စစ်ဆေးရေးအရာရှိကို မည်သို့ခွဲခြားသိရှိနိုင်သနည်း

Release Date:
အောက်တိုဘာလ 15, 2021

FEMA စစ်ဆေးရေးအရာရှိများသည် ဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်သည့် အပျက်အစီးများကို စစ်ဆေးသည်။ သူတို့သည် FEMA အထောက်အပံ့ကို သင်ရရှိနိုင်ခြင်း ရှိ မရှိ သို့မဟုတ် ထောက်ပံ့ငွေပမာဏ သို့မဟုတ် မည်သို့သော ထောက်ပံ့မှုမျိုး ရမည်ဖြစ်ကြောင်း ဆုံးဖြတ်မည်မဟုတ်ပါ။ ၎င်းတို့က ဆက်သွယ်လာလျှင် ပြန်လည်တုံ့ပြန်ရန် အရေးကြီးပါသည်။

သင့်အိမ်တံခါးဝသို့ ရောက်လာသူ သို့မဟုတ် ဖုန်းဆက်လာသူသည် FEMA စစ်ဆေးရေးအရာရှိ ဟုတ် မဟုတ်ကို ခွဲခြားနိုင်သည့် နည်းများကို အောက်တွင် ဖော်ပြထားပါသည်။

လူကိုယ်တိုင် စစ်ဆေးခြင်း - FEMA ဝန်ထမ်းများနှင့် ကွန်ထရက်ဝန်ထမ်းများအားလုံး တရားဝင်ရုံးမှတ်ပုံတင် ကိုင်ဆောင်ထားပါသည်။ လျှောက်ထားသူများသည် စစ်ဆေးရေးအရာရှိအား သူတို့၏ တရားဝင်မှတ်ပုံတင်ပြရန် အမြဲတောင်းဆိုပါ။ ၎င်းမှတ်ပုံတင်တွင် ၎င်း၏ အမည်နှင့် ဓာတ်ပုံပါရှိသည်။ ကွန်ထရက်စစ်ဆေးရေးအရာရှိသည်လည်း သူတို့၏ အလုပ်ရှင်များက ထုတ်ပေးထားသည့် မှတ်ပုံတင် ပါရှိနိုင်သည်။ ယင်းတွင်လည်း သူတို့၏အမည်၊ ဓာတ်ပုံနှင့် မှတ်ပုံတင်နံပါတ်လည်း ပါရှိနိုင်သည်။

အဝေးမှာ စစ်ဆေးခြင်း - စစ်ဆေးရေးအရာရှိသည် မှန်ကန်သည့် လျှောက်ထားသူကို ဆက်သွယ်ခြင်း ဟုတ် မဟုတ်သေချာစေရန် လျှောက်ထားသူ၏ ဂဏန်းကိုးလုံးပါ FEMA မှတ်ပုံတင်နံပါတ်၏ နောက်ဆုံး ဂဏန်း လေးလုံးကို မေးမြန်းပါမည်။ စစ်ဆေးသူက လျှောက်ထားသူ၏ မှတ်ပုံတင်နံပါတ်မှ ပထမ ဂဏန်းလေးလုံးကို ပြောပါမည်။ လျှောက်ထားသူသည် FEMA အကူအညီကို လျှောက်ထားချိန်တွင် မှတ်ပုံတင်နံပါတ်တစ်ခု ရရှိပါမည်။

FEMA စစ်ဆေးရေးအရာရှိအကြောင်း သိရှိရန် အချက်တချို့မှာ -

  • စစ်ဆေးမှု ပြုလုပ်ရန်အတွက် သူတို့သည် ငွေကြေးတောင်းခံခြင်းမရှိပါ။ သင်သည် ထောက်ပံ့ကြေးရရှိမည်ဟုလည်း အာမ မခံပါ။
  • FEMA ၏ ဘေးအန္တရာယ်အကူအညီလျှောက်လွှာပေါ်မှ သင်၏လိပ်စာကို သူတို့ရရှိပါသည်။ သို့သော် သင့်အိမ်သို့သွားရန် လမ်းညွှန်ချက်ရရန် သင့်အားဆက်သွယ်လာနိုင်သည်။
  • FEMA လျှောက်လွှာတွင် သင်ရေးသွင်းထားသည့် ဖုန်းသို့ ခေါ်ယူခြင်း၊ စာတိုမက်ဆေ့ဂျ်ပို့ခြင်းနှင့် အီးမေးလ်ပို့ခြင်းတို့ ပြုလုပ်နိုင်ပါသည်။
  • FEMA မှထုတ်ပေးထားသည့် ဖုန်း သို့မဟုတ် ကိုယ်ပိုင်ဖုန်းမှတစ်ဆင့် သင့်အား စစ်ဆေးရေးအရာရှိများက ခေါ်ဆိုနိုင်သည်။ ဖုန်း၏ ဒေသကုဒ်နံပါတ်သည် နယူးယောက်ပြင်မှမှလည်း ဖြစ်နိုင်သည်။
  • တစ်စုံတစ်ယောက်က FEMA အမှတ်တံဆိပ်ပါ အင်္ကျီကို ဝတ်ဆင်ထားရုံမျှဖြင့် ၎င်းကို FEMA မှဖြစ်ကြောင်း အတည်မပြုနိုင်ပါ။ သူတို့၏ ဓာတ်ပုံပါသည့် FEMA မှတ်ပုံတင်ကို တောင်းဆိုပါ။ ဖက်ဒရယ်ဥပဒေအရ အမေရိကန်အစိုးရ၏ မှတ်ပုံတင်ကတ်ကို ဓာတ်ပုံရိုက်ခြင်း၊ မိတ္တူကူးခြင်းကို တားမြစ်ထားသည်။ ပြုလုပ်ပါ ငွေဒဏ် နှင့် ထောင်ဒဏ် အပြစ်ပေးခံရနိုင်သည်။
  • သင် အိမ်တွင်မရှိပါက စစ်ဆေးရေးအရာရှိက အိမ်တွင် စာကပ်ထားခဲ့ပါမည်။

သင်အိမ်သို့ပြန်ရောက်ချိန် စစ်ဆေးရေး အရာရှိ၏စာကို တွေ့ရှိပါက လစ်လျူမရှုပါနှင့်။ ယင်းစာသည် စစ်ဆေးရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး စစ်ဆေးရေးအရာရှိ၏ အမည်၊ ဆက်သွယ်ရန် အချက်အလက်များ ပါဝင်ပါမည်။ သင်သည် FEMA အကူအညီကို လျှောက်ထားပါက စစ်ဆေးရေးအရာရှိ လာရောက်စစ်ဆေးမည်ကို မျှော်လင့်ထားရမည်ဖြစ်ပြီး လုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်ရန် စစ်ဆေးရေးအရာရှိကို ဆက်သွယ်ပါ။ စစ်ဆေးရေးအရာရှိ၏ ဆက်သွယ်ရန်အချက်အလက်များကို လူမှုကွန်ရက်တွင် ဖြန့်ဝေခြင်း မပြုပါနှင့်။

အကယ်၍သင်သည် FEMA အထောက်အပံ့ကို လျှောက်ထားခြင်းမရှိသော်လည်း စစ်ဆေးရေးအရာရှိ၏ စာကို အိမ်တံခါးတွင် တွေ့ရှိပါက FEMA သို့ဆက်သွယ်ပါ သို့မဟုတ် FEMA လိမ်လည်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနသို့ ၈၆၆-၂၂၃-၀၈၁၄ သို့ ဆက်သွယ်ပါ သို့မဟုတ် StopFEMAFraud@fema.dhs.gov. သို့ အီးမေးလ်ပို့ပါ။ FEMA စစ်ဆေးရေးအရာရှိသည် FEMA စစ်ဆေးရေးညွှန်ကြားချက်များအတိင်း လိုက်နာဆောင်ရွက်ပါသည်။ စစ်ဆေးရေးအရာရှိအား တိုက်ရိုက်ဆက်သွယ်ပြီး သင် လျှောက်ထားခြင်းမရှိကြောင်း ရှင်းပြနိုင်ပါသည်။ စစ်ဆေးရေးအရာရှိမှ ဆက်လက်တင်ပြပါမည်။

  • သင်သည် စစ်ဆေးရေးကို စောင့်ဆိုင်းနေကြောင်း FEMA အကူအညီ ၈၀၀-၆၂၁-၃၃၆၂ သို့ ဖုန်းခေါ်၍ အတည်ပြုနိုင်ပါသည်။ သို့မဟုတ် ဗီဒီယိုထပ်ဆင့်လွှင့်အစီအစဉ် (VRS) သို့ ဆက်သွယ်ပါ။ DisasterAssistance.gov သို့သွားပြီး "Review Status" ကိုရွေးချယ်ပြီးလည်း စိစစ်နိုင်သည်။ သင်၏လိပ်စာမှန်ကန်မှု ရှိ မရှိနှင့် သင့်အိမ်သို့ မည်သို့ လာရောက်နိုင်ကြောင်း လမ်းညွှန်ကိုလည်း အတည်ပြုရန် တိုက်တွန်းပါသည်။

အကယ်၍ သင် သို့မဟုတ် တစ်စုံတစ်ယောက်သည် လိမ်ညာလှည့်ဖြားခံရသည် သို့မဟုတ် ကိုယ်ရေးအချက်အလက် ခိုးယူခံရသည်ဟု ယူဆလျှင် ဒေသရဲဌာနသို့ ချက်ခြင်း တိုင်းကြားပါ။ FEMA လိမ်လည်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနသို့လည်း အထက်တွင် ဖော်ပြထားသည့် ဖုန်းနံပါတ်၊ အီးမေးလ်သို့ ဆက်သွယ်တိုင်ကြားနိုင်သည်။

နယူးယောက်ပြည်နယ်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးရသတင်းအချက်အလက်များအတွက် fema.gov/disaster/4615 တွင် ကြည့်ပါ။ ကျွန်ုပ်တို့အား တွစ်တာတွင် twitter.com/femaregion2 နှင့် www.facebook.com/fema တွင် ကြည့်ပါ။

Tags:
နောက်ဆုံးအချက်အလက်