သင့်ဘာသာစကားဖြင့် FEMA

FEMA ဝဘ်စာမျက်နှာတွင် အချက်အလက်နှင့် အကြောင်းအရာများကို အင်္ဂလိပ်ဘာသာစကားဖြင့် သာမက အခြားဘာသာစကားများဖြင့်လည်း ရနိုင်ပါသည်။

ကပ်ဘေးသင့်ပြည်သူများသည် ကပ်ဘေးဆိုင်ရာအကူအညီ အစီအစဉ်များ၊ အရေးပေါ်ပြင်ဆင်ခြင်းများ၊ တုံ့ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း လုပ်ဆောင်ချက်များ၊ ရေကြီးရေလျှံမှုအာမခံများ အကြောင်း ဘာသာပြန်ထားသည့် အချက်အလက်များကို တွေ့နိုင်ပါသည်။ သတင်းအချက်အလက်များကို ပုံစံအမျိုးမျိုးဖြင့် ဖော်ပြထားပြီး မျှဝေနိုင်၊ ထုတ်ယူနိုင်ပါသည်။ နောက်ထပ် ရင်းမြစ်များကိုလည်း အလျင်းသင့်သလို ထပ်မံ ဖြည့်စွက်သွားမည်ဖြစ်၍ မကြာခဏ ပြန်လာကြည့်ပါ။

Graphic
man and woman signing

ကျိုးကြောင်းသင့်လျော်သည့် ပြင်ဆင်မှုပံ့ပိုးခြင်းများ

FEMA သည် အောက်ပါတို့ အပါအဝင် ကပ်ဘေးဒဏ်သင့်ပြည်သူများအားလုံး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဝန်ဆောင်မှုများစွာကို ပံ့ပိုးပေးပါသည်-

  • ဘာသာပြန်များ
  • အမေရိကန် လက်ဟန်သုံးစကားပြောခြင်း (ASL)
  • အချိန်နှင့် တပြေးညီ စာတန်းထိုးခြင်း
  • နားထောင်ရန် အကူအညီ သို့မဟုတ် ဖတ်ရန်အကူအညီ စက်ပစ္စည်းများ
  • မျက်မမြင်စာဖတ်နိုင်သည့် မှတ်တမ်းမှတ်ရာများ သို့မဟုတ် ပုံနှိပ်စာလုံးကြီးများ

ဝန်ဆောင်မှုများ တောင်းဆိုခြင်း

FEMA က သင့်ဘာသာစကား ပြောပါသည်

https://www.youtube.com/embed/0VuJUHJO64Q

ကျွန်ုပ်တို့သည် အကူအညီနှင့် သတင်းအချက်အလက်များကို သင့်ဘာသာစကားဖြင့် ကမ်းလှမ်းနေပါသည်။ FEMA အကူအညီဖုန်း ၈၀၀-၆၂၁-၃၃၆၂ ကို ခေါ်ပါ-

  • အင်္ဂလိပ်ဘာသာစကားအတွက် ၁ ကိုနှိပ်ပါ
  • စပိန်ဘာသာစကားအတွက် ၂ ကိုနှိပ်ပါ
  • အခြားဘာသာစကားများအတွက် ၃ ကိုနှိပ်ပါ

၇၁၁ ကိုနှိပ်ပါ သို့မဟုတ် ဗီဒီယိုထပ်ဆင့်ပို့ခြင်း ဝန်ဆောင်မှုများ ရနိုင်ပါသည်။

ကျွန်ုပ်တို့၏ ရင်းမြစ်များကို စူးစမ်းလေ့လာပါ

ကပ်ဘေးဆိုင်ရာ အကူအညီအစီအစဉ်များ အကြောင်းနှင့် တစ်ဦးချင်း၊ မိသားစုများ၊ ပြည်နယ်၊ ဒေသန္တရ၊ ဌာနေတိုင်းရင်းသားများ သို့မဟုတ် ပိုင်နက်နယ်မြေအစိုးရများနှင့် ပုဂ္ဂလိက ပရဟိတအဖွဲ့အစည်းများအတွက် အကျုံးဝင်မှု သတ်မှတ်ချက်များအကြောင်း ပိုမိုလေ့လာပါ။

မာလ်တီမီဒီယာ ရင်းမြစ်များ ဖြစ်သည့် လူမှုရေးပြကွက်များ၊ လက်ကမ်းစာစောင်များ၊ သတင်းကြေညာချက်စာသားများ၊ ဖွင့်ကြည့်နိုင်သည့် ဗီဒီယိုများ၊ ရုပ်ပုံများ စသည်တို့ကို ဘာသာအများအပြားဖြင့် ထုတ်ယူနိုင်ပြီး ကပ်ဘေးမတိုင်မီ၊ ကပ်ဘေးကျရောက်စဉ်ကာလနှင့် ကပ်ဘေးပြီးနောက်ပိုင်းတို့တွင် အရေးကြီးသည့် ကပ်ဘေးဆိုင်ရာ သတင်းအချက်အလက်များကို အခြားသူများနှင့် မျှဝေနိုင်ပါသည်။

FloodSmart.gov (en español)  သို့သွားပြီး ရေဘေးဆိုင်ရာ အာမခံ၊ အန္တရာယ်နှင့် ကုန်ကျစရိတ်၊ ဇုံများနှင့် မြေပုံများ၊ ရေကြီးရေလျှံသည့် ကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်မှုများအကြောင်း လေ့လာနိုင်သည်။ ကိုယ်စားလှယ်များက ဘာသာစကား အမျိုးမျိုးဖြင့် အသုံးပြုသူများအတွက် ရေကြီးရေလျှံသည့် ကပ်ဘေးဆိုင်ရာ ရင်းမြစ်များ ကို လူကိုယ်တိုင်တွေ့ဆုံခြင်းများ သို့မဟုတ် လူမှုကွန်ရက်များ၊ ဝဘ်စာမျက်နှာများ၊ ဈေးကွက်ရှာ အီးမေးလ်များတွင် ဖြန့်ဝေပေးနိုင်သည်။

FEMA ၏ ကပ်ဘေးနောက်ပိုင်း အကူအညီ လက်ကမ်းစာစောင်ကို ပြန်လည်ထူထောင်ရေးအတွက် FEMA ထံမှ မည်သို့သော အကူအညီမျိုး ရနိုင်ကြောင်း သင့်အသိုင်းအဝိုင်းအတွင်း လူများကို နားလည်စေရန် မျှဝေပါ။ ဤလက်ကမ်းစာစောင်ကို ဘာသာစကား ၂၇ မျိုးဖြင့် ရနိုင်ပါသည်။

ကပ်ဘေးဒဏ်ကြောင့် အကူအညီလိုအပ်နေသူများအား မည်သို့ကူညီနိုင်သလဲ ဆိုသည့်အကြောင်း ပိုမိုလေ့လာပါ။ ကူညီနိုင်သည့် နည်းအမျိုးမျိုးရှိရာတွင် ငွေသား လှူဒါန်းခြင်း၊ လိုအပ်သည့် ပစ္စည်းများ သို့မဟုတ် သင့်အချိန်ကို ပေးခြင်းတို့ဖြင့် ကူညီပါ။

ဓာတ်ပုံများ၊ စာအုပ်များနှင့် အရေးကြီးသော မှတ်တမ်းမှတ်ရာများကဲ့သို့ သင့်မိသားစု၏ တန်ဖိုးထားသော အရာများကို ဘယ်လိုကယ်တင်မလဲ ဟူသော အခြေခံ လမ်းညွှန်ချက်များ ရယူပါ။

အမေရိကန် လက်ဟန်သုံးစကားပြောခြင်း ဗီဒီယို

ကျွန်ုပ်တို့သည် လက်ဟန်သုံးစကားပြောခြင်း (ASL) ဖြင့် ဗီဒီယိုများကို ယူကျူ့တွင်ဖွင့်နိုင်ရန် ပလေးလစ်တင်ထားပြီး ကပ်ဘေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်းနှင့် လုံခြုံမှုဆိုင်ရာ အကြောင်းအရာ အများအပြားကို ရှင်းပြထားပါသည်။

ယူကျူ့ပေါ်တွင် တင်ထားသည့် ပလေးလစ်တစ်ခုလုံးကို ကြည့်ရန်

External Link Arrow
နောက်ဆုံးအချက်အလက်