ဟာရီကိန်းမုန်တိုင်းကောလဟများလကိုတုံ့ပြန်ခြင်း

ကောလာဟလများနှင့်မဟုတ်မမှန် သတင်းမှားများသည် သဘာဝဘေးအန္တရာယ်တစ်ခုအပြီးမှာ အလျင်အမြန်ပျံ့နှံ့နိုင်ပါသည်။ ဟာရီကိန်းမုန်တိုင်း Helene နှင့် Milton အပြီးတွင် မုန်တိုင်းအန္တရာယ်တုံ့ပြန်ရေးကြိုးပမ်းမှုများကို ပြင်းပြင်းထန်ထန် ဟန့်တားနိုင်သည့် သို့မဟုတ် လူများကို အကူအညီအမြန်ရရှိအောင် ဆောင်ရွက်ခြင်းကို တားဆီးနိုင်သည့် ကောလဟလသတင်းမှားများစွာကို ကျွန်ုပ်တို့တွေ့ခဲ့ရသည်။

ကောလာဟလများနှင့် မဟုတ်မမှန်သတင်းမှားများကို သိရှိပြီး ယုံကြည်စိတ်ချရသောသတင်းအရင်းအမြစ်များမှတရားဝင်အချက်အလက်များကို မျှဝေခြင်းဖြင့် သင်ကိုယ်တိုင်၊ သင့်မိသားစုနှင့် သင့်အသိုင်းအဝိုင်းကို ဘေးကင်းအောင် ကူညီပေးပါ။ တရားဝင်အချက်အလက်များကို  Hurricane Heleneနှင့် Hurricane Milton. မှာ ရယူနိုင်ပါသည်။

ကောလဟာလများ ပျံ့နှံ့သွားခြင်းကို ရပ်တန့်ရန် သင့် အနေဖြင့် လွယ်ကူသော နည်းလမ်းသုံးခု ကိုလုပ်ဆောင်ပါ:  

  1. ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်များကို ရှာဖွေပါ။ 
  2. ယုံကြည်စိတ်ချရသော သတင်းအရင်းအမြစ်မှ သတင်းအချက်အလက်များကို မျှဝေပေးပါ။ 
  3. မသေချာသည့် သတင်းအရင်းအမြစ်များမှ သတင်းများကို မမျှဝေရန် အခြားသူများကို လှုံ့ဆော်ပါ။ 

ကောလဟာလများ

သည်အချက်သည် သတင်းမှားဖြစ်ပါသည်။ ရေလွှမ်းမိုးမှုခံရခြင်းအတွက်အာမခံလျော်ကြေးတောင်းခံမှုသည် သိသိသာသာပျကိစီးဆုံးရှုံးမှုအတိုင်းအတာကိုဆုံးဖြတ်ချက်အဖြစ် အလိုအလျောက်မဖြစ်လာပါ။ ထိုဆုံးဖြတ်ချက်ကိုချမှတ်ဖို့အတွက် သင့်ဒေသရှိဒေသခံအာဏာပိုင်များက ဖြစ်ရပ်တစ်ခုချင်းစီအလိုက် သင့်အိမ်မှာရေလွှမ်းမိုးကြောင့်ဖြစ်ပေါ်ခဲ့သည့်ပျက်စီးဆုံးရှုံးမှုကိုလေ့လာ အကဲဖြတ်လိမ့်မည်။

FEMA သည် ရေကြီးမှုအာမခံ ဝယ်ထားသူများကို ရေလွှမ်းမှုကြောင့် ပျက်စီးမှုများအတွက် အာမခံလျော်ကြေးတောင်းခံရန် တိုက်တွန်းပါသည်။ဒေသဆိုင်ရာ အဆောက်အအုံစစ်ဆေးရေးမှူးများက ဆုံးဖြတ်သည့် ပျက်စီးဆုံးရှုံးမှုပမာဏသည် National Flood Insurance Program အာမခံထားသူများကို လျော်ကြေးပေးသည့် ပမာဏအပေါ် သက်ရောက်မှုမရှိပါ။ NFIP အာမခံသည် သင့်မူဝါဒအရ အကျုံးဝင်သည့် ပျက်စီးဆုံးရှုံးမှုအားလုံးကို လျော်ကြေးပေးမည်ဖြစ်သည်။

သည်အချက်သည်သတင်းမှားဖြစ်ပါသည်။သိသိသာသာထိခိုက်ပျက်စီးမှုရှိသည်ဟု ဆုံးဖြတ်ချက်သည် National Flood Insurance Program (NFIP) အာမခံမှ သင်ရရှိမည့် အာမခံ အကျိုးခံစားခွင့် အပေါ် သက်ရောက်မှုမရှိပါ။

နေအိမ်သိသိသာသာ ပျက်စီးဆုံးရှုံးမှုရှိခဲ့သည့် အာမခံဝယ်ထားသူများအနေဖြင့် ဒေသအလိုက် အဆောက်အအုံ စံချိန်စံညွှန်းများနှင့်အညီ ပြန်လည်တည်ဆောက်ရန်  တိုးမြှင့်သတ်မှတ်ပေးထားသည့် ကုန်ကျစရိတ် ထပ်ဆောင်းငွေကို ရရှိနိုင်ပါသည်။ အသေးစိတ်အချက်အလက်များအတွက်သင်၏ရေကြီးရေလွှမ်းမိုးမှုဆိုင်ရာအာမခံကုမ္ပဏီ သို့မဟုတ် ကိုယ်စားလှယ်ကိုဖုန်းခေါ်ပါ။

သည်အချက်သည် သတင်းမှားဖြစ်ပါသည်။FEMA သည် အဆောက်အအုံများကို ဖျက်သိမ်းသို့မဟုတ် ဖျက်သိမ်းသည်ဟုသတ်မှတ်ခြင်းမပြုလုပ်ပါ။ဒေသဆိုင်ရာတာဝန်ရှိသူများကရေကြီးရေလျှံဖြစ်နိုင်ခြေများသောနေရာများတွင် အဆောက်အအုံနှင့် မြေထိန်းသိမ်းရေးကို စီမံခန့်ခွဲခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးပါသည်။

သင်နေထိုင်ရာအသိုင်းအဝိုင်းသည် National Flood Insurance အာမခံအစီအစဉ်တွင် ပါဝင်ပြီး သင့်အိမ်သည် သိသိသာသာ ပျက်စီးနေပြီဟု ဒေသခံအရာရှိများက ဆုံးဖြတ်ပါက ထိုအခြေအနေတွင်၊  သင့်အိမ်ကို   လက်ရှိအဆောက်အအုံစံချိန်စံနှုန်းများနှင့် ကိုက်ညီအောင်ပြုပြင်ဖို့အတွက် နောက်ထပ်အပိုလုပ်ရမည့်အဆင့်များ လိုအပ်နိုင်ပါသည်။သင့်အိမ်ကို ပြုပြင်ရန် ကုန်ကျစရိတ်သည် ဖြစ်သင့်ဖြစ်ထိုက်သော စျေးကွက်တန်ဖိုး၏  ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပိုသည်ဟု ဆုံးဖြတ်သောအခါတွင် ဒေသန္တရဆိုင်ရာစည်းမျဉ်းစည်းကမ်းများ လိုအပ်ပါသည်။သို့သော်လည်း သင့်ဒေသနှင့်ပတ်သက်သောအထူးသတ်မှတ်မှု အချက်အလက်များအတွက် သင့်ဒေသဆိုင်ရာ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ အရာရှိများကို မေးမြန်းရန် လိုအပ်ပါသည်။ သူတို့ကိုဆက်သွယ်ရန်အချက်အလက်များအတွက် သင့်မြို့ သို့မဟုတ် ကောင်တီ၏ တရားဝင်အင်တာနက်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုရန် အကြံပြုပါသည်။

သင့်ဒေသအသိုင်းအဝိုင်း၏ လက်ရှိစံနှုန်းသတ်မှတ်များအတိုင်းမိမိအိမ်ကို ပြန်လည်ဆောက်ခြင်းသည် ရေလွှမ်းမိုးခြင်းဒဏ်မှ မိမိပိုင်ဆိုင်မှုများကိုပိုမိုကောင်းမွန်စွာကာကွယ်ပေးနိုင်သဖြင့် အရေးကြီးပါသည်။

သည် အချက်သည် သတင်းမှားဖြစ်ပါသည်။FEMA သည် လျှပ်စစ်လိုင်းဝန်ထမ်းများကို တိုက်ရိုက်လစာမပေးပါ။ လျှပ်စစ် ကော်ပိုရေးရှင်းအသင်းအဖွဲများ၊ ပုဂ္ဂလိကလျှပ်စစ် သို့မဟုတ် ပုဂ္ဂလိကဆက်သွယ်ရေးနှင့် ကေဘယ်လ်ကုမ္ပဏီများသည် ၎င်းတို့၏ဝန်ထမ်းများနှင့် ကန်ထရိုက်တာများကို လုပ်ခလစာပေးပါသည်။

အချို့သောအခြေအနေများတွင်၊ FEMA သည် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ရသည့် ကုန်ကျစရိတ်များအတွက် အစိုးရ၀န်ဆောင်မှုပေးသည့် အရည်အချင်းပြည့်မီသည့် ကျေးလက်လျှပ်စစ် အသင်းအဖွဲ့များကို ပြည်သူ့အကူအညီများ (Public Assistance grants)မှတဆင့် ပြန်လည်ငွေအမ်းပေးနိုင်သည်။  သို့ရာတွင် အလုပ်သမားများကို တိုက်ရိုက်ငွေပေးချေခြင်းမရှိပါ။ အကျိုးအမြတ်အတွက် လုပ်ကိုင်ကြသည့် ပုဂ္ဂလိကကုမ္ပဏီများသည် အများပြည်သူဆိုင်ရာထောက်ပံ့ငွေပေးမှု အစီအစဥ်တွင် အကျူံးမဝင်ပါ။

သည်အချက်သည် သတင်းမှားဖြစ်သည်။ "FEMA camps "  များနှင့်ပတ်သက်သောကောလဟလသတင်းမှားများသည် မုန်တိုင်းဘေးမှာလွတ်မြောက်လာသူများကို ကူညီပေးမည့် ကျွန်ုပ်တို့၏ကြိုးပမ်းအားထုတ်မှုများကို နာမည်ဖျက်ရန် ရည်ရွယ်ပြီး ကာလကြာရှည်တမင်ပူးပေါင်းကြိုးပမ်းလုပ်ဆောင်မှုများကြောင့်ဖြစ်သည်။ FEMA သည် လူများကို စုစည်းထားခြင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခြင်းမလုပ်ပါ ၊ စစ်အုပ်ချုပ်ရေးလည်း မပြဋ္ဌာန်းပါ၊ အကျယ်ချုပ်စခန်းများမတည်ထောင်ပါ၊ လျှို့ဝှက်သတ္တုတွင်းများတူးဖော်ပြီး နေရာချခြင်းလည်းမလုပ်ပါ။

သဘာဝဘေးအန္တရာယ်တစ်ခုအပြီးတွင် နေစရာအကူအညီလိုနေသည့် ကယ်ဆယ်ရေးလုပ်သားများနှင့်ဘေးအန္တရာယ်ကနေလွတ်မြောက်လာသူများစွာရှိသည်။ FEMA က သဘာဝဘေးဒဏ်သင့်သည့်နေရာများအနီးတွင် ယာယီနေထိုင်ရာကယ်ဆယ်ရေးစခန်းကို လုပ်ပေးထားသည့်အတွက် ကယ်ဆယ်ရေးလုပ်သားများသည်  ဟိုတယ်များ သို့မဟုတ် ဘေးအန္တရာယ်မှာလွတ်မြောက်လာသူများ၏အိမ်များတွင် သွားရောက်နေထိုင်ရန်မလိုဘဲ သူတို့ ကူညီနေသောပတ်ဝန်းကျင်အနီးတွင် နေထိုင်ဖို့နေစရာရှိသည်။  FEMA ကဘေးအန္တရာယ်မှလွတ်မြောက်လာသူများအတွက်       အိမ်ရာအကူအညီ  ပေးနေသည့် အကြောင်းကို ပိုမိုလေ့လာနိုင်ပါသည်။

မြောက်ကာရိုလိုင်းနားပြည်နယ်အနောက်ပိုင်းတွင်  ဟာရီကိန်းမုန်တိုင်းHelene အတွက် ကူညီကယ်ဆယ်ရေးတခုအနေဖြင့် FEMA သည် နေရာဒေသတချို့တွင် ကယ်ဆယ်ရေးလုပ်သားများအတွက် ယာယီနားခိုရာနေရာများကို တည်ထောင်ခဲ့သည်။  ၂၀၂၄ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့အထိ၊ အဆိုပါပြည်နယ်တွင် FEMA ဝန်ထမ်း ၁၆၀၀ ကျော်ရှိသည်။  အဆိုပါ ယာယီနားခိုရာနေရာများသည် ဟာရီကိန်းမုန်တိုင်းဒဏ်ခံရသော ဒေသများတွင် အလုပ်လုပ်နေကြသည့် ဝန်ထမ်းများအတွက်နေထိုင်ဖို့အတွက်သာ အသုံးပြုနေပြီး အခြားမည်သည့်ရည်ရွယ်ချက်မျှမရှိပါ။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အဆိုပါအဆောက်အအုံများတွင် ဝန်ထမ်းများကိုကာကွယ်ဖို့ လုံခြုံရေးထားရှိပါသည်။

သည်အချက်သည် သတင်းမှားဖြစ်သည်။

FEMAသည် အကူအညီပေးဖို့ကြိုးပမ်းနေသော လူထုနှင့် FEMA ဝန်ထမ်းများ၏ဘေးကင်းလုံခြုံရေးအတွက် အသေအချာစီမံဆောင်ရွက်နေရင်း Helene မုန်တိုင်း ဘေးဒဏ်သင့်ခံရသောဒေသကလူများကို ထောက်ပံ့ကူညီမှုများ ဆက်လက်ပေးအပ်နေပါသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မြောက်ကာရိုလိုင်းနားပြည်နယ်က FEMA ဝန်ထမ်းများကို ခြိမ်းခြောက်မှုများရှိနိုင်ကြောင်း အသိပေး အကြောင်းကြားမှုများ ရှိခဲ့ပါသည်။   FEMA သည် မုန်တိုင်းဘေးအန္တရာယ်သင့်ဒေသ သဘာဝဘေးအန္တရာယ်ကရှင်သန်လွတ်မြောက်သူများဆီသို့ အကူအညီရေးအဖွဲ့များကို အိမ်တိုင်ရာရောက်စေလွှတ်ပြီးတံခါးခေါက်ကာ ကူညီပေးနေခြင်းအစား သတ်မှတ်ထားသောနေရာများမှာ စခန်းချပြီး သူတို့ကို ဆက်လက်တွေ့ဆုံပြီး ကူညီပေးမည့်မူဝါဒသို့ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပါသည်။

FEMA  ဝန်ထမ်းများ ဘေးအန္တရာယ်ကင်းရှင်းရေးကို အာမခံနိုင်ရန်နှင့် မုန်တိုင်းပြီးအသက်ရှင်လွတ်မြောက်ခဲ့သူများအပေါ်အကူအညီပေးရေးလုပ်ငန်းတွေမှာ

ပိုမို အာရုံစိုက်လုပ်ကိုင်နိုင်ရန် အတွက် FEMA ကျင့်သုံးမြဲဖြစ်သော ကွင်းဆင်းအကူအညီပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းလမ်းစဥ်များအတိုင်း ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းလည်းဖြစ်ပါသည်။

FEMA သည် ဒေသတရားဥပဒေစိုးမိုးရေးအဖွဲ့များ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် မုန်တိုင်းသင့်ဒေသ အကူညီပေးရေးလုပ်ငန်းတွေကို အနီးကပ် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  FEMA အဖွဲ့များသည် မုန်တိုင်းဘေးကအသက်ရှင်လွတ်မြောက်လာသူများ၏ အိမ်တံခါးအရောက် အကူအညီပေးရေးလုပ်ငန်းတွေကို အောက်တိုဘာ၁၄ရက်နေ့မှာ မကြာမီပြန်လည် စတင်မည်ဟု ကြေညာခဲ့ပါသည်။ FEMA  သည်ခြိမ်းခြောက်မှုနှင့် သက်ဆိုင်သောသတင်းတွေကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပုံမှန်အတိုင်း ပူးပေါင်းပြီး  လုပ်ငန်းဆောင်ရွက်မှုတွေကို အတူညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။

သည်အချက်သည် သတင်းမှားဖြစ်သည်။

FEMA သည် ဒေသန္တရအစိုးရများမှ ကိုင်တွယ်သည့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်ခြင်း၏ မည်သည့်ကဏ္ဍကိုမဆို ပိတ်ဆို့ခြင်း သို့မဟုတ် တားဆီးခြင်းကိုမလုပ်ပါ။  FEMA သည် အပျက်အစီးများ ဖယ်ရှားခြင်းကို တိုက်ရိုက်ကိုင်တွယ်ခြင်း၊ အပျက်အစီးများကို ဖယ်ရှားရန်အတွက် ကန်ထရိုက်တာများကို ငှားရမ်းခြင်း၊ သို့မဟုတ် အပျက်အစီးအမှိုက်ပုံနေရာများ သို့မဟုတ် အမှိုက်များလွှဲပြောင်းရေးစခန်းများကို စီမံခန့်ခွဲခြင်းလည်းမလုပ်ပါ။ FEMA သည် ၎င်းတို့၏ မုန်တိုင်းနှင့် ဆက်နွှယ်သော အပျက်အစီးများကို ဖယ်ရှားရှင်းလင်းခြင်းအတွက် ဒေသ၊ ပြည်နယ် သို့မဟုတ် တိုင်းရင်းသားလူမျိုးစု အစိုးရများ၏ ကုန်ကျစရိတ်ကိုသာပြန်အမ်းပေးသည်။

အကယ်၍ သင်သည် ဟာရီကိန်းမုန်တိုင်းဒဏ်ခံရပြီး သင်ပိုင်ဆိုင်သည့်အိမ်နေရာက အပျက်အစီးများကို မည်သို့ဖယ်ရှားရမည်စဉ်းစားနေပါက လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များအတွက် သင့်ဒေသခံ ခရိုင် သို့မဟုတ် မြူနီစပယ်အစိုးရထံ စုံစမ်းမေးမြန်းပါ။ သင့်ဒေသတွင် လုပ်ငန်းဆောင်ရွက်နေသောစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှလည်းကူညီပေးနိုင်ပါသည်။ပိုမိုသိရှိရန်လိုပါက:သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရန် နည်းလမ်း ၉ ခု

သည်အချက်သည် သတင်းမှားဖြစ်သည်။

FEMA သည် မုန်တိုင်းများတိုက်ခတ်ပြီးနောက် အပျက်အစီးများကို ဖယ်ရှားရန်အတွက် ကန်ထရိုက်တာများမှ လုပ်ဆောင်သော အလုပ်များကို ငှားရမ်းခြင်း၊ စီမံခန့်ခွဲခြင်း သို့မဟုတ် ကြီးကြပ်ခြင်း မရှိပါ။ FEMA သည် အပျက်အစီးအမှိုက်ပုံနေရာများ သို့မဟုတ် လွှဲပြောင်းရေးစခန်းများကို ထိန်းချုပ်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း မရှိပါ။ FEMA သည် ၎င်းတို့၏ မုန်တိုင်းနှင့် ဆက်နွှယ်သော အပျက်အစီးများကို ဖယ်ရှားခြင်းအတွက် ဒေသတွင်း၊ ပြည်နယ် သို့မဟုတ် တိုင်းရင်းသားလူမျိုးစု အစိုးရများကို ကုန်ကျစရိတ်အတွက်ငွေပြန်အမ်းပေးသည်။ သို့သော်  အပျက်အစီးများကိုဖယ်ရှားရန်အတွက် လွှဲပြောင်းရေးစခန်းများ၊ အပျက်အစီးမှိုက်ပုံနေရာများ သို့မဟုတ် ကန်ထရိုက်များကို စီမံထိန်းချုပ်နိုင်သည့်  ဒေသဆိုင်ရာဥပဒေများ သို့မဟုတ် စည်းမျဉ်းများအပေါ်တွင် ကျွန်ုပ်တို့က ထိန်းချုပ်စီမံခန့်ခွဲခြင်းမရှိပါ။

အဆိုပါအချက်သည် မဟုတ်မမှန်သောပြောကြားချက်ဖြစ်သည်။

မည်သည့်အကူအညီနှင့်သင်အရည်အချင်းပြည့်မှီအကျုံးဝင်သည်ကိုဆုံးဖြတ်နိုင်ရန် DisasterAssistance.gov သို့ ဝင်ရောက်ကြည့်ရှုပါ။ သို့မဟုတ် အကူအညီလျှောက်လွှာတင်မည့်လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် 1-800-621-3362 သို့ ဖုန်းခေါ်ဆိုပါ။ လျှောက်ထားမှုလုပ်ဆောင်နေစဉ်အတွင်း  မုန်တိုင်းဘေးအန္တရာယ်ကြောင့် သင်မည်ကဲ့သို့ထိခိုက်သက်ရောက်ခဲ့သလဲဆိုသော မေးခွန်းများကို သင့်အားမေးပါလိမ့်မည်။ သင့်လျှောက်လွှာကို စီစစ်သုံးသပ်မည်ဖြစ်ပြီး စီစစ်သုံးသပ်ခြင်းလုပ်ငန်းစဉ်တစ်လျှောက်တွင် သင်ရရှိနိုင်သောအကူအညီများ၏နောက်ဆုံးအခြေအနေအသိပေးပါလိမ့်မည်။ အချို့သော အကူအညီပုံစံများသည် တခြားအကူအညီများထက် စောပြီး ပေးနိုင်ပါသည်။ DisasterAssistance.gov သို့ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သို့မဟုတ် 1-800-621-3362 သို့ဖုန်းခေါ်ဆိုခြင်းဖြင့် သင့်လျှောက်လွှာ၏အခြေအနေကို အချိန်မရွေးစစ်ဆေးနိုင်ပါသည်။

ဒီအချက်သည် သတင်းအမှားဖြစ်သည်။

FEMA သည် ဖလော်ရီဒါပြည်နယ်ရှိ လူများကို တားမြစ်ပိတ်ပင်ထားခြင်းလည်းမရှိသလို လူများဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်းကိုမတားဆီးပါ။FEMA သည် ယာဉ်အသွားအလာပိတ်ဆို့မှုကို ထိန်းချုပ်ခြင်း သို့မဟုတ် ဒေသဆိုင်ရာ အာဏာပိုင်များကလုပ်ဆောင်သည့် ယာဉ်အသွားအလာ ရပ်တန့်ခြင်းများကို လည်း လုပ်ဆောင်ခြင်း မရှိပါ။ဒီအချက်သည် လူတွေ၏ အသက်အန္တရာယ်ထိခိုက်စေနိုင်သော အန္တရာယ်ရှိသည့် ကောလာဟလသတင်းမှားတစ်ခုဖြစ်သည်။

သင်သည် ဖလော်ရီဒါ၏ အနောက်ဘက်ကမ်းရိုးတန်းနှင့် ဖလော်ရီဒါကျွန်းဆွယ်တွင်နေထိုင်ပါက သင်နှင့် သင်ချစ်ခင်ရသူများကို ကာကွယ်စောင့်ရှောက်ရန် ချက်ချင်းလုပ်စရာရှိသည်များကိုလုပ်ပါ။။ သင့်ဒေသဆိုင်ရာအာဏာပိုင်များ၏ လမ်းညွှန်ချက်ကို လိုက်နာပါ။ ဘေးလွတ်ရာသို့ ထွက်ခွာရန် အမိန့်ပေးလျှင် ချက်ချင်းလိုက်နာပါ။  ဘေးလွတ်ရာသို့ပြောင်းရွှေ့ရန် နှောင့်နှေးနေခြင်းသည် သင့်နှင့် အခြားသူများ၏ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်သည်။

ဒေသဆိုင်ရာတာဝန်ရှိသူများသည် ဘေးကင်းရာသို့ရွှေ့ပြောင်းမှုနှင့် အကူအညီပေးမည့်အရင်းအမြစ်များနှင့်ပတ်သက်လျှင် အကောင်းဆုံး အချက်အလက်ပေးနိုင်သည့် အရင်းအမြစ်များဖြစ်သည်။ အချက်အလက်များကိုပိုမိုသိရှိချင်ပါက Hurricane Milton | Florida Disaster.

နောက်ဆုံးသတင်း