Hurricane Helene ကြောင့်ထိခိုက်ခံရသော တောင်ပိုင်းကာရိုလိုင်းနားတွင်နေထိုင်သူများအား လူကိုယ်တိုင်ပံ့ပိုးမှုအကူအညီပေးနိုင်ရန်အတွက် Pickens ကောင်တီတွင် သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေးစခန်း တခု ဖွင့်လှစ်မည် ဖြစ်သည်။
Pickens ကောင်တီ
Captain Kimberly Hampton Memorial Library
304 Biltmore Road
Easley, SC 29640
အောက်တိုဘာလ 15-19 ရက်၊ နံနက် 8 နာရီ - ည 7 နာရီအတွင်း ဖွင့်လှစ်ပါသည်။
ဤနေရာများသည် ယခင်ကဖွင့်လှစ်ခဲ့သော Aiken၊ Anderson၊ Barnwell၊ Greenville နှင့် Lexington ကောင်တီများနှင့်အတူပူးပေါင်းသည်။
Aiken ကောင်တီ
Nancy Carson Library
135 Edgefield Road
North Augusta, SC 29841
အောက်တိုဘာလ 14-17 ရက်၊ နံနက် 8 နာရီ - ည 7 နာရီအတွင်း ဖွင့်လှစ်ပါသည်။
Anderson ကောင်တီ
Anderson County Library
300 N. McDuffie St.
Anderson, SC 29621
အောက်တိုဘာလ 14-17 ရက်၊ နံနက် 9 နာရီ - ည 8 နာရီအတွင်း ဖွင့်လှစ်ပါသည်။
Barnwell ကောင်တီ
Barnwell Regional Airport
155 State Road S-6-398
Barnwell, SC 29812
အောက်တိုဘာလ 13-15 ရက်၊ နံနက် 8 နာရီ - ည 7 နာရီအတွင်း ဖွင့်လှစ်ပါသည်။
Greenville ကောင်တီ
Freetown Community Center
200 Alice Ave.
Greenville, SC 29611
နေ့စဉ် နံနက် 8 နာရီ - ည 7 နာရီအထိ ဖွင့်လှစ်ပါသည်။
Lexington ကောင်တီ
Batesburg-Leesville Fire Station
537 W. Church St.
Batesburg, SC 29006
အောက်တိုဘာလ 13-16 ရက်၊ နံနက် 8 နာရီ - ည 7 နာရီအထိ ဖွင့်လှစ်ပါသည်။
အခြားမုန်တိုင်းဒဏ်သင့်ဒေသများတွင် နောက်ထပ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးစင်တာများကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်သည်။ FEMA၊ SOUTH CAROLINAပြည်နယ်နှင့် US အသေးစားစီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံကွပ်ကဲရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ဖွင့်လှစ်ထားသော မည်သည့်စင်တာကိုမဆို သင်သွားရောက်နိုင်ပါသည်။ ရက်ချိန်း ရယူရန် မလိုအပ်ပါ။ အခြားစင်တာတည်နေရာများကို ရှာဖွေရန် fema.gov/drc သို့သွားပါ သို့မဟုတ် “DRC” နှင့် စာပို့သင်္ကေတကို 43362 သို့ စာတိုပေးပို့ပါ။
Abbeville၊ Aiken၊ Allendale၊ Anderson၊ Bamberg၊ Barnwell၊ Chester၊ Cherokee၊ Edgefield၊ Fairfield၊ Greenville၊ Greenwood၊ Hampton၊ Kershaw၊ Jasper၊ Laurens၊ Lexington၊ McCormick၊ Newberry၊ Oconee၊ Orangeburg၊ Pickens၊ Richland၊ Saluda၊ Spartanburg၊ Union နှင့် York ကောင်တီများရှိ အိမ်ပိုင်ရှင်များနှင့် ငှားရမ်းသူများ အပြင် Catawba Indian Nation ၏ မျိုးနွယ်စုဝင်များသည် ဖက်ဒရယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာအကူအညီအတွက် လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရန် အမြန်ဆုံးနည်းလမ်းမှာ DisasterAssistance.govသို့ အွန်လိုင်းမှ လျှောက်ထားရန်ဖြစ်ပါသည်။ မိုဘိုင်းစက်ပစ္စည်းများတွင် FEMA အက်ပ် သို့မဟုတ် ခေါ်ဆိုခ အခမဲ့ဖုန်းလိုင်း 800-621-3362 ကို အသုံးပြု၍လည်း လျှောက်ထားနိုင်ပါသည် ။ တယ်လီဖုန်းလိုင်းကို နေ့စဉ်ဖွင့်ထားပြီး ဘာသာစကားများစွာဖြင့် အကူအညီ ရယူနိုင်ပါသည်။ ဗီဒီယို ထပ်ဆင့်လွှင့်ဝန်ဆောင်မှု (VRS)၊ စာတန်းပါသော တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့သော ထပ်ဆင့်လွှင့်ဝန်ဆောင်မှုကို သင်အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ထံ ပေးပါ။ လျှောက်ထားပုံနှင့်ပတ်သက်၍ ဝင်ရောက်ကြည့်ရှုနိုင်သော ဗီဒီယိုကို ကြည့်ရှုရန် ဤ လင့် ကိုရွေးချယ်ပါ။
FEMA ပရိုဂရမ်များသည် မသန်စွမ်းသူများနှင့် သုံးစွဲနိုင်မှုနှင့် အခြေခံလှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များရှိသည့် အခြားသူများကို လက်လှမ်းမီစေနိုင်ပါသည်။