FEMA သည် အိမ်ပြုပြင်ရန် နှင့် ပြန်လည်တည်ဆောက်ရန် အကြံပြုချက်များကို ပြည်နယ်အထက်ပိုင်းတွင် ကမ်းလှမ်းခြင်း

Release Date Release Number
NR-108
Release Date:
ဇန်နဝါရီလ 27, 2025

COLUMBIA, S.C. – နေထိုင်သူများအနေနှင့် ဟာရီကိန်း Helene နောက် တွင် အိမ်ပြုပြင်ရန်နှင် ပြည်လည်တည်ဆောက်ရန်တို့အတွက် Spartanburg ကောင်တီအတွင်းရှိ Home Depot ၂ ခုရှိရာနေရာများသို့ လာရောက်ပြီး အိမ်ကိုမုန်တိုင်းများနှင့် အခြားသော ဘေးအန္တရာယ်များမှ ပိုမို ခိုင်ခံ့စေရန် နှင့် ဘေးကင်းလုံခြုံစေရန် အကြံပြုချက်များ နှင့် လမ်းညွှန်ချက် များရယူနိုင်ကြ ပါသည်။ ဖက်ဒရယ် အရေးပေါ် စီမံခန့်ခွဲမှုကော်မီတီ သက်သာကောင်းမွန်ရေး အထူး ကျွမ်းကျင်သူများသည် ဇန်နဝါရီလ ၂၇ ရက် မှ ဇန်နဝါရီလ ၃၁ ရက်အတွင်း မနက် ၉ နာရီမှ ညနေ ၆နာရီ အတွင်းမေးခွန်းများကို ဖြေကြားပေးရန်နှင့်အိမ် ကို ပိုမိုကောင်းမွန်စေရေးအတွက် အကြံဉာဏ်များကို မျှဝေပေးရန်နှင့် အနာဂတ်တွင် အခြားသော သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးရမှု များလျော့နည်း စေရန် သို့မဟုတ် ကာကွယ်နိုင်စေရန် သက်သေခံပြထားသည့် ဆောက်လုပ်ရေးနည်းစံနစ်များကို မျှဝေရန် ရှိနေကြပါလိမ့်မည်။ ယင်းတို့သည် ဘေးအန္တရာယ်ခံနိုင်ရည်ရှိသော ပြန်လည်တည်ဆောက်မှု အတွက် နည်းလမ်းမျာကိုလည်း မျှဝေပါလိမ့်မည်။ ဤငွေကြေးပေးစရာမလိုသည့် သတင်းအချက်အလက်များသည် သင်ကိုယ်တိုင်လုပ်ဆောင်ရန်နှင့် အထွေထွေ ကန်ထရိုက်သမားများကို ဆောင်ရွက်နိုင်စွမ်းရှိစေပါလိမ့်မည်။

ဒေသနေရာများမှာ

Home Depot, 121 Dorman Center Drive, Spartanburg, SC 29301 

Home Depot, 2300 E. Main St., Spartanburg, SC 29307

FEMA အထူးကျွမ်းကျင်သူများသည် ဖော်ပြပါ ကိစ္စရပ်များနှင့်ပတ်သက်၍ မေးခွန်းများကို ဖြေကြားခြင်းနှင့် ဆွေးနွေးတိုင်ပင်ခြင်းများ ဆောင်ရွက်နိုင် ပါလိမ့်မည်

  • အိမ်ကို ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းအတွက် နည်းလမ်းများ
  • အနာဂတ် ဘေးအန္တရာယ်များမှ ပျက်စီးမှုကို ကာကွယ်ရန် နည်းလမ်းများ
  • သင့်အတွက် သဘာဝဘေးအန္တရာယ်မှ ဘေးဖြစ်နိုင်ခြေ လျော့ချရန် အကြံပြု ချက်များ - ယင်းမှာ သင့်အနေနှင့် အိမ်ပိုင်ဖြစ်စေ၊ အိမ်ငှားနေသည်ဖြစ်စေ

FEMA သည် South Carolina နေထိုင်သူများအနေနှင့် ဟာရီကိန်းHelene ကြောင့် ထိခိုက်ခဲ့ပါက ဖက်ဒရယ်သဘာဝဘေးအန္တရာယ်အထောက်အပံ့ကို ဖြစ်နိုင်သမျှ ဆောလျင်စွာ လျှောက်ထားကြရန် အားပေးတိုက်တွန်း အကြံပြု ပါသည်။ လျှောက်ထားရန်နောက်ဆုံးရက်မှာ ဇန်နဝါရီ 28 ရက်၊ 1 ရက်သာ ကျန်ရှိနေပါသည်။ လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.govသို့ အွန်လိုင်းမှ လျှောက်ထားရန် ဖြစ်ပါသည်။ သင့်အနေနှင့်  သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး စင်တာ သို့ သွားရောက်ခြင်း၊ တယ်လီဖုန်း မိုဘိုင်း ကိရိယာများမှ FEMA App  ကို သုံး၍ လျှောက်ထားခြင်း သို့မဟုတ် ငွေကြေးမပေးရသည့် 800-621-3362 သို့ ဖုန်းခေါ်ဆိုခြင်း ပြုပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်လှစ်ပေးထားပြီး ဘာသာစကားမျိုးစုံဖြင့် အထောက်အကူရရှိနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့်.ကိုရွေးချယ်ပါ။

FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။ 

Tags:
နောက်ဆုံးသတင်း