COLUMBIA, S.C. – အကယ်၍ သင်သည် South Carolina တွင် ဟာရီကိန်း Helene ဘေးအန္တရာယ်မှလွတ်မြောက်လာပြီး ပြန်လည်ထူထောင် ရေးလမ်းကြောင်း ပေါ်ရောက်နေသူဖြစ်ပါက သင့်အနေနှင့် FEMA သည် ဤနေရာတွင် ရှိနေဆဲဖြစ်ကြောင်း သိထားသင့်ပါသည်။ FEMA သည် South Carolina အရေးပေါ်စီမံခန့်ခွဲရေးးဌာနနှင့်အတူ ပူးတွဲ ၍အာရုံစိုက်ထားသည်မှာ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ခဲ့ရသည့် တဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းအတွက် ရှေရှည် ပြန်လည်ထူထောင်ရေးကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်။ ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအနေနှင့် ၎င်းတို့၏လျှောက်ထားမှု နှင့် ပတ်သက်၍ မေးခွန်းများရှိပါက FEMA ထံသို့ ဆက်လက်ပြီး ဆက်သွယ်ရန် အွန်လိုင်း DisasterAssistance.govနှင့် မိုဘိုင်း ဖုန်းမှ FEMA Appကို အသုံးပြုခြင်း သို့မဟုတ် အခကြေးငွေမလိုသည့် ဖုန်း 800-621-3362 ကိုခေါ်ဆိုခြင်းပြုပါ။
တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်လှစ်ထားပြီး ဘာသာစကားမျိုးစုံဖြင့်လည်း အကူအညီရရှိနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့်.ကိုရွေးချယ်ပါ။
FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။
ယနေ့အထိ FEMA မှ ဖက်ဒရယ် အထောက်အပံ့ $ 269 သန်းကို South Carolina ရှိ ဟာရီကိန်း Helene ကြောင့် ထိခိုက်ခဲ့ရသည့် လူတဦးစီနှင့် အိမ်ထောင်စုပေါင်း ၂၄၂ ၀၀၀ ကျော်အတွက်ထောက်ပံ့ပေးခဲ့ပါသည်။ ထိုငွေများသည် အိမ်များပြင်ဆင်ရန်၊ ပုဂ္ဂလိကပိုင်ဆိုင်မှုများ ပြန်လည်အစား ထိုးရန်နှင့် အခြားသော ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ကမ်းလှမ်းပေးခဲ့ပါသည်။