နိုင်ငံသားဖြစ်မှု နှင့် FEMA သတ်မှတ်ချက်ကိုက်ညီမှု

Release Date:
အောက်တိုဘာလ 19, 2024

သတ်မှတ်ချက်နှင့် ကိုက်ညီသော Hurricane Helene မှ လွတ်မြောက်လာသူ South Carolina ကောင်တီ 28 ခု ရှိ ဘေးအန္တရာယ်မှလွတ်မြောက်လာသူ များနှင့် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များအားလုံးတို့အား FEMA အနေနှင့် အကူအညီပေးရန် သံဓိဌာန်ချမှတ်ထားပါသည်။ ယင်းတွင် အမေရိကန်နိုင်ငံသားများ၊ အမေရိကန်နိုင်ငံသားမဟုတ်သော အစောင့်ရှောက် ခံနိုင်ငံသားများနှင့် သတ်မှတ်ချက်အရည်အချင်းပြည့်မီသည့် နိုင်ငံသား မဟုတ်သူများ ပါဝင်သည်။

သတ်မှတ်ချက်ကိုက်ညီသည့် နိုင်ငံများမှ သဘာဝဘေး အန္တရာယ်အတွင်း အသက်ရှင်ကျန်ရစ်သူများသည် FEMA ၏တဦးချင်းနှင့် အိမ်ထောင်စု အစီအစဉ် (IHP) မှ အထောက်အပံ့များအတွက် လျှောက်ထားနိုင်ပါသည်။ သင်ကိုယ်တိုင်သို့မဟုတ် သင့်အိမ်ထောင်စုဝင်တဦးသည် အမေရိကန်နိုင်ငံ သား၊ အမေရိကန်နိုင်ငံသားမဟုတ်သော အစောင့်ရှောက်ခံနိုင်ငံသား သို့မဟုတ် သတ်မှတ်ချက်အရည်အချင်းပြည့်မီသည့် နိုင်ငံသားမဟုတ်သူ ဖြစ်ရပါမည်။ 

အကယ်၍ သင်သည် အမေရိကန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသား မဟုတ်သော အစောင့်ရှောက်ခံနိုင်ငံသား သို့မဟုတ် သတ်မှတ်ချက်အရည် အချင်းပြည့်မီသည့် နိုင်ငံသားမဟုတ်သူ စသည့် အနေအထားများတွင် ကိုက်ညီမှုမရှိသော်လည်း သင့်မိသားစုသည် အကယ်၍ အောက်ပါအချက်များ ရှိပါက အထောက်အပံ့အတွက် လျှောက်ထားနိုင်ပါလိမ့်မည်။ 

  • သင်၏အိမ်ထောင်စုအတွင်းအရွယ်ရောက်ပြီးသူ တဦးသည် အရည်အချင်း ပြည့်မီသော သတ်မှတ်ချက်အမျိုးအစားတွင်ပါဝင်ခြင်း နှင့် ၎င်းတို့၏ နိုင်ငံ သားဖြစ်မှုအနေအထားသည် လျှောက်ထားဆဲ ဖြစ်ကြောင်းလက်မှတ်ရရှိ ထားခြင်း သို့မဟုတ် ကြေငြာမှုနှင့် ထုတ်ပြန်ချက်ပုံစံကို လက်မှတ်ထိုး ထား ခြင်း သို့မဟုတ် 
  • အမေရိကန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသား မဟုတ်သော အစောင့်ရှောက်ခံ နိုင်ငံသား သို့မဟုတ် သတ်မှတ်ချက်အရည်အချင်းပြည့်မီသည့် နိုင်ငံသား မဟုတ်သူအရွယ်မရောက်သေးသူ ကလေးသူငယ်တဦး၏ မိဘ သို့မဟုတ် အုပ်ထိမ်းသူ ဖြစ်ပါက ထိုကလေး နေထိုင်ပါဝင်သော မိသားစုကိုယ်စား အထောက်အပံ့ ကို လျှောက်ထားနိုင်သည်။ မိဘ သို့မဟုတ် အုပ်ထိမ်းသူအနေနှင့် ပူးတွဲလျှောက်ထားသူအဖြစ် စာရင်းသွင်းမှတ်ပုံတင်ရမည်ဖြစ်ပြီး ကလေးသည် သဘာဝဘေးအန္တရာယ် ဖြစ်ချိန်တွင် အသက် ၁၈ နှစ် အောက် ဖြစ်ရမည်။ 

ဥပဒေကြောင်း အနေအထား

FFEMA သည် လျှောက်ထားသူတို့၏ သတင်းအချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးသို့မဟုတ် တရားဥပဒေ ထိန်းသိမ်းသည့် အဖွဲ့များသို့ လိုက်လံ၍ သတင်းပေးပို့လိမ့်မည် မဟုတ်ပါ။  

သတ်မှတ်ချက်အရည်အချင်းပြည့်မီသည့် နိုင်ငံသား မဟုတ်သူများ

“သတ်မှတ်ချက်အရည်အချင်းပြည့်မီသည့် နိုင်ငံသား မဟုတ်သူ” ဆိုသည်မှာ:

  • တရားဝင် အမြဲတမ်း နေထိုင်ခွင့်ရှိသူ (“ဂရင်းကဒ်” ကိုင်ဆောင်သူ)
  • နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ၊ ခိုလှုံသူဒုက္ခသည် သို့မဟုတ် မူလနိုင်ငံသို့ ပြန်မပို့ရန် ဆိုင်ငံ့ခံထားရသည့် နိုင်ငံသား မဟုတ်သူ
  • အမေရိကန်နိုင်ငံတွင် ခံ၀န်ကတိဖြင့် တနှစ်အထက်နေထိုင်နေသည့် နိုင်ငံသား မဟုတ်သူ
  • အနေအထားတခုဖြင့် ဝင်ခွင့် ခွင့်ပြုထားသည့် နိုင်ငံသားမဟုတ်သူ (ဧပြီလ 1 ရက်၊ 1980 မတိုင်မီက သက်ရောက်သည့် ဥပဒေအရ)
  • ကျူဘား သို့မဟုတ် ဟေတီ မှ ဝင်ရောက်လာသူ
  • အမေရိကရှိ နိုင်ငံသား မဟုတ်သူများ၊ ယင်းတို့သည် အိမ်ထောင်ဘက် သို့မဟုတ် အခြားသောမိသားစု/ မိသားစုဝင်များမှအနိုင်အထက်ပြုခံရခြင်း သို့မဟုတ် ပြင်းထန်သော ရက်စက်ကြမ်းကြုတ်မှုခံရခြင်း သို့ဟုတ် အန္တရာယ် ကြီးမားသော ပုံစံ လူကုန်ကူးခံရမှု၏ သားကောင်များ ဖြစ်ခြင်း။

အမေရိကန်နိုင်ငံသား မဟုတ်သော အစောင့်ရှောက်ခံ နိုင်ငံသားများ

အမေရိကန်နိုင်ငံသားမဟုတ်သည့် အမေရိကန်အစောင့်ရှောက်ခံနိုင်ငံသား များဆိုသည်မှာ ပြင်ပ အမေရိကန်အစောင့်ရှောက်ခံနေရာတခုတွင် မွေးဖွားသူ ဥပမာ မာရှယ်ကျွန်းစု သမတနိုင်ငံ သို့မဟုတ် အမေရိကန်နိုင်ငံ အစောင့် ရှောက်ခံဖြစ်ပြီးနေ့နောက်ပိုင်း မွေးဖွားသူ သို့မဟုတ် မိဘများသည် အမေရိကန်နိုင်ငံသားမဟုတ်သည့် အမေရိကန်အစောင့်ရှောက်ခံနိုင်ငံသား များဖြစ်သူတဦးကိုဆိုလိုသည်။ အားလုံးသော အမေရိကန်နိုင်ငံသားများသည် အမေရိကန် လူမျိုးများ ဖြစ်သည် သို့သော် အမေရိကန် လူမျိုးတိုင်းသည် အမေရိကန် နိုင်ငံသား မဟုတ်ပါ။

အရည်အချင်းပြည့်မီသည့် အရွယ်မရောက်သေးသော ကလေးသူငယ်များ

အမေရိကန်နိုင်ငံသား၊ အမေရိကန်နိုင်ငံသား မဟုတ်သော အစောင့်ရှောက်ခံ နိုင်ငံသား သို့မဟုတ် သတ်မှတ်ချက်အရည်အချင်းပြည့်မီသည့် နိုင်ငံသား မဟုတ်သူအရွယ်မရောက်သေးသူကလေးသူငယ်တဦး၏ မိဘ သို့မဟုတ် အုပ်ထိမ်းသူ ဖြစ်ပါက ထိုကလေးနေထိုင်ပါဝင်သော မိသားစုကိုယ်စား အထောက်အပံ့ကို လျှောက်ထားနိုင်သည်။ ကလေးသည် အဖြစ်အပျက် စတင်သည့်စက်တင်ဘာ 25, 2024 တွင် အသက် ၁၈ နှစ် မပြည့်သေးသူဖြစ်ရပါမည်။ 

ရင်းမြစ်များ

ဖက်ဒရယ် လူထု အကျိုးစီပွားခံစားခွင့်များအတွက် နိုငငံသားဖြစ်မှု နှင့် လူဝင်မှုအနေအထားလိုအပ်ချက်များအတွက် ဘာသာစကားအစုံဖြင့် သတင်းအချက်အလက်များ ကို ကြည့်ရန် fema.gov/assistance/individual/program/citizenship-immigration-status.

အကယ်၍ သင့်အနေနှင့် သင်၏ လူဝင်မှု ကြီးကြပ်ရေး အနေအထားကို မရေမရာ ဖြစ်နေပါက ၊ FEMAသဘာဝဘေးအန္တရာယ်အထောက်အပံ့ အတွက် လူဝင်မှုကြီးကြပ်ရေး ဘောင်ဝင်မှုရှိမရှိသိရှိနိုင်ရန် လူဝင်မှု ကြီးကြပ်ရေးကျွမ်းကျင်သူတဦးနှင့် စကားပြောဆိုပါ။ အခြားသော ပရဟိတအဖွဲ့အစည်းများကို လေ့လာလိုပါက nvoad.org/ သို့ သွားပါ။

FEMA အထောက်အပံ့အတွက် ဘယ်လိုလျှောက်ထားရမလဲ။

Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက် လျှောက်ထားနိုင်ပါသည်။

လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.govသို့ အွန်လိုင်းမှ လျှောက်ထားရန်ဖြစ်ပါသည်။ လူကိုယ်တိုင်အကူအညီရယူရန်အတွက် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးစခန်းတခုခုသို့သွားနိုင်သည်။ သင်နှင့်အနီးစပ်ဆုံးစင်တာကိုရှာဖွေရန်အတွက် fema.gov/drc သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ 

မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပါသည်။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ 

လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။. မုန်တိုင်းမှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် အထောက်အကူ ရယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ချက်များရှိသော အခြားသူများသည် FEMA အစီအစဉ်များတွင် ပါဝင်နိုင်ပါသည်။ 

မုန်တိုင်းမှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် အထောက်အကူ ရယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ချက်များရှိသော အခြားသူများသည် FEMA အစီအစဉ်များတွင် ပါဝင်နိုင်ပါသည်။

South Carolina ပြည်နယ်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ နောက်ဆုံးအချက်အလက်များအတွက် www.fema.gov/disaster/4829. သို့ ဝင်ရောက်ကြည့်ရှုပါ။

FEMA ကို X ၌ x.com/femaregion4 တွင်ဖြစ်စေ Facebook ၌ facebook.com/fema တွင် ဖြစ်စေ ဖော်လိုလိုက်ပါ။

Tags:
နောက်ဆုံးသတင်း