FEMA သည် South Carolina ရှိ သဘာဝဘေးအန္တရာယ်မှ လွတ်မြောက် လာသူများအားလုံးအတွက် ညီမျှသော အထောက်အပံ့ကို ကမ်းလှမ်းပါသည်။

Release Date Release Number
NR 77
Release Date:
ဒီဇင်ဘာ 4, 2024

COLUMBIA, S.C. –FEMA သည် Hurricane Helene ကြာင့် ထိခိုက်ခဲ့ရ သော South Carolina နေထိုင်သူများအတွက် ဖက်ဒရယ်အထောက်အပံ့ကို ညီမျှစွာရရှိအောင် ထောက်ပံ့ပေးရန် ဆန္ဒပြု ဆုံးဖြတ်ထားပါသည်။ အကယ်၍သင့်တွင်အထောက်အကူရရှိရေးဆိုင်ရာလိုအပ်ချက်များရှိနေခဲ့ပါက သင်၏တကိုယ်ရေလိုအပ်ချက်များကို သင့်အနေနှင့် သဘာဝဘေးအန္တရာယ် အထောက်အပံ့လျှောက်ထားချိန်တွင် FEMA ထံသို့ သိအောင်ဆောင်ရွက်ပါ။

အကယ်၍သင် သို့မဟုတ် သင့်အိမ်ထောင်စုဝင်တဦးတယောက်သည် မသန်စွမ်းမှုရှိခြင်း သို့မဟုတ် ဘာသာစကား လိုအပ်ချက်ရှိခြင်းနှင့် FEMA နှင့် အပြန်အလှန်ဆက်သွယ်ရန်လိုအပ်ချက်ရှိခြင်းသို့မဟုတ် မုန်တိုင်းကြောင့် မသန်စွမ်းမှုနှင့်ပတ်သက်သော ဆုံးရှုံးမှုများရှိခြင်းများရှိပါက အရေးကြီးသည့် အချက်မှာ FEMA သဘာဝဘေးအန္တရာယ် အထောက်အပံ့အတွက် လျှောက်လွှာဖြည့်သွင်းချိန်တွင် ယင်းတို့နှင့် သက်ဆိုင်ရာမေးခွန်းများ၏ အဖြေများနေရာတွင် “yes” ဟုဖြေကြားခဲ့ရန် ဖြစ်ပါသည်။ သင်၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တလျှောက်တွင် သင့်အား မည်သို့ ကူညီပေးရန်လိုအပ်သည်ဆိုသည်ကို ဖော်ပြရန် သင့်အားမေးမြန်းပါလိမ့်မည်။

မေးခွန်းများသည် သင့်အနေနှင့် ငွေကြေးပြန်လည်ပေးဆောင်မှု ရရှိနိုင်စေရေး အတွက်အခြားသော ဝန်ဆောင်မှုများကို ဖော်ပြရန်အတွက်ကိုလည်း အထောက်အကူ ဖြစ်စေပါလိမ့်မည်။ 

သင်မျှော်လင့်ထားနိုင်သော မေးခွန်းပုံစံများအတွက် ပါဝင်နိုင်သော ဥပမာ များမှာ

  • သင်သည် မသန်စွမ်းမှုရှိပါသလား သို့မဟုတ် FEMA ဝန်ထမ်းများ နှင့်/သို့မဟုတ် FEMA အစီအစဉ်များ နှင့် အပြန်အလှန်ဆက်ဆံရေးအတွက် ဘာသာစကားဆိုင်ရာ ဆောင်ရွက်ပေးရန် လိုအပ်မှု ရှိပါသလား။
  • သင် သို့မဟုတ် သင်၏ မိသားစုဝင်ထဲမှ တဦးတယောက်သည် မသန်စွမ်းမှု ရှိပြီး ယင်းသည်နေ့စဉ်ဘဝရှင်သန်မှုလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရန် သင်၏ လုပ်ဆောင်နိုင်စွမ်းအပေါ် ထိခိုက်မှု ရှိပါသလားသို့မဟုတ် အထောက်အကူပြုပစ္စည်း တစုံတရာလိုအပ်မှုရှိပါသလား။
  • သင့်ထံတွင် မသန်စွမ်းမှုနှင့် ပတ်သက်သော အထောက်အကူ ပြုပစ္စည်းများ ရှိခဲ့ပါသလား၊  သို့မဟုတ် ဆေးဘက်ဆိုင်ရာအရ လိုအပ်သော ကိရိယာ၊ ထောက်ပံ့မှု၊ အထောက်အကူဝန်ဆောင်မှုများပျက်စီးခဲ့ခြင်း၊ ဖျက်ဆီးခံရခြင်း၊ ဆုံးရှုံးခြင်း သို့မဟုတ် သဘာဝဘေးအန္တရာယ်ကြောင့် နှောင့်ယှက်ပျက်စီးမှု များရှိပါသလား။

သဘာဝဘေးအန္တရာယ်တခုသည် မသန်စွမ်းမှုရှိနေသော လုပ်ဆောင်နိုင်စွမ်း အားနည်းသူနှင့် အခြားသောအထောက်အကူနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက် ရှိနေသောသူများ၏ အမှီခိုကင်းစွာနေထိုင်ရှင်သန်ရေး သို့မဟုတ် အခြားသူ များနှင့် ထိတွေ့ ဆက်ဆံရေး တို့အတွက် အရေးကြီးသော အစိတ်အပိုင်းများ ကို ဖယ်ရှားပစ်လိုက်နိုင်သည်။ ယင်းတို့တွင်ပါဝင်သည်များမှာ ဘီးတပ်တွန်းလှည်း၊ စကူတာ၊ လမ်းလျှောက် ထောက်ကူ ၊ CPAP စက်ပစ္စည်း၊ အကြားအာရုံအထောက်အကူများ၊ မျက်မှန်များ၊ စာဖတ် မျက်နှာပြင်များ၊ သင်သည် ထိုပစ္စည်းများကို ပြန်လည်အစားထိုးရရှိရန် FEMA ရံပုံငွေ လက်ခံရရှိရေးအတွက် သတ်မှတ်အရည်အချင်း ပြည့်မီသူ ဖြစ်နိုင်ပါလိမ့်မည်။

ဘယ်လိုလျှောက်ထားရမလဲ

အကယ်၍သင်သည် ယခုတိုင် FEMA အထောက်အပံ့အတွက် လျှောက်ထား မှုမပြုရသေးပါက၊ သင်လျှောက်လွှာတင်ရန် အချိန်ရှိနေပါသေးသည်။ Hurricane Helene ကြောင့် ထိခိုက်မှုရှိခဲ့သည့် Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက် အပံ့အတွက် လျှောက်ထားရန် သတ်မှတ်အရည်အချင်း ပြည့်မီပါသည်။ 

သင်လျှောက်ထားရန် နည်းလမ်းများစွာရှိပါသည်၊ အွန်လိုင်း DisasterAssistance.govသို့ သွားပါ။ လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးစင်တာ မဆို  သင်၏ဖုန်းတွင် FEMA mobile app ကိုအသုံးပြုပါ။ သို့မဟုတ် FEMA အရေးပေါ်ဖုန်းလိုင်း သို့ဖုန်းခေါ်ပါ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။

လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့် စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။

FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။

Tags:
နောက်ဆုံးသတင်း