ပုဂ္ဂလိကပိုင်လမ်းများ ၊ တံတားများနှင့် အိမ်ဝင်ထွက်ရာကားလမ်းများ အတွက် ဖက်ဒရယ်အထောက်အပံ့

Release Date:
အောက်တိုဘာလ 26, 2024

အကယ်၍ သင့်ထံတွင် ပုဂ္ဂလိကပိုင်လမ်းများ၊ တံတားများနှင့် အိမ်ဝင်ထွက် ကားလမ်း များ ရှိပြီး ယင်းတို့သည် Hurricane Helene ကြောင့် ချို့ယွင်းမှု သို့မဟုတ် ထိခိုက်ပျက်စီးမှုများရှိခဲ့ပါက FEMA နှင့် အမေရိကန် အသေးစား စီးပွားရေးလုပ်ငန်းများ အုပ်ချုပ်ကွပ်ကဲမှုမှ ယင်းတို့ကို အစားထိုးရန် သို့မဟုတ်ပြင်ဆင်ရန် ငွေကြေးထောက်ပံ့မှု ပေးနိုင်ပါသည်။

FEMA အထောက်အပံ့အတွက် သတ်မှတ်ချက် အရည်အချင်းပြည့်မီရန်မှာ အောက်ဖော်ပြပါ သတ်မှတ်အရည်အချင်းစံနှုန်းများ လိုအပ်ပါသည်။

  • သင်သည် ပုဂ္ဂလိကပိုင်လမ်း၊ တံတား သို့မဟုတ်  အိမ်ဝင်ထွက်ရာကားလမ်း ပိုင်ဆိုင်ပြီး ယင်းမှာ ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လိုအပ်လျက်ရှိခြင်း
  • FEMA မှ ကြည့်ရှုစစ်ဆေးမှုဆုံးဖြတ်ချက်များအရ၊ သင့်အိမ်ပိုင်နက်သို့ မော်တော်ယာဉ်တစီး သွားရောက်နိုင်ရန် ပြင်ဆင်မှုများလိုအပ်နေခြင်း
  • သင်၏ မူလနေထိုင်ရာ အိမ်သို့ ဝင်ရန် လမ်းကြောင်းဖြစ်သည့် ပုဂ္ဂလိကပိုင် လမ်းကို ပြုပြင်ထိန်းသိမ်းရန်အတွက် သင့်တာဝန်ရှိမှု သို့မဟုတ် အခြားသော အိမ်ပိုင်ရှင်များနှင့်ပူးတွဲတာဝန်ရှိမှု 
  • သဘာဝဘေးအန္တရာယ် ဖြစ်ပွားချိန်တွင် ထိခိုက်သွားသော ထိုပိုင်ဆိုင်မှုသည် သင်မူလနေထိုင်ရာ အိမ်အတွက် ဝန်ဆောင်မှုပေးနေခဲ့ခြင်း

ထိုထက်ပို၍၊ အောက်ဖော်ပြပါ အခြေအနေများ သင့်ထံတွင် ရှိနေရပါမည်။

  • လမ်း၊ အိမ်ဝင်ထွက်ရာကားလမ်း သို့မဟုတ် တံတားသည် သင့်အိမ်အတွက် တခုတည်းသော သွားလာဝင်ထွက်ရာဖြစ်ခြင်း 
  • ယင်း အခြေခံရုပ်ဝတ္တုပျက်စီးမှုကြောင့် မည်သူတဦးတယောက်မျှ အိမ်သို့ သွားလာ၍မရခြင်း
  • နေထိုင်သူများ၏ဘေးကင်းလုံခြုံမှုသည် ဆိုးဝါးစွာထိခိုက်နိုင်ခြင်း အဘယ်ကြောင့်ဆိုသော် ပြင်ဆင်မှု / အစားထိုးမှုမရှိဘဲ အရေးပေါ်ဝန်ဆောင်မှု ကားများ အိမ်ရှိရာသို့ မလာရောက်နိုင်ခြင်း (အကယ်၍  သဘာဝေးအန္တရာယ်မတိုင်မီက လုပ်ဆောင်နိုင်မှုရှိနေခဲ့လျှင်သာ၊  ယင်းကို ဆုံးဖြတ်မှုပြုလိမ့်မည်။)

အကယ်၍ အိမ်ထောင်စုအများအပြားက ပုဂ္ဂလိကပိုင်လမ်းတခုတည်းသာ မျှဝေ၍ အသုံးပြုနေခဲ့ပါက၊ ယင်းအိမ်ထောင်စု တခုခြင်းစီသည် ၊ FEMA အထောက်အပံ့အတွက် အကူအညီပေးမှု ပုံစံအားလုံးကို ဆုံးဖြတ်နိုင်ရန်၊ သီးခြားစီခွဲ၍လျှောက်ထားနိုင်သည်။ လမ်းအတွက် အထောက်အပံ့ကို ကို လျှောက်ထားသူများအကြား ခွဲဝေရန်အတွက် နောက်ထပ် အနေအထားနှင့် အထောက်အထားများ လိုအပ်ပါသည်။

ပြင်ဆင်ရန်စရိတ်သည် ထိုလမ်းကို သဘာဝဘေးအန္တရာယ် မတိုင်မီ အနေအထားထက် ပိုမိုကောင်းမွန်စေရန် လုပ်ဆောင်ရေးအတွက် မပါဝင်ပါ၊ ပိုမိုကောင်းမွန်အောင် ပြင်ဆင်ရန်အတွက် လက်ရှိအစိုးရ၏အိမ်ယာ သို့မဟုတ် သိုလှောင်ရုံဆိုင်ရာခွင့်ပြုချက်များလိုအပ်ပါသည်။

FEMA အထောက်အပံ့အတွက် ဘယ်လိုလျှောက်ထားရမလဲ။

သင့်အနေနှင့် FEMA အထောက်အပံ့အတွက် ယခု မလျှောက်ထားရသေး ပါက၊ သင့်အနေနှင့် လျှောက်ထားရန် အချိန်ရှိနေပါသေးသည်။ Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။ 

သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်

  • အွန်လိုင်းမှ လျှောက်ရန်    DisasterAssistance.gov.
  • မည်သည့် ကပ်ဘေး ပြန်လည်ထူထောင်ရေး စင်တာမဆိုထံ သွားပါ။ သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/DRC သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169).
  • FEMA mobile app ကိုအသုံးပြုပါ။
  • FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ ယင်းကို နေ့စဉ် ဖွင့်ထားပါသည်။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ 

လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။

SBA သဘာဝဘေးအန္တရာယ် ချေးငွေများ

အိမ်ပိုင်ရှင်များအနေနှင့် ပုဂ္ဂလိကပိုင်လမ်းများ သို့မဟုတ် တံတားများကို အခြားသော အိမ်ပိုင်ရှင်များနှင့်အတူ မျှဝေသုံးစွဲပါက ၎င်းတို့သည် SBA သဘာဝဘေးအန္တရာယ်ချေးငွေအတွက် သတ်မှတ်အရည်အချင်း ပြည့်မီနိုင်ပါ သည်။ စိုက်ပျိုးရေးခြံများသည် ယင်းတွင် သတ်မှတ်အရည်အချင်းပြည့်မီမှုမရှိပါ၊ သို့သော် လယ်သမား၏အိမ်သို့သွားရာ ပုဂ္ဂလိကပိုင်လမ်း၊ နေထိုင်သော အိမ်ယာနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများသည် သဘာဝဘေးအန္တရာယ် အိမ်အတွက် ချေးငွေ အမျိုးအစားစံနှုန်း အောက်တွင် သတ်မှတ်အရည်အချင်း ပြည့်မီအကျုံးဝင်ပါလိမ့်မည်။ ကျေးဇူးပြု၍သင်၏ စိုက်ပျိုးရေးဝန်ဆောင်မှုအေဂျင်စီ (USDA Service Center Locator). သို့ ဆက်သွယ်ပါ။ သတင်းအချက်အလက် ပိုမို သိရှိလိုပါက SBA ၏သုံးစွဲသူ ဝန်ဆောင်မှု စင်တာ 800-659-2955 သို့ ဖုန်းဆက်ပါ။ အကယ်၍ သင်သည် နားမကြားသူ၊ နားကြားရန် ခက်ခဲသူ သို့မဟုတ် စကားမပြောနိုင်သူဖြစ်ပါက ကျေးဇူးပြုပြုပြီး ရုပ်သံမှတဆင့်ဆက်သွယ်သည့် တဆင့်ခံဆက်သွယ်ဝန်ဆောင်မှုများ 7-1-1 နံပါတ်ကို ခေါ်ဆိုပါ သို့မဟုတ် DisasterCustomerService@sba.govသို့အီးမေးလ်ဖြင့် ဆက်သွယ်ပါ။ 

Tags:
နောက်ဆုံးသတင်း