ဟိုင်းစ်ဘာဂ်မြို့တော်ခန်းမ Hinesburg Town Hall (Route 10632) တွင်တည်ရှိသော သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာများ(DRC) နှင့် လင်ဒန်လူထုဘေးကင်းလုံခြုံရေးဌာန Lyndon Public Safety Facility (316 Main Street) တို့သည် နိုဝင်ဘာ ၂၃ရက် စနေနေ့ညနေ ၆ နာရီတွင်အပြီး ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။ ထိုနေ့မတိုင်ခင် စင်တာများအတွက် ရုံးဖွင့်ချိန်မှာ မနက် ၉ နာရီမှ ညနေ ၆ နာရီအထိဖြစ်သည်။
ဇူလိုင် ၉ ရက်မှ ၁၁ ရက်နှင့် ဇူလိုင် ၂၉ မှ ၃၁ ရက်တို့တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းနှင့် ရေကြီးမှုဒဏ်ခံသူများနှင့် FEMA နှင့် အခြားသောသဘာဝဘေးပြန်လည်ထူထောင်ရေးကျွမ်းကျင်သူများနှင့် လူကိုယ်တိုင်စကားပြောလိုသူများအတွက်လည်းရည်ရွယ်ပြီး အဆိုပါစင်တာများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။
ဒေသခံများအနေဖြင့် FEMA အကူအညီ ရယူရန် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေးစင်တာ DRC သို့ သွားရောက်ရန် မလိုအပ်ပါ ။ အကူအညီအတွက်လျှောက်လွှာတင်ရန်နောက်ဆုံးသတ်မှတ်ရက်နိုဝင်ဘာလ ၂၅ ရက်နေ့မတိုင်မီ ထိုအကူအညီအတွက်လျှောက်ထားရန် တခြားနည်းလမ်းများရှိသည့်အထဲမှာ အောက်ပါတို့ပါဝင်ပါသည်။
- အွန်လိုင်းကတဆင့် DisasterAssistance.gov
- အက်ပလီကေးရှင်းဖြင့် FEMA mobile app
- FEMA Helpline 1-800-621-3362 သို့ ဖုန်းခေါ်ဆိုပါ။ အကူအညီတောင်းခံမှုကို ဘာသာစကား အတော်များများဖြင့် ရနိုင်ပါသည်။ ဗီဒီယို ထပ်ဆင့် လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းထိုးပါသည့် တယ်လီဖုန်း ဝန်ဆောင်မှု သို့မဟုတ် အခြားဝန်ဆောင်မှုများကို အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် FEMA ကို သင့် ဖုန်းနံပါတ်ကို ပေးထားရပါမည်။ ဖုန်းလိုင်းများကို နံနက် ၇ နာရီကနေ ည ၁၀ နာရီအထိတစ်ပတ်လျှင် ခုနစ်ရက်လုံး ဖုန်း ခေါ်ဆိုနိုင်ပါသည်။
လျှောက်လွှာတင်ရန်နောက်ဆုံးသတ်မှတ်ရက်ပြီးနောက်မှာလည်း လျှောက်ထားသူများအား ကူညီပေးဖို့ FEMA ကျွမ်းကျင်သူများဆက်လက်ရှိနေဦးမည်ဖြစ်သည်။ FEMA ကို လျှောက်ထားပြီးသူများအနေဖြင့် မေးခွန်းများမေးခြင်း၊ ဆက်သွယ်ရန်အချက်အလက်နှင့် အက်ပ်လီကေးရှင်းများကို နောက်ဆုံးရ သတင်း အချက်လက်များဖြင့် အချိန်နှင့်တပြေးညီသိရှိအောင် လုပ်နိုင်သလို ၊ FEMA ၏ ဆုံးဖြတ်ချက်ကို သိရပြီးနောက် အယူခံဝင်ရန် အကြံဉာဏ်ရယူခြင်းအတွကိ အကူအညီပေးသည့်ဖုန်းလိုင်းကို ခေါ်ဆိုနိုင်ပါသည်။