ကောလဟာလ:FEMA သည် ဟာရီကိန်းမုန်တိုင်းဒဏ်ခံရသော ဒေသများရှိ ဒေသခံများနှင့် ကုမ္ပဏီများကို အပျက်အစီးများကို ဖယ်ရှားရှင်းလင်းခြင်း မလုပ်နိုင်အောင်တားဆီးနေသည်။
အဖြစ်မှန်:
သည်အချက်သည် သတင်းမှားဖြစ်သည်။
FEMA သည် ဒေသန္တရအစိုးရများမှ ကိုင်တွယ်သည့် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းဆောင်ရွက်ခြင်း၏ မည်သည့်ကဏ္ဍကိုမဆို ပိတ်ဆို့ခြင်း သို့မဟုတ် တားဆီးခြင်းကိုမလုပ်ပါ။ FEMA သည် အပျက်အစီးများ ဖယ်ရှားခြင်းကို တိုက်ရိုက်ကိုင်တွယ်ခြင်း၊ အပျက်အစီးများကို ဖယ်ရှားရန်အတွက် ကန်ထရိုက်တာများကို ငှားရမ်းခြင်း၊ သို့မဟုတ် အပျက်အစီးအမှိုက်ပုံနေရာများ သို့မဟုတ် အမှိုက်များလွှဲပြောင်းရေးစခန်းများကို စီမံခန့်ခွဲခြင်းလည်းမလုပ်ပါ။ FEMA သည် ၎င်းတို့၏ မုန်တိုင်းနှင့် ဆက်နွှယ်သော အပျက်အစီးများကို ဖယ်ရှားရှင်းလင်းခြင်းအတွက် ဒေသ၊ ပြည်နယ် သို့မဟုတ် တိုင်းရင်းသားလူမျိုးစု အစိုးရများ၏ ကုန်ကျစရိတ်ကိုသာပြန်အမ်းပေးသည်။
အကယ်၍ သင်သည် ဟာရီကိန်းမုန်တိုင်းဒဏ်ခံရပြီး သင်ပိုင်ဆိုင်သည့်အိမ်နေရာက အပျက်အစီးများကို မည်သို့ဖယ်ရှားရမည်စဉ်းစားနေပါက လိုက်နာဆောင်ရွက်ရမည့် လမ်းညွှန်ချက်များအတွက် သင့်ဒေသခံ ခရိုင် သို့မဟုတ် မြူနီစပယ်အစိုးရထံ စုံစမ်းမေးမြန်းပါ။ သင့်ဒေသတွင် လုပ်ငန်းဆောင်ရွက်နေသောစေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှလည်းကူညီပေးနိုင်ပါသည်။ပိုမိုသိရှိရန်လိုပါက:သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်ပွားပြီးနောက် အပျက်အစီးများကို ဖယ်ရှားရှင်းလင်းရန် နည်းလမ်း ၉ ခု