ကောလဟာလ:FEMA သည် မုန်တိုင်းအပျက်အစီးများနှင့် ဆက်စပ်သောလွှဲပြောင်းရေးစခန်းများ၊ အပျက်အစီးမှိုက်ပုံနေရာများနှင့် ကန်ထရိုက်စာချုပ်များကို ထိန်းချုပ် သို့မဟုတ် စီမံခန့်ခွဲသည်။

အဖြစ်မှန်:

သည်အချက်သည် သတင်းမှားဖြစ်သည်။

FEMA သည် မုန်တိုင်းများတိုက်ခတ်ပြီးနောက် အပျက်အစီးများကို ဖယ်ရှားရန်အတွက် ကန်ထရိုက်တာများမှ လုပ်ဆောင်သော အလုပ်များကို ငှားရမ်းခြင်း၊ စီမံခန့်ခွဲခြင်း သို့မဟုတ် ကြီးကြပ်ခြင်း မရှိပါ။ FEMA သည် အပျက်အစီးအမှိုက်ပုံနေရာများ သို့မဟုတ် လွှဲပြောင်းရေးစခန်းများကို ထိန်းချုပ်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း မရှိပါ။ FEMA သည် ၎င်းတို့၏ မုန်တိုင်းနှင့် ဆက်နွှယ်သော အပျက်အစီးများကို ဖယ်ရှားခြင်းအတွက် ဒေသတွင်း၊ ပြည်နယ် သို့မဟုတ် တိုင်းရင်းသားလူမျိုးစု အစိုးရများကို ကုန်ကျစရိတ်အတွက်ငွေပြန်အမ်းပေးသည်။ သို့သော်  အပျက်အစီးများကိုဖယ်ရှားရန်အတွက် လွှဲပြောင်းရေးစခန်းများ၊ အပျက်အစီးမှိုက်ပုံနေရာများ သို့မဟုတ် ကန်ထရိုက်များကို စီမံထိန်းချုပ်နိုင်သည့်  ဒေသဆိုင်ရာဥပဒေများ သို့မဟုတ် စည်းမျဉ်းများအပေါ်တွင် ကျွန်ုပ်တို့က ထိန်းချုပ်စီမံခန့်ခွဲခြင်းမရှိပါ။

နောက်ဆုံးသတင်း