ဝစ်လစ္စတန်၊ ဗာမွန့် –ကလေဒိုးနီးယား၊ ချီတန်ဒန်၊ လာမိုးလီး၊ အောရိန်း၊ ရုလန်၊ ဝါရှင်တန်၊ ဝင်ဟမ်နှင့် ဝင်ဆာ ကောင်တီတို့၌ အိမ်ငှားရမ်းနေထိုင်သူများသည် ဇူလိုင်လတွင်း ပြင်းထန်သောမုန်တိုင်း၊ ရေကြီးရေလျှံခြင်း၊ မြေပြို ရွှံ့ပြိုခြင်းတို့ကြောင့် ၎င်းအိမ်နှင့် ပစ္စည်းများ ပျက်စီးပါက FEMA သဘာဝကပ်ဘေးဒဏ် အကူအညီကို လျှောက်ထားနိုင်သည်။
FEMA ၏တစ်ဦးချင်းအကူအညီကို ကျောင်းသားများ၊ အိမ်ငှားများနှင့် အိမ်ရှင်များရယူနိုင်ပါသည်။ ဖယ်ဒရယ်ပြည်ထောင်စု၏ ထောက်ပံ့ကြေးသည် ယာယီငှားရမ်းနေထိုင်ရန်အတွက် ကူညီပေးချေပါသည်။ ကနဦး အိမ်ငှားခထောက်ပံ့ကြေးသည် တစ်လ သို့မဟုတ် နှစ်လတာ ကာလအတွက် ဖြစ်ပြီး ဆက်လက်ကူညီရန် လိုအပ်ပါက စိစစ်သွားနိုင်ပါသည်။
အိမ်ငှားများသည် FEMA ၏ အခြား လိုအပ်ချက်အကူအညီအစီအစဉ်များအောက်တွင် ရှိသည့် အာမခံထားခြင်းမရှိသော မရှိမဖြစ် လိုအပ်သည့် ကိုယ်ပိုင်ပစ္စည်းများ ဆုံးရှုံးမှုနှင့် အခြား သဘာဝဘေးဒဏ်ကြောင့် ကုန်ကျရသည့် စရိတ်များအတွက်လည်း အကျုံးဝင်နိုင်သည်။ ၎င်းတို့တွင် ပါဝင်နိုင်သည်များမှာ-
- ပရိဘောဂ၊ အသုံးအဆောင်စက်နှင့် ကိရိယာများ၊ အဝတ်အစား၊ ကျောင်းစာအုပ်များ သို့မဟုတ် ကျောင်းသုံးပစ္စည်းများကဲ့သို့ ပစ္စည်းများကို အစားထိုးရန် သို့မဟုတ် ပြုပြင်ရန်လိုအပ်သည့် ကိုယ်တိုင်သုံးပစ္စည်းများ။
- ကိုယ်ပိုင်လုပ်ငန်း လုပ်ဆောင်သူများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းကိရိယာများကို အစားထိုးရန် သို့မဟုတ် ပြုပြင်ရန်။
- အကယ်၍ မုန်တိုင်းကြောင့် သင်၏ အဓိကအသုံးပြုနေသော ယာဉ် ပျက်စီးမှု ရှိခဲ့လျှင် သို့မဟုတ် လုံးဝ အသုံးပြု၍ မရတော့လျှင် (ယာဉ်သည် ပြည်နယ်တွင် မှတ်ပုံတင်ထားပြီး အာမခံရှိရမည်) FEMA က ကူညီနိုင်ပါသည်။ ပျက်စီးမှုအားလုံးအတွက် ကူညီနိုင်မည် မဟုတ်သည့်အတွက် သင်၏ယာဉ် အကျုံးဝင်ခြင်း ရှိမရှိ FEMA ကို မေးပါ။
- အာမခံတွင် မပါရှိသော သို့မဟုတ် အိတ်စိုက်ပေးရသော ဆေးကုသမှု၊ သွားကျန်းမာရေးကုသမှု၊ ကလေးထိန်းခ၊ ပြောင်းရွှေ့ခနှင့် သိုလှောင်ခန်းခ ကုန်ကျစရိတ်များ။
သင့်ဒေသရှိ ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာန သို့သွားပြီး FEMA ဖယ်ဒရယ်ပြည်ထောင်စု အကူအညီကို လျှောက်ထားနိုင်ပါသည်။
FEMA အကူအညီကို လျှောက်ထားရန် သင်သည် ပြန်လည်နလံထူရေးဆိုင်ရာ ဌာနသို့ သွားရန် မလိုအပ်ပါ။ ယင်းသို့ လူကိုယ်တိုင်မသွားဘဲ အွန်လိုင်းတွင် ဘေးဒဏ်မှ ပြန်လည်နလံထူရေးဆိုင်ရာဌာန သို့သွားနိုင်သည်၊ FEMA အရေးပေါ် အကူအညီဖုန်း ၈၀၀-၆၂၁-၃၃၆၂ သို့ အရှေ့ပိုင်းစံတော်ချိန် မနက် ၇ နာရီမှ ည ၁၁ နာရီအထိ တစ်ပတ် ၇ ရက် ဖုန်းခေါ်ဆိုနိုင်သည်။ သို့မဟုတ် FEMA မိုဘိုင်းအက်ပ် ကို သုံးနိုင်သည်။ အကယ်၍ သင်သည် ဗီဒီယို စာထပ်ဆင့်ပို့ခြင်းဝန်ဆောင်မှု (VRS)၊ စာသားပါ ဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြား ထပ်ဆင့်ဝန်ဆောင်မှု တစ်ခုခု သုံးပါက FEMA ကို ယင်းဝန်ဆောင်မှု၏ ဖုန်းနံပါတ်ကို ပေးပါ။ အကူအညီများကို ဘာသာစကား အများအပြားဖြင့် ရရှိနိုင်ပါသည်။
အကယ်၍ သင်သည် သတ်မှတ်ထားသော ကောင်တီတွင် နေထိုင်ခြင်းမပြုဘဲ အပျက်အစီးနှင့် ကြုံတွေ့ရပါက FEMA အကူအညီဖုန်းလိုင်း ၁-၈၀၀-၆၂၁-၃၃၆၂ ကို ဖုန်းခေါ်၍ လျှောက်ထားနိုင်ပြီး သင့်ကောင်တီကို သတ်မှတ်စာရင်းသို့ ထည့်သွင်းသည်နှင့် သင်၏လျှောက်လွှာကို စတင်လုပ်ဆောင်ပါမည်။
ပြန်လည်နလံထူရေးဆိုင်ရာဌာနသို့ မသန်စွမ်းသူများ သွားရောက်နိုင်ရန်၊ အသုံးပြုနိုင်ရန်နှင့် ပံ့ပိုးပေးမည့် အကူအညီနည်းပညာများဖြင့် ပြင်ဆင်ထားပါသည်။ ဘေးဒဏ်ခံရသူများတွင် အထိုက်အလျောက် လိုအပ်သည့် ပံ့ပိုးမှုများ သို့မဟုတ် လက်ဟန်ဖြင့် ဘာသာပြန်လိုအပ်ပါက ၈၃၃-၂၈၅-၇၄၄၈ ကို ဖုန်းခေါ်နိုင်သည် (စပိန်ဘာသာအတွက် ၂ ကိုနှိပ်ပါ)။
ယူအက်စ် အသေးစားလုပ်ငန်းစီမံရေးဌာန (SBA) မှ ကိုယ်စားလှယ်များကလည်း ပြန်လည်နလံထူရေးဆိုင်ရာဌာနတွင် ရှိနေပြီး အိမ်ပိုင်ရှင်များ၊ အိမ်ငှားများ၊ လုပ်ငန်းများနှင့် ပုဂ္ဂလိက ပရဟိတလုပ်ငန်းများအတွက် ၎င်းတို့ထံမှ အတိုးနည်း ဘေးဒုက္ခဆိုင်ရာချေးငွေကို မည်သို့လျှောက်ထားနိုင်ကြောင်း ရှင်းပြပါမည်။ ထို့ပြင် သဘာဝဘေးဒဏ်ကို ပိုမိုခံနိုင်ရည်ရှိသည့် အိမ်များ ပြန်လည်ဆောက်လုပ်နိုင်ရန် လိုအပ်သည့် အချက်အလက်များကိုလည်း ပံ့ပိုးပေးပါမည်။
အိမ်ငှားများသည် ပျက်စီး သို့မဟုတ် ဆုံးရှုံးသွားသော အဝတ်အစား၊ ပရိဘောဂ၊ အသုံးအဆောင် စက်နှင့် ကိရိယာများ သို့မဟုတ် ကားများကို အစားထိုးဝယ်ယူရန်အတွက် SBA ထံမှ $၄၀,၀၀၀ အထိ ချေးငှားနိုင်သည်။ SBA ထံမှ မချေးငှားမီ FEMA အကူအညီကို ဦးစွာလျှောက်ထားရန် အကြံပြုပါသည်။ သို့သော် သင် ဆန္ဒရှိသလို လုပ်နိုင်ပါသည်။
နောက်ဆုံးသတင်းအချက်အလက်များအတွက် fema.gov/disaster/4720. သို့သွားပါ။ FEMA ဒေသ ၁ အကောင့်ကို တွစ်တာ twitter.com/FEMARegion1 သို့မဟုတ် ဖေ့ဘုတ်တွင် facebook.com/FEMA. တို့၌ လိုက်ကြည့်ပါ။
ဗာမွန့်၏ တုံ့ပြန်ချက်နှင့် ပြန်လည်နလံထူရေး အချက်အလက်အသစ်များကို ကြည့်ရန်အတွက် ဗာမွန့် အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ အား တွစ်တာတွင် twitter.com/vemvt နှင့် ဖေ့ဘုတ်တွင် facebook.com/vermontemergencymanagement. တို့၌ လိုက်ကြည့်ပါ။
သဘာဝကပ်ဘေးအတွက် အကူအညီများသည် သာတူညီမျှဖြစ်ရန်၊ လူမျိုး၊ အသားအရောင်၊ နိုင်ငံသား၊ လိင်၊ အသက်၊ မသန်စွမ်းဖြစ်မှု၊ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်တတ်မြောက်မှု သို့မဟုတ် စီးပွားရေးအခြေအနေတို့အပေါ် အခြေခံပြီး ခွဲခြားမှုမရှိဘဲ အကူအညီရယူနိုင်ရန် FEMA ကဆောင်ရွက်နေပါသည်။ သဘာဝဘေးဒဏ် ခံရသူတိုင်း သို့မဟုတ် ပြည်သူတိုင်းသည် ၎င်းတို့အား ခွဲခြားဆက်ဆံခံရသည်ဟု ယူဆပါက FEMA လူထုအခွင့်အရေးရုံးသို့ ဆက်သွယ်နိုင်ပါသည်။ FEMA ၏ လူထုအခွင့်အရေးရုံးထံ ၈၃၃-၂၈၅-၇၄၄၈ သို့ အခမဲ့ ဖုန်းခေါ်နိုင်ပါသည်။ ဘာသာစုံပြောဆိုသူများက ဖုန်းကို ဖြေကြားပေးနိုင်ပါသည်။