Newportရှိသဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာကို နိုဝင်ဘာလ ၉ရက်နေ့တွင် ပိတ်ရန် စီစဥ်

Release Date Release Number
19
Release Date:
နိုဝင်ဘာလ 6, 2024

Newport မြို့ Municipal Building t222 Main Street တွင်တည်ရှိသည့် သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာ(DRC) ကို လာမည့်နိုဝင်ဘာလ ၉ရက်နေ့ ညနေ ၆ နာရီတွင် အပြီးပိတ်သိမ်းရန်စီစဥ်ထားပါသည်။ ထို့ရက် မတိုင်မီ စင်တာဖွင့်လှစ်ထားမည့် အချိန်မှာ နေ့စဥ် မနက် ၉နာရီမှ ညနေ ၆နာရီအထိဖြစ်ပါသည်။

ယခုစင်တာကို ဇူလိုင် ၉ ရက်မှ ၁၁ ရက်နှင့် ဇူလိုင် ၂၉ မှ ၃၁ ရက်တို့တွင် ဖြစ်ပွားခဲ့သော မုန်တိုင်းနှင့် ရေကြီးမှုဒဏ်ခံရသည့်ဒေသမှာနေထိုင်သူများနှင့် FEMA နှင့် အခြားသောသဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ကျွမ်းကျင်သူများနှင့် လူကိုယ်တိုင်လာရောက်စကားပြောလိုသူများအတွက်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

ထိုဒေသမှာနေထိုင်သူများသည် FEMA အကူအညီအတွက် လျှောက်ထားရန် DRC သို့ သွားရောက်ရန် မလိုအပ်တော့ပါ။ အကူအညီများအတွက် နိုဝင်ဘာ ၂၅ ရက် နောက်ဆုံးထား၍ လျှောက်ထားရန်အောက်ပါနည်းလမ်းတို့ကို အသုံးပြုနိုင်ပါသည်။

  • အွန်လိုင်းကတဆင့်  DisasterAssistance.gov
  • အက်ပလီကေးရှင်း FEMA mobile app
  • FEMA Helpline 1-800-621-3362 သို့ဖုန်းခေါ်ဆိုပါ။ အကူအညီတောင်းခံမှုကို ဘာသာစကားအတော်များများဖြင့် ရနိုင်ပါသည်။ ဗီဒီယိုထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းထိုးပါသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ်အခြားဝန်ဆောင်မှုများကို အသုံးပြုပါက ဖုန်းခေါ်သည့်အခါ ထိုဝန်ဆောင်မှုအတွက်  FEMA ကို သင့်ဖုန်းနံပါတ်ပေးထားပါ။ ဖုန်းလိုင်းများကို မနက် ၇နာရီကနေ ည၁၁နာရီအထိ (သင်၏ဒေသစံတော်ချိန်)တွင် တစ်ပတ်လျှင် ခုနစ်ရက်လုံး ခေါ်ဆို နိုင်ပါသည်။

နောက်ဆုံးသတ်မှက်ရက်ကို ကျော်လွန်သွားသည့်နောက်ပိုင်းတွင်လည်း လျှောက်ထားသူများအား ကူညီရန် FEMA မှ ကျွမ်းကျင်သူများက ဆက်လက်ရှိနေဦးမည်ဖြစ်သည်။ FEMA ကို လျှောက်လွှာတင်ထားပြီးသူများသည် မေးခွန်းများမေးခြင်း၊ ဆက်သွယ်ရန်အချက်အလက်နှင့် အက်ပ်လီကေးရှင်းများကို နောက်ဆုံးရ သတင်း အချက်လက်များဖြင့် အချိန်နှင့်တပြေးညီသိရှိအောင် လုပ်နိုင်သလို အကူအညီလိုင်းကို ဖုန်း ခေါ်ဆိုခြင်းဖြင့် 

Tags:
နောက်ဆုံးသတင်း