COLUMBIA, S.C. – Hurricane Helene ၏ သက်ရောက်မှုကို ခံရပါက တုန့်ဆိုင်းမနေပဲ သဘာဝဘေးအန္တရာယ်အထောက်အပံ့ကို လျှောက်ထားရန် FEMA မှ တိုက်တွန်းပါသည်၊ ယင်းကြောင့် သင်ရရှိထားပြီးနိုင်သည့် အခြားသောဖယ်ဒရယ်အထောက်အပံ့များအပေါ် ထိခိုက်မှုမရှိစေနိုင်ပါ။
FEMA ငွေများကို လက်ခံရယူခြင်းကြောင့် လူမှုဖူလုံရေး၊ မယ်ဒီခဲ၊ မယ်ဒီကိတ်၊ အာဟာရဖြည့်စွက်ရေးပံ့ပိုးမှုအစီအစဉ်အကျိုးခံစားခွင့်များ (SNAP) ၊ သို့မဟုတ် အခြားသောဖယ်ဒရယ်အကျိုးခံစားခွင့်အစီအစဉ်များ အပေါ်မထိခိုက်စေပါ။
အရေးတကြီးလိုအပ်သည့်အထောက်အပံ့များအပါအဝင် FEMA အထောက်အပံ့သည် ချေးယူငွေမဟုတ်ပါ။ အကျိုးခံစားခွင့်နှင့်ကိုက်ညီသော Hurricane Helene ဘေးအန္တရာယ်မှလွတ်မြောက်လာသူများအနေနှင့် FEMA မှလက်ခံရရှိသော ဂရန့်ငွေများကို ပြန်လည်ပေးဆပ်ရန်မလိုအပ်ပါ။ ရှားပါးသောဖြစ်စဉ်များတွင်၊ အကယ်၍ သင့်အနေနှင့် ထပ်တူအကျိုးခံစားခွင့်များကို အာမခံကုမ္မဏီ သို့မဟုတ် အခြားသော ရင်းမြစ်၏ ဂရန့်ငွေမှ ဖြစ်စေရယူထားပါကငွေကြေးများကို ပြန်လည်ပေးအပ်ရန်လိုအပ်နိုင်ပါသည်။
FEMA အထောက်အပံ့သည် အခွန်ငွေပေးဆောင်ရန်လည်းမလိုအပ်ပါ။
ဘေးအန္တရာယ်မှလွတ်မြောက်လာသူများအနေနှင့် ယာယီအိမ်ရာ၊ မရှိမဖြစ်အိမ်ပြင်ဆင်မှုများ၊ မရှိမဖြစ်ကိုယ်ပိုင်ပစ္စည်းများပြန်လည် အစားထိုးခြင်းများအတွက် အာမခံများနှင့် အခြားသောရင်းမြစ်များမှာ မပေးသည့်အခြားသော ဘေးအန္တရယ်ဆိုင်ရာလိုအပ်ချက်များအတွက် FEMA ဘေးအန္တရာယ်ဆိုင်ရာထောက်ပံ့ငွေမှပေးရန် ကူညီနိုင်သည်။
Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Chester၊ Cherokee၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Kershaw၊ Jasper၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union နှင့် York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက် လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.govသို့ အွန်လိုင်းမှ လျှောက်ထားရန်ဖြစ်ပါသည်။ လူကိုယ်တိုင်အကူအညီရယူရန်အတွက် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးစခန်းတခုခုသို့သွားနိုင်သည်။ သင်နှင့်အနီးစပ်ဆုံးစင်တာကိုရှာဖွေရန်အတွက် fema.gov/drc သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။
မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပါသည်။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။
လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။. မုန်တိုင်းမှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် အထောက်အကူ ရယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ချက်များရှိသော အခြားသူများသည် FEMA အစီအစဉ်များတွင် ပါဝင်နိုင်ပါသည်။