ကောလဟာလ:မြောက်ကာရိုလိုင်းနားပြည်နယ်တွင် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် လုပ်ကိုင်နေသည့် လျှပ်စစ်လိုင်းလုပ်သားများသည် FEMA က ရက်သတ္တပတ်ပေါင်းများစွာ လစာမပေးသဖြင့် ဆန္ဒပြခဲ့ကြသည်။

အဖြစ်မှန်:

သည် အချက်သည် သတင်းမှားဖြစ်ပါသည်။FEMA သည် လျှပ်စစ်လိုင်းဝန်ထမ်းများကို တိုက်ရိုက်လစာမပေးပါ။ လျှပ်စစ် ကော်ပိုရေးရှင်းအသင်းအဖွဲများ၊ ပုဂ္ဂလိကလျှပ်စစ် သို့မဟုတ် ပုဂ္ဂလိကဆက်သွယ်ရေးနှင့် ကေဘယ်လ်ကုမ္ပဏီများသည် ၎င်းတို့၏ဝန်ထမ်းများနှင့် ကန်ထရိုက်တာများကို လုပ်ခလစာပေးပါသည်။

အချို့သောအခြေအနေများတွင်၊ FEMA သည် သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ရသည့် ကုန်ကျစရိတ်များအတွက် အစိုးရ၀န်ဆောင်မှုပေးသည့် အရည်အချင်းပြည့်မီသည့် ကျေးလက်လျှပ်စစ် အသင်းအဖွဲ့များကို ပြည်သူ့အကူအညီများ (Public Assistance grants)မှတဆင့် ပြန်လည်ငွေအမ်းပေးနိုင်သည်။  သို့ရာတွင် အလုပ်သမားများကို တိုက်ရိုက်ငွေပေးချေခြင်းမရှိပါ။ အကျိုးအမြတ်အတွက် လုပ်ကိုင်ကြသည့် ပုဂ္ဂလိကကုမ္ပဏီများသည် အများပြည်သူဆိုင်ရာထောက်ပံ့ငွေပေးမှု အစီအစဥ်တွင် အကျူံးမဝင်ပါ။

နောက်ဆုံးသတင်း