ကောလဟာလ:ပျက်စီးမှုတန်ဖိုးသည် အိမ်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းထက်ပိုပါက FEMA သည် ကျွန်ုပ်၏အိမ်ကို ဖြိုဖျက်လိမ့်မည်။
အဖြစ်မှန်:
သည်အချက်သည် သတင်းမှားဖြစ်ပါသည်။FEMA သည် အဆောက်အအုံများကို ဖျက်သိမ်းသို့မဟုတ် ဖျက်သိမ်းသည်ဟုသတ်မှတ်ခြင်းမပြုလုပ်ပါ။ဒေသဆိုင်ရာတာဝန်ရှိသူများကရေကြီးရေလျှံဖြစ်နိုင်ခြေများသောနေရာများတွင် အဆောက်အအုံနှင့် မြေထိန်းသိမ်းရေးကို စီမံခန့်ခွဲခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ပေးပါသည်။
သင်နေထိုင်ရာအသိုင်းအဝိုင်းသည် National Flood Insurance အာမခံအစီအစဉ်တွင် ပါဝင်ပြီး သင့်အိမ်သည် သိသိသာသာ ပျက်စီးနေပြီဟု ဒေသခံအရာရှိများက ဆုံးဖြတ်ပါက ထိုအခြေအနေတွင်၊ သင့်အိမ်ကို လက်ရှိအဆောက်အအုံစံချိန်စံနှုန်းများနှင့် ကိုက်ညီအောင်ပြုပြင်ဖို့အတွက် နောက်ထပ်အပိုလုပ်ရမည့်အဆင့်များ လိုအပ်နိုင်ပါသည်။သင့်အိမ်ကို ပြုပြင်ရန် ကုန်ကျစရိတ်သည် ဖြစ်သင့်ဖြစ်ထိုက်သော စျေးကွက်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပိုသည်ဟု ဆုံးဖြတ်သောအခါတွင် ဒေသန္တရဆိုင်ရာစည်းမျဉ်းစည်းကမ်းများ လိုအပ်ပါသည်။သို့သော်လည်း သင့်ဒေသနှင့်ပတ်သက်သောအထူးသတ်မှတ်မှု အချက်အလက်များအတွက် သင့်ဒေသဆိုင်ရာ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ အရာရှိများကို မေးမြန်းရန် လိုအပ်ပါသည်။ သူတို့ကိုဆက်သွယ်ရန်အချက်အလက်များအတွက် သင့်မြို့ သို့မဟုတ် ကောင်တီ၏ တရားဝင်အင်တာနက်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုရန် အကြံပြုပါသည်။
သင့်ဒေသအသိုင်းအဝိုင်း၏ လက်ရှိစံနှုန်းသတ်မှတ်များအတိုင်းမိမိအိမ်ကို ပြန်လည်ဆောက်ခြင်းသည် ရေလွှမ်းမိုးခြင်းဒဏ်မှ မိမိပိုင်ဆိုင်မှုများကိုပိုမိုကောင်းမွန်စွာကာကွယ်ပေးနိုင်သဖြင့် အရေးကြီးပါသည်။