FEMA မှ South Carolina တွင် Hurricane Helene မှ ပြန်လည်ထူထောင်ရေး အထောက်အကူဖြစ်စေရန်အတွက် ဝန်ထမ်းများ ငှားရမ်းလျက်ရှိသည်။ ကျယ်ပြန့်သည့်အမျိုးမျိုးသော အတတ်ပညာကျွမ်းကျင်မှုများနှင့် အထူးပြု ကျွမ်းကျင်သူများကို လိုအပ်နေပါသည်။
- ပြည်သူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ
- မသန်စွမ်းမှုဆိုင်ရာအထူးပြုအကြံပေး
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် သမိုင်းဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ခြင်း
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုင်ကြားမှုများ အထူးပြု ကျွမ်းကျင်သူ
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရေလွှမ်းမြေ အထူးပြု ကျွမ်းကျင်သူ
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အထူးပြု ကျွမ်းကျင်သူ
- သမိုင်းဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေး အထူးပြု ကျွမ်းကျင်သူ
- ပြည်ပရေးရာများ
- ဖန်တီးမှုအထူးပြုကျွမ်းကျင်သူ (စာရေးဆရာ)
- ဒစ်ဂျစ်တယ်ဆက်သွယ်ရေး အထူးပြုကျွမ်းကျင်သူ
- ပြည်ပရေးရာ အထူးပြုကျွမ်းကျင်သူ
- အစိုးရအဖွဲ့တွင်း /ကွန်ဂရက်ဆိုင်ရာ ကိစ္စရပ်များ အထူးပြု ကျွမ်းကျင်သူ
- မီဒီယာဆက်ဆံရေး အထူးပြု ကျွမ်းကျင်သူ
- စီမံကိန်းပူးပေါင်းဆောင်ရွက်ရေး အထူးပြု ကျွမ်းကျင်သူ
- ပုံရိပ်ဆိုင်ရာ အထူးပြု ကျွမ်းကျင်သူ
- ဘေးအန္တရာယ်လျော့ချရေး
- လူမှုအသိုင်းအဝိုင်း ပညာရေး ဖြန့်ဝေမှု အထူးပြု ကျွမ်းကျင်သူ
- အချက်အလက် စုစည်းမှု အထူးပြု ကျွမ်းကျင်သူ
- ဘေးအန္တရာယ်များနှင့် သရုပ်ဖော် ခွဲခြားစိတ်ဖြာသုံးသပ်ရေး အထူးပြု ကျွမ်းကျင်သူ
- အာမခံ ဆိုင်ရာ အထူးပြု ကျွမ်းကျင်သူ
- သတင်းအချက်အလက် နည်းပညာဆိုင်ရာ အထူးပြု ကျွမ်းကျင်သူ
- ပြန်လည်ထူထောင်းရေး အေဂျင်စီများအကြား ပူးပေါင်းဆောင်ရွက်ရေး
- လူမှုအသိုင်းအဝိုင်း ကူညီထောက်ပံ့မှုဆိုင်ရာ အထူးပြု ကျွမ်းကျင်သူ
- မြေပုံညွှန်းအချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာမှုဆိုင်ရာ ဆန်းစစ်သူ
- ထောက်ပံ့ပို့ဆောင်ရေး အထူးပြု ကျွမ်းကျင်သူ
- လူထု ထောက်ပံ့ရေး
- အစီအစဉ် အကောင်အထည်ဖော်မှု မန်နေဂျာ(PDMG)
များစွာသော FEMA ဝန်ထမ်းများသည် ၎င်းတို့၏ဝန်ထမ်းလုပ်သက်ကို သူတို့၏ကိုယ်ပိုင်လူမှုအသိုင်းအား သဘာဝဘေးအန္တရာယ်မှ ပြန်လည် ထူထောင်ရေးအတွက် အရေးပေါ်စိမံခန့်ခွဲမှုတွင် ဒေသဆိုင်ရာ ငှားရမ်းမှုများ မှ စတင်ခဲ့ကြပါသည်။ ထိုယာယီအလုပ်များသည် ရက်ပေါင်း ၁၂၀ တာဝန်ပေးမှု နှင့် ထို့ထက်လည်း ပိုကြာရှည်နိုင်သည်။ ခံစားခွင့်များဖြစ်သော ဖျားနာခွင့်၊ ကျန်းမာရေးအာမခံ နှင့် လစာပေးသော နှစ်စဉ် ခွင့် ၁၁ရက် အထိ ပါဝင်ပါသည်။ လျှောက်လွှာများကို အွန်လိုင်းမှ လက်ခံပါသည်။
ဖွင့်ပေးထားသော နေရာများကို ကြည့်ရန်နှင့် လျှောက်ထားရန် USAjobs.gov သို့သွားပါ၊ အဓိက စာလုံး “FEMA, Local Hire” ဟုရိုက်ပါ၊ ပြီးနောက် သင်၏ဒေသ “South Carolina” ဟု ထည့်သွင်းပါ။
သက်ဆိုင်ရာနေရာ တခုချင်းစီအတွက် လုပ်ခနှင့် ခံစားခွင့်များကိုလည်း ဖော်ပြပေးထားပါသည်။ FEMA ဝန်ထမ်းငှားရမ်းမှု လုပ်ငန်းစဉ် များနှင့် ပတ်သက်၍ ပိုမိုများပြား သော သတင်းအချက်အလက်များကိုရှာဖွေရန် FEMA.gov/careers နှင့် ဒေသအလိုက်ငှားရမ်းမှု ဝန်ထမ်း လုပ်ငန်းလမ်းကြောင်းကို LocalHire|FEMA.gov.တွင်ကြည့်ပါ။
အားလုံးသော လျှောက်ထားသူများသည် အသက် ၁၈ နှစ်နှင့် အထက် အမေရိကန် နိုင်ငံသားဖြစ်ရပါမည်။ အခြားထပ်မံလိုအပ်ချက်များသည် အဆင့်နေရာပါ်မူတည်၍ အပြောင်းအလဲရှိပါသည်။