ဇူလိုင်လမှာဖြစ်ပွားခဲ့သော ပြင်းထန်သောမုန်တိုင်းများ၊ရေကြီးခြင်း။ မြေပြိုခြင်းနှင့် ရွံ့မြေများပြိုကျခြင်းများကိုခံစားခဲ့ရသော ဗားမောက်ပြည်နယ်နေသူများအတွက် နေအိမ်များပြုပြင်ရန်နှင့် အစားထိုးပြန်ဆောက်လုပ်ရန်အတွက် FEMA မှထောက်ပံ့ငွေ သို့မဟုတ် အမေရိကန်စီးပွား ရေးလုပ်ငန်းဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ အတိုးနည်းသောဘေးအန္တရာယ်အကူအညီချေးငွေများအပါအဝင်ဗဟိုအစိုးရဘေးအန္တရာယ်ဆိုင်ရာအကူအညီကိုလျှောက်ထားရယူရန်သီတင်းပတ် နှစ်ပတ်သာကျန်ပါတော့သည်။ လျှောက်လွှာပိတ်ရက်မှာ ၂၀၂၄ ခုနှစ်နိုဝင်ဘာလ ၂၅ရက်ဖြစ်ပါသည်။
ဇူလိုင် ၉ ရက်မှ ၁၁ ရက်အထိ ဖြစ်ပွားခဲ့သော မုန်တိုင်းများအတွက်၊ အက်ဒီဆင်Addison၊ ကလဒ်ဒိုနီးယား Caledonia၊ ချစ်တန်ဒန်Chittenden၊ အဲဆဒ်Essex၊ လာမိုလီLamoille၊ အော်ရဲလင်းOrleans နှင့် ဝါရှင်တန် Washington တို့၏ သတ်မှတ်ထားသော ကောင်တီခရိုင်များတွင် နေထိုင်သူများ လျှောက်ထားခွင့် ရှိသည်။ ဇူလိုင်လ ၂၉ရက်မှ-၃၁ရက်နေ့အထိဖြစ်ပွားခဲ့သော မုန်တိုင်းများအတွက် ကလဒ်ဒိုနီးယားCaledonia၊အဲဆဒ် Essex နှင့် အော်ရဲလင်း Orleans ၏သတ်မှတ်ထားသောကောင်တီခရိုင်များတွင်လျှောက်ထားနိုင်သည်။ ဇူလိုင်လ မုန်တိုင်းနှစ်ခုလုံးဒဏ်ခံရသောဗားမောကိပြည်နယ်သားများသည် မုန်တိုင်းတစ်ခုစီအတွက် အကူအညီလျှောက်လွှာသီးခြားစီတင်ရမည်၊
နစ်နာဆုံးရှုံးမှု သို့မဟုတ်ထိခိုက်ပျက်စီးမှုများရှိခဲ့သော သဘာဝဘေးမှလွတ်မြောက်လာသူများသည်သူတို့တွင် ပြုပြင်ကုန်ကျမှုခန့်မှန်းချက် သို့မဟုတ် အာမခံငွေပေးချေမှုများမရှိသေးသော်လည်း FEMA ထံတွင် အကူအညီလျှောက်ထားသင့်သည်။ အကူအညီမှာထည့်သွင်းစဉ်းစားရန်၊ အကူအညီလျှောက်လွှာလုပ်ငန်းစဉ်စတင်ရန် FEMA တွင်သဘာဝဘေးဒဏ်ခံစားရသောဒေသမှာနေထိုင်သူများက စာရင်းသွင်းဖို့လိုပါသည်။ အကူအညီနှင့်အရည်အချင်းကိုက်ညှီမှုရှိမရှိ ဆုံးဖြတ်ရန်အတွက် လိုအပ်သောအချက်အလက်များကိုပြောပြရန် FEMA က သဘာဝဘေးမှလွတ်မြောက်လာသူများနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။
သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးဆိုင်ရာ အထူးကျွမ်းကျင်သူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောလိုသူများအတွက်၊ သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာနှစ်ခုကို ဗာမောက်Vermont မှာဖွင့်လှစ်ထားသည်။ ဤစင်တာများသည် Hinesburg Town Hall မြို့တော်ခန်းမ (10632 Route 116) နှင့် 366 Main Street ရှိ Lyndon ပြည်သူ့ဘေးကင်းရေးဌာနမှာ တည်ရှိသည်။ ရုံးဖွင့်ချိန်မှာ မနက် ၉ နာရီမှ ညနေ ၆ နာရီ ၊တနင်္လာနေ့မှစနေနေ့အထိဖြစိပါသည်။တနင်္ဂနွေနေ့များတွင်ပိတ်သည်။
ပြည်နယ်မှာနေထိုင်သူများအတွက် FEMA အကူအညီများကိုလျှောက်ထားရန် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးဆိုင်ရာစင်တာDRC ကိုလာရောက်ဖို့မလိုပါ။ ထိုအကူအညီအတွက်လျှောက်ထားရန် နည်းလမ်းသုံးမျိုး ရှိပါသည်။
- အွန်လိုင်းကတဆင့် DisasterAssistance.gov
- FEMA Helpline 1-800-621-3362 သို့ ဖုန်းခေါ်ဆိုပါ။ ဖုန်းလိုင်းများကို နံနက် ၇ နာရီကနေ ည ၁၀ နာရီအထိ (သင်၏ဒေသစံတော်ချိန်) တစ်ပတ်လျှင် ခုနစ်ရက်လုံး ဖုန်း ခေါ်ဆိုနိုင်ပါသည်။ အကူအညီတောင်းခံမှုကို ဘာသာစကား အတော်များများဖြင့် ရနိုင်ပါသည်။ ဗီဒီယို ထပ်ဆင့် လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းထိုးပါသည့် တယ်လီဖုန်း ဝန်ဆောင်မှု သို့မဟုတ် အခြားဝန်ဆောင်မှုများကို အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် FEMA ကို သင့် ဖုန်းနံပါတ်ကို ပေးထားရပါမည်။ အကူအညီကို မည်သို့ လျှောက်ထားရယူမလဲဆိုတာနှင့် ပတ်သက်သည့် ဗီဒီယိုကို ကြည့်ရန် ဒီလင့်မှာ ကြည့်နိုင်ပါသည်၊ youtube.com/watch?v= WZGpWI2RCNw
- FEMA mobile app အက်ပလီကေးရှင်းကိုဒေါင်းလုဒ်လုပ်ရန်
SBA အတိုးနည်းချေးငွေအကူအညီသို့လျှောက်ထားရန်-
- အွန်လိုင်းပေါ်တွင် လျှောက်ထားပြီး sba.gov/disaster တွင် နောက်ထပ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီအချက်အလက်များကို ရယူပါ။
- SBA ၏ လျှောက်လွှာရှင်များအတွက်ဝန်ဆောင်မှုစင်တာ ဖုန်းနံပတ် (၈၀၀) ၆၅၉-၂၉၅၅ သို့ ဖုန်းခေါ်ဆိုပါ။ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ET နံနက် ၈း၀၀ မှ ည ၈း၀၀ မှ တနင်္လာနေ့မှသောကြာနေ့အထိဖုန်းခေါ်နိုင်သည်။ သို့မဟုတ် နောက်ထပ်သိလိုသည့်အချက်အလက်များအတွက် disastercustomerservice@sba.govသို့ အီးမေးလ်ပေးပို့ပါ။
- နားမကြားသူများ၊ အကြားအာရုံမသန်စွမ်းသူများ သို့မဟုတ် စကားပြောချို့ယွင်းနေသူများအတွက် 7-1-1 သို့ခေါ်ဆို၍ ဆက်သွယ်ရေးထပ်ဆင့်လွှင့်ဝန်ဆောင်မှုများကို ရယူပါ။
အောက်တိုဘာလ၁၅ရက်၂၀၂၄ခုနှစ်တွင် SBA က သဘာဝဘေးအတွက်အတိုးနည်းငွေချေးအစီအစဉ်အတွက်ရန်ပုံငွေများကို အပြည့်အဝသုံးစွဲခဲ့ကြောင်း ကြေညာခဲ့သည်။ SBA သဘာဝဘေးအတွက်အတိုးနည်းငွေချေးအစီအစဉ်အသစ်အတွက်ကွန်ဂရက်လွှတ်တော်က သင့်တော်သည်သတ်မှတ်ပြီး ထပ်လောင်းရန်ပုံငွေထုတ်ပေးထားခြင်းမရှိသော်လည်း၊ SBA သည် သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူများကိုပံ့ပိုးပေးရန် ကတိပြုထားသည်။ ရန်ပုံငွေရလာသည်နှင့် တစ်ဦးချင်းစီနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့်အကူအညီများလက်ခံရရှိဖို့ပြင်ဆင်ပြီးသားဖြစ်စေရန်လျှောက်လွှာများကို ဆက်လက်လက်ခံပြီးစီမံဆောင်ရွက်ပါမည်။