့မဟုတ် ပြန်လည်အစားထိုးရန်
- သွားရေးလာရေးအကူအညီ - သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသွားသော အဓိကသုံးယာဉ်များအတွက်
- ကျန်းမာရေးနှင့်သွားဘက်ဆိုင်ရာအကူအညီ - Hurricane Helene ကြောင့် အာမခံထားခြင်းမရှိသော ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာလိုအပ်ချက်များ သို့မဟုတ် ဆုံးရှုံးမှုများအတွက်
- နာရေးအကူအညီ- သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ခဲ့ရသော နာရေး သို့မဟုတ် ပြန်လည် မြှုပ်နှံရေးအတွက် ကုန်ကျစရိတ်များပေးခြေရန်
- အထွေထွေပစ္စည်းများအတွက်အကူအညီ- သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်ထူထောင်ရေးအတွက် အတိအကျလိုအပ်သော ပစ္စည်းများဝယ်ယူရန် သို့မဟုတ် ငှားရမ်းရန်
- ကလေးစောင့်ရှောက်ရေးအကူအညီ- Hurricane Helene ကြောင့် တိုးမြင့်သွားသောစရိတ် သို့မဟုတ် အသစ်ဖြစ်သော ကလေးစောက့်ရှောက်ရေးကုန်ကျစရိတ်များကို ပေးခြေရန်
- ပြောင်းရွှေ့ခြင်းနှင့် သိုလှောင်ခြင်းကုန်ကျစရိတ်များအကူအညီ - သင့်အိမ်မှ ကိုယ်ပိုင်ပစ္စည်းများကို နောက်ထပ်ပျက်စီးခြင်းမှ ကာကွယ်ရန်အတွက် နေရာရွှေ့ခြင်းနှင့် သိုလှောင်သိမ်းဆည်းခြင်းအတွက်
မေးခွန်း မိမိသည် FEMA အထောက်အပံ့ကို လျှောက်ထားခဲ့သည် နောက်တဆင့် ကဘာလဲ
အဖြေ FEMA အထောက်အပံ့အတွက် လျှောက်လွှာတင်သွင်းပြီးပါက၊ အိမ်ကို စစ်ဆေးမှုဝင်ခြင်းသည် လိုအပ်ပါလိမ့်မည်။ သို့ဖြစ်၍ စစ်ဆေးသူတဦးသည် ချိန်းဆိုမှုပြုရန် သင့်ကို ဆက်သွယ်လာပါလိမ့် မည်။ FEMA မှဖုန်းခေါ်ဆိုမှုကို ကျေးဇူပြု၍ ဖြေကြားပါ။ ယင်းသည် သင်မသိသေးသော နံပါတ်များ ဖြစ်ပါလိမ့်မည်။
မေးခွန်း FEMA စစ်ဆေးသူက ဘာတွေကို ကြည့်လိမ့်မည်လဲ။
အဖြေ FEMA စစ်ဆေးသူအနေနှင့် အိမ်၏ လုံခြုံဘေးကင်းမှု၊ လက်ခံနိုင်ခြေနှင့် လက်တွေ့ အလုပ်ဖြစ်နိုင်ခြေတို့ကို ဆုံးဖြတ်ရန် လိုအပ်ပါလိမ့်မည်။ FEMA အနေနှင့် လျှောက်ထားသူတဦးသည် အထောက်အပံ့အတွက် အရည်အချင်းပြည့်မီမှုရှိမရှိ ဆုံးဖြတ်ရာတွင် အောက်ပါ အချက်များအပေါ် အခြေတည်သည်။
- တံခါးများ၊ အမိုးနှင့် ပြူတင်းပေါက်များ အပါအဝင် အိမ်အပြင်ဘက် အနေအထား ကောင်းမွန်မှု ရှိသလား။
- လျှပ်စစ်၊ ဂက်စ်၊ အပူ၊ ရေပိုက်များ၊ အိမ်သာနှင့် မိလ္လာစံနစ်များ ကောင်းစွာ အလုပ်လုပ်မှုရှိသလား။
- အိမ်အတွင်းဘက် ၊ မျက်နှာကျက်နှင့် ကြမ်းခင်းများအပါအဝင် နေထိုင်နိုင်မှု နှင့်အနေအထား ကောင်းမွန်မှုရှိသလား။
- အိမ်သည် မျှော်မှန်းထားသည့်အတိုင်း အသုံးပြုနိုင်သည့် အနေအထား ရှိပါသလား။
- အိမ်သို့ သွားရန်၊ ပြန်ရန် လုံခြုံဘေးကင်းမှုရှိပါသလား။
များစွာသောအခြေအနေများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများရှိနေသော်လည်း နေထိုင်သူများအနေနှင့် ၎င်းတို့ အိမ်တွင် လုံခြုံဘေးကင်းစွာ နေထိုင်နိုင်ကြသည်။
မေးခွန်း ဘာကြောင့်သဘာဝဘေးအန္တရာယ်အထောက်အပံ့ ခွင့်ပြုချက်မရသလဲ။
အဖြေ သင့်အတွက်ဆုံးဖြတ်ချက်စာတွင် FEMA ၏ဆုံဖြတ်ချက်များအားလုံးကို ရှင်းပြထားပါသည်။ သင့်အနေနှင့် သုံးသပ်စစ်ဆေးမှုလုပ်ငန်းစဉ်ကို သွက်လက်မြန်ဆန်စေရန် သို့မဟုတ် ပြန်လည်စတင်ရန်ထပ်ဆောင်း သတင်းအချက်အလက်များ တင်သွင်းရန် လိုပါလိမ့်မည်။ တခါတရံလျှောက်လွှာတခုသည် အထောက်အထားတခုလစ်ဟင်းမှုကြောင့် “ ခွင့်မပြု” ဟူသော ဆုံးဖြတ်ချက် ကျသွားတတ်သည်။ ကျေးဇူးပြု၍ အစဦးဆုံးဖြတ်ချက်များကို နားလည်သဘောပေါက်အောင် စာကို သေချာစွာဖတ်ရှုပါ။ အထောက်အကူဖြစ်ရန် မည်သို့သောအထောက်အထားများလိုအပ်သည်ကို ရှာဖွေပါ။
လိုအပ်နိုင်သော အထောက်အထား နမူနာများမှာ
- အာမခံလွှမ်းခြုံမှုသက်သေ
- Hurricane Helene ကြောင့် ပျက်စီးမှုအတွက် အာမခံကြေး မိတ္တူ
- ကိုယ်ရေးဆိုင်ရာအထောက်အထား(U.S. နိုင်ငံကူးလက်မှတ်၊ စစ်တပ် အိုင်ဒီ၊ ကားယာဉ်မှတ်ပုံတင်၊ ဆိုရှယ်ကဒ်နှင့် ဖက်ဒရယ် သို့မဟုတ် စတိတ် အိုင်ဒီများ၊ သင့်ဆိုရှယ်နံပါတ်ဆိုင်ရာ လစာဝင်ငွေဖြတ်ပိုင်းတခု သို့မဟုတ် အားလုံး။
- နေထိုင်မှုအထောက်အထား (အငှား သို့မဟုတ် အိမ်ငှားစာချုပ်၊ အိမ်ငှားခပြေစာများ၊ ရေမီး ဘေလ်များ၊ ကားမှတ်ပုံတင်စာရွက် စသည်။ FEMA သည် ဤလိုအပ်ချက်များ ပြည့်မှီစေရန် နည်းလမ်းများ ဖြည့်ဆည်းပေးသည်။.
- ပိုင်ဆိုင်မှုအထောက်အထား (စာချုပ် သို့မဟုတ် ပိုင်ဆိုင်ခွင့်၊ အိမ်ချေးငွေ အထောက်အထား၊ အိမ်ပိုင်ရှင် အာမခံ ပေါ်လစီ၊ ပိုင်ဆိုင်မှု အခွန်အခ ပြေစာ သို့မဟုတ် လက်ခံဖြတ်ပိုင်း၊ ဆောက်လုပ်သည့်အိမ် လက်မှတ် သို့မဟုတ် ပိုင်ဆိုင်ခွင့်စာချုပ်၊ အိမ်ဝယ် ကန်ထရိုက်များ။ FEMA သည် ဤလိုအပ်ချက်များ ပြည့်မှီစေရန် နည်းလမ်းများ ဖြည့်ဆည်းပေးသည်။.
- ပျက်စီးသွားသော ပိုင်ဆိုင်မှုအထောက်အထားသည် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်စဉ် သင်မူလနေထိုင်ခဲ့သည့်နေအိမ်ဖြစ်သည်။
အကယ်၍ သင့်တွင် FEMA ၏ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး မေးခွန်းများ ရှိပါက အွန်လိုင်းမှ DisasterAssistance.govသို့သွားပါ သို့မဟုတ် FEMA သဘာဝဘေးအန္တရာယ် အထောက်အပံ့ အရေးပေါ် 800-621-3362 သို့ ဖုန်းခေါ်ပါ။
မေးခွန်း အကယ်၍ FEMA ၏ဆုံးဖြတ်ချက် ကို မိမိသဘောမတူပါက ဘာဖြစ်မလဲ။
အဖြေ လျှောက်ထားသူတိုင်းသည် FEMAဆုံးဖြတ်ချက်အပေါ် အသနားခံစာ တင်သွင်းရန် အခွင့်အရေးရှိသည်။ ဥပမာ၊ သင့်အနေနှင့် ထောက်ပံမှုပမာဏ သို့မဟုတ် အမျိုးအစားသည် မှန်ကန်မှုမရှိဟု သင်ခံစားရပါက အသနားခံစာနှင့် သင်၏တောင်းခံမှု အတွက် အထောက်အကူဖြစ်နိုင်သည် အမျိုးမျိုးသော လိုအပ်သည့်အထောက် အထားများ၊ အိမ်ပြင်ရန်အတွက် ကန်ထရိုက်တာ၏ ခန့်မှန်းတွက်ချက်မှု ကုန်ကျစရိတ် ကဲ့သို့သော အထောက်အထားများကို တင်သွင်းနိုင်သည်။
FEMA သည် အာမခံကြေးနှင့် အခြားသောအစီအစဉ်နေရာများမှ သင်အထောက်အပံ့ရပြီးသည်များအတွက် ထပ်မံအထောက်အပံ့ပြုမည် မဟုတ်ပါ။ မည်သို့ဆိုစေ အကယ်၍ သင့်အနေနှင့် အာမခံထားရှိပြီး အာမခံထောက်ပံ့မှု သည် သင်တောင်းခံသည် လိုအပ်မှုပမာဏကို ပြည့်မီမှုမရှိခဲ့ပါက ထိုအာမခံကြေး မိတ္တူ သို့မဟုတ် ငြင်းပယ်သောစာကို FEMAသို့ တင်ပြပါ။
မေးခွန်း မိမိအနေနှင့် အသနားခံစာ ဘယ်လိုတင်ရမလဲ။
အဖြေ အကယ်၍ သင့်အနှေင့် FEMA ဆုံးဖြတ်ချက်ကို သဘောမတူပါက အသနားခံစာတင်နိုင်သည်။
FEMA မှပေးပို့သောစာတွင် FEMA မှလိုအပ်သော အထောက်အထား အမျိုးအစားများ သို့မဟုတ် သတင်း အချက်အလက်များကို ဖော်ပြထား လိမ့်မည်။ ယင်းတွင် သင်အသုံးပြုနိုင်မည့်အသနားခံစာ ပုံစံတခု ပါကောင်းပါလာ လိမ့်မည်။ သင်၏အသနားခံစာကို သင်၏ဆုံးဖြတ်ချက်စာတွင်ပါသည့် နေ့စွဲနောက် ရက် ၆၀ အတွင်း တင်သွင်းရမည်။
သင့်အနေနှင့် စာရေးသားလက်မှတ်ထိုးထားသော အသနားခံစာ မလိုအပ်ပါ။ သင့်အနေနှင့် သင်၏အသနားခံ တောင်းခံမှုကို အထောက်အကူပြုသည့် တိကျသော အထောက်အထားများ တင်သွင်ရန်နှင့် အသနားခံသည့် အထောက်အပံ့အမျိုးအစားအတွက် သတ်မှတ်ထားသော အချက်များ ပြည့်မီအောင် တင်သွင်းရန်သာ လိုအပ်ပါသည်။
သင်၏ အသနားခံစာနှင့် အထောက်အကူပြု အထောက်အထားများကို တင်သွင်းရန်
- အွန်လိုင်းတွင် DisasterAssistance.gov တွင် အကောင့်တခု ပြုလုပ်ပြီး အထောက်အထားများကို ထည့်သွင်းပါ။
- စာတိုက်မှ FEMA National Processing Service Center, P.O. Box 10055, Hyattsville MD 20782-7055.
- ဖက်စ်ဖြင့် 800-827-8112 Attention: FEMA