Hurricane Helene သည် စက်တင်ဘာလ 26 ရက်နေ့တွင်ကုန်းတွင်းသို့ဝင်ရောက်ခဲ့ပါသည်။ ယင်းနှင့် အတူပျက်စီးစေသော လေပြင်းများ၊ရေလွှမ်းမိုးမှု၊ လေဆင်နှာမောင်း တိုနေးဒိုးများ နှင့်ပြင်းထန်ဆိုးရွားသော ပျက်စီးမှုများကို SouthCarolina ရှိ ရေမီး အခြေခံအဆောက်အဦများနှင့် အိုးအိမ်များတွင် ထိုနေ့ညနေပိုင်းနှင့်နောက်ဆက်တွဲနေ့များတွင် ဖြစ်စေခဲ့ပါသည်။ ထိုအချိန်မှ စတင်၍ FEMA သည် ပြည်နယ်တလျောက်တွင် လူ ၆၅၀ ထက်မက ခန့်အပ်ပြီး South Carolina ရှိ အိမ်ထောင်စုပေါင်း ၂၀၄,၀၀၀ ထက်မနည်းသော အိမ်များနှင့် အခြားသော ပုံစံ အထောက်အပံ့များအဖြစ် $203 သန်း ကို သတ်မှတ်အတည်ပြုပေးနိုင်ခဲ့ပါသည်။ ယင်းတွင်ပါ၀င်သည်မှာ၊ :
- ယာယီအိမ်ရာအတွက် အိမ်ငှားခနှင့် အိမ်အစားထိုးရန်အတွက် အထောက်အပံ့နှင့် အိမ်ပြင်ဆင်ခများ ပေးခြေရန်အတွက် ဒေါ်လာ 19 သန်းကျော်အိမ်ရာထောက်ပံ့ကြေးများကို သဘောတူခွင့်ပြုခဲ့သည်။
- ကိုယ်ပိုင်ပစ္စည်းဥစ္စာအစားထိုးရန်အတွက်နှင့်အတူ မုန်တိုင်းနှင့် ဆက်စပ် သည့်အခြားသော အရေးတကြီးလိုအပ်ချက်များဖြစ်သည့် ရွှေ့ပြောင်း စရိတ်နှင့် သိုလှောင်ခများ၊ ခရီးသွားလာရေး၊ ကလေးစောင့်ရှောက်ခ၊ ကျန်းမာရေးနှင့် သွားဖက်ဆိုင်ရာများအတွက်ပေးခြေရန်ဒေါ်လာ142 သန်း ကျော်ကိုလည်းအခြားသောလိုအပ်ချက်များအတွက်ထောက်ပံ့ကြေးငွေများအဖြစ် သဘောတူခွင့်ပြုခဲ့သည်။
South Carolina အရေးပေါ်စီမံခန့်ခွဲမှုဌာန၏ဒါရိုက်တာ Kim Stenson သည် ပြန်လည်ထူထောင်ရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန် အာရုံစိုက် ထားပါသည်။ “Hurricane Helene မှ နိုးထလာပြီးနောက်၊ မိမိတို့ လူမှုအသိုင်းအဝိုင်း အနေနှင့် မှတ်သားလောက်ဖွယ် ပြန်လည်ထူထောင်မှုကို ပြသနိုင်ခဲ့သည်။ မိမိတို့သည် ထောက်ပံ့ရေးဖြန့်ဝေမှုနှင့် အထောက်အပံ့များကို FEMA နှင့် မိမိတို့ပြည်နယ်နှင့် ကောင်တီမိတ်ဖက်များနှင့်အတူ ဆောင်ရွက်မှု ခြေလှမ်းများသည် ထင်ရှားပေါ်လွင်လှပါသည်။ ဤအောင်မြင်မှုအတွက် အဆင့်တိုင်း၏ပူးပေါင်းဆောင်ရွက်မှုနှင့် စိတ်ပိုင်း ဖြတ်မှုတို့ကို ကျေးဇူးဆိုရပါမည်“ ဟု Stensonက မှတ်ချက်ပြုခဲ့သည်။
Hurricane Helene သဘာဝဘေးအန္တရာယ်မှ ပြန်လည်လွတ်မြောက်လာသူ များအတွက် အိမ်စစ်ဆေးချက်ပေါင်း 43,000 ကျော်ကို FEMA မှ ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။ ပြည်နယ်နှင့် ဖက်ဒရယ် မိတ်ဖက်များနှင့်အတူ သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာ ၂၄ ခုကို ဖွင့်လှစ်ထားနိုင်ခဲ့ပြီး ထို့ထက်ပို၍ လည်း ထိခိုက်ခဲ့သောနေရာများတွင် ထပ်မံဖွင့်လှစ်ရန် ရှိပါသည်။ အကျိုးအမြတ်မယူသောအဖွဲ့များ၊ ဘာသာရေးအုပ်စုများ၊ အစိုးရဝန်ထမ်း များ၊ တဦးတယောက်စီနှင့် ပုဂ္ဂလိကကဏ္ဍများနှင့်အတူ လူမှုအသိုင်းအဝိုင်း တခုလုံး၏ စွမ်းဆောင်မှုအရ တုန့်ပြန်တာဝန် ယူခဲ့ကြသည်။
“မိမိတို့သည် ပြီးခဲ့သော ရက် ၃၀ အတွင်း ကြီးကျယ်သော အောင်မြင်တိုး တက်မှုကို လုပ်ဆောင်ခဲ့သည် သို့သော် မိမိတို့အလုပ်ကား မပြီးဆုံးသေးပါ” ဟု South Carolina ဖက်ဒရယ်ပူးပေါင်းဆောင်ရွက်ရေးရုံးမှ Brett Howard ကပြောခဲ့သည်။ “ FEMA ဟာ မြေပြင်မှာ ရှိနေဆဲပါ၊ ပြောရရင် ဒေသဆိုင်ရာ နှင့် ပြည်နယ် မိတ်ဖက်များနဲ့ ဘေးချင်းယှဉ်ရက် ရှိနေပြီး ပြန်လည်ထူထောင်ရေးများ တည်ငြိမ်စွာရှိနေစေဖို့နှင့် ထိခိုက်ခံစားခဲ့ရသော မိသားစုများနှင့်South Carolina ရှိ လူမှုအသိုင်းဝိုင်းများအတွက် ထိရောက်မှုရှိစေရန်အတွက် ဖြစ်ပါတယ်”
FEMA အထောက်အပံ့အတွက် လျှောက်ထားရန် အချိန်ရှိနေပါသေးသည်။
Hurricane Helene ကြောင့် ထိခိုက်ခဲ့ရသော Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် FEMA အထောက်အပံ့ကို လျှောက်ထားရန် ယခုတိုင် အချိန်ရှိနေပါသေးသည်။ သင့်အနေနှင့် လျှောက်ထားနိုင်ပါသည်။
- အွန်လိုင်း DisasterAssistance.gov.သို့ သွားပါ။ (ဤနည်းသည် လျှောက်ထားရန်အတွက် အမြန်ဆုံးနည်းလမ်းဖြစ်သည်)
- လူကိုယ်တိုင်တွေ့ခြင်း ၊ မည်သည့် သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာမဆို သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/DRC သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။ DRC 29169).
- သင်၏ဖုန်းတွင် FEMA mobile app. ကိုအသုံးပြုပါ
- FEMA အရေးပေါ်ဖုန်းလိုင်း 800-621-3362 သို့ဖုန်းခေါ်ပါ။ ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပါသည်။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။
လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။ FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။