ကောလဟာလ:အကယ်၍ သင်သည် လျှပ်စစ်မီးမရှိဘဲ ၂၄ နာရီကြာ နေရလျှင် FEMA က သင့်ကိုဒေါ်လာ ၁၂၀၀ အလိုအလျောက် ပေးပါမည်။

အဖြစ်မှန်:

အဆိုပါအချက်သည် မဟုတ်မမှန်သောပြောကြားချက်ဖြစ်သည်။

မည်သည့်အကူအညီနှင့်သင်အရည်အချင်းပြည့်မှီအကျုံးဝင်သည်ကိုဆုံးဖြတ်နိုင်ရန် DisasterAssistance.gov သို့ ဝင်ရောက်ကြည့်ရှုပါ။ သို့မဟုတ် အကူအညီလျှောက်လွှာတင်မည့်လုပ်ငန်းစဉ်ကို လုပ်ဆောင်ရန် 1-800-621-3362 သို့ ဖုန်းခေါ်ဆိုပါ။ လျှောက်ထားမှုလုပ်ဆောင်နေစဉ်အတွင်း  မုန်တိုင်းဘေးအန္တရာယ်ကြောင့် သင်မည်ကဲ့သို့ထိခိုက်သက်ရောက်ခဲ့သလဲဆိုသော မေးခွန်းများကို သင့်အားမေးပါလိမ့်မည်။ သင့်လျှောက်လွှာကို စီစစ်သုံးသပ်မည်ဖြစ်ပြီး စီစစ်သုံးသပ်ခြင်းလုပ်ငန်းစဉ်တစ်လျှောက်တွင် သင်ရရှိနိုင်သောအကူအညီများ၏နောက်ဆုံးအခြေအနေအသိပေးပါလိမ့်မည်။ အချို့သော အကူအညီပုံစံများသည် တခြားအကူအညီများထက် စောပြီး ပေးနိုင်ပါသည်။ DisasterAssistance.gov သို့ဝင်ရောက်ကြည့်ရှုခြင်းဖြင့် သို့မဟုတ် 1-800-621-3362 သို့ဖုန်းခေါ်ဆိုခြင်းဖြင့် သင့်လျှောက်လွှာ၏အခြေအနေကို အချိန်မရွေးစစ်ဆေးနိုင်ပါသည်။

နောက်ဆုံးသတင်း