ပြီးနောက် ပျက်စီးသွားသော မော်တော်ယာဉ် အထောက်အပံ့ရနိုင်ခွင့်

Release Date Release Number
NR-32
Release Date:
အောက်တိုဘာလ 24, 2024

Hurricane Helene ပြီးသည့်နောက်ပိုင်း အချို့သော South Carolina တွင် နေထိုင်သူများသည် မုန်တိုင်းကြောင့် ပျက်စီးသွားရ သော မော်တော်ယာဥ်များအတွက် အခက်အခဲတွေ့ ရုန်းကန်နေကြရသည်။ အကယ်၍ သင်၏အာမခံကုမ္ပဏီက မုန်တိုင်းကြောင့် ပျက်စီးရသည့် မော်တော်ယာဉ်နှင့်ပတ်သက်၍ အာမခံကြေးအကျုံးမဝင်ခဲ့ပါက FEMA သည် ထိုကွာဟချက်ကို ဖြည့်ဆည်းကူညီရန် ငွေကြေးအထောက်အပံ့ပေးနိုင် ပါလိမ့်မည်။

ပထမအဆင့်အနေနှင့် အကယ်၍ အပြည့်အစုံ အာမခံပေါ်လစီ ထားရှိခဲ့ပါက သင်၏အာမခံကုမ္ပဏီတွင် အာမခံလျော်ကြေး တောင်းခံပါ။ ဤ အမျိုးအစားအာမခံသည် များသောအားဖြင့် မော်တော်ယဉ် တစီးအဖို့ မုန်တိုင်းကြောင့် ပျက်စီးရမှုများနှင့်လည်း အကျုံးဝင်သည်။ သင့်တွင် အာမခံရှိသည့်တိုင်အောင် FEMA သို့လည်း လျှောက်ထားပါ။ FEMA သည် အာမခံက ရထားပြီးသည်အတိုင်း ထပ်မပေးနိုင်ပါ၊ သို့သော် အာမခံကြေးနည်းပါးစွာရသည့် လျှောက်ထားသူများသည် သူတို့တောင်းခံမှု များရရှိပြီးနောက် လိုအပ်ချက်အတွက် အကူအညီရရှိနိုင်ပါသည်။

FEMA အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်းပြည့်မီရန်မှာ လျှောက်ထားသူသည်အောက်ပါအခြေအနေများရှိနေရပါမည်။

  • မော်တော်ယာဥ်သည် Hurricane Helene အတွင်း ထိခိုက်ပျက်စီးခဲ့ပြီး ယင်း သည် သဘာဝဘေးအန္တရာယ်သတ်မှတ်ချက် ဧရိယာအတွင်းရှိနေရပါမည်။ ယင်းတွင် Abbeville၊ iken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Beaufort၊ Cherokee၊ Chester၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Jasper၊ Kershaw၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union၊ York ကောင်တီ များရှိ အိမ်ပိုင်ရှင်များနှင့်ငှားရမ်းသူများအပြင် Catawba Indian Nation၏ မျိုးနွယ်စုဝင်များပါဝင်သည်။
  • လျှောက်ထားသူသည် မော်တော်ယာဉ်ပိုင်ဆိုင်ကြောင်းသက်သေ အထောက် အထားကို တရားဝင်ကားမှတ်ပုံတင်နှင့် ပိုင်ခွင့်စာချုပ်စာတမ်းနှင့်အတူ တင်ပြရမည်။
  • မော်တော်ယာဉ်သည် သဘာဝဘေးအန္တရာယ်ဖြစ်ချိန်တွင် South Carolina ယာဉ်မှတ်ပုံတင်ထားပြီး အာမခံထားရှိမှုပြီးပြည်စုံထားပြီး ဖြစ်ရပါမည်။
  • လျှောက်ထားသူတွင် အခြားသော အသုံးပြုနိုင်သည့် ကားမရှိရပါ။

လျှောက်ထားသူများအနေနှင့် တစီးထက် ပိုသော မုန်တိုင်းကြောင့် ပျက်စီး သည့် မော်တော်ယာဉ်များရှိခဲ့ပါက၊ မိသားစုအနေနှင့် အဘယ်ကြောင့် တစီးထက်ပိုသော မောင်းနှင်နိုင်သည့် မော်တော်ယာဉ်များလိုအပ်ကြောင်းကို စာဖြင့်ရေးသား ရှင်းပြရပါမည်။ ယင်းဖော်ပြချက်တွင် ကားနံပါတ်များနှင့် အာမခံကြေးရရှိမှု သို့မဟုတ် မော်တော်ယာဉ်တစီး စီအတွက် အာမခံစာရွက်များ ပါဝင်ရပါလိမ့်မည်။

FEMA အထောက်အပံ့အတွက် ဘယ်လိုလျှောက်ထားရမလဲ။

  • အွန်လိုင်း DisasterAssistance.gov သို့ သွားပါ။
  • FEMA အက်ပ် ကိုသုံးပါ။
  • 800-621-3362 ကို ဖုန်းဆက်ပါ။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။ 
  • မည်သည့် ကပ်ဘေး ပြန်လည်ထူထောင်ရေး စင်တာမဆိုထံ သွားပါ။ South Carolina တွင်ဖွင့်လှစ်ထားသော စင်တာများကိုရှာရန်  ဤနေရာ တွင် နှိပ်ပါ   သင်နှင့် အနီးဆုံးစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drcသို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362သို့ စာတိုပေးပို့ပါ။

လျှောက်ထားပုံနှင့်ပတ်သက်၍ အမေရိကန်သင်္ကေတဘာသာစကား၊ နောက်ခံစကားပြောနှင့်  စာတမ်းထိုးများပါသည့် ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။ FEMA ပရိုဂရမ်များသည် မသန်စွမ်းသူများနှင့် သုံးစွဲနိုင်မှုနှင့် အခြေခံလှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များရှိသည့် အခြားသူများကို လက်လှမ်းမီစေနိုင်ပါသည်။

Tags:
နောက်ဆုံးသတင်း