ဟယ်လင်း ဟာရီကိန်းမုန်တိုင်းကြောင့် အာမခံမရှိသည့်ထိခိုက်မှုများ သို့မဟုတ် ဆုံးရှုံးမှုများရှိသည့် ဘိုးဖော့နှင့်ဖဲဖီး ကောင်တီတို့မှ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများသည် FEMA ကပ်ဘေးအတွက် ထောက်ပံ့ကြေးလျှောက်ရန် ယခု အကျုံးဝင်ပါပြီ။
ကြီးလေးသော လိုအပ်ချက်များ၊ အိုးအိမ်ဆုံးရှုံးမှု၊ ယာယီနေထိုင်စရာ၊ အခြေခံ အိမ်ပြင်စရိတ်များ၊ ကိုယ်ပိုင်ပစ္စည်း ဆုံးရှုံးမှု သို့မဟုတ် ကပ်ဘေးကြောင့် ပေါ်ပေါက်သည့် အခြားလိုအပ်ချက်များအတွက် FEMA မှ ကူညီကောင်း ကူညီနိုင်ပါမည်။ ဘိုးဖော့နှင့်ဖဲဖီးကောင်တီတို့သည် အက်ဘဗီးလ်၊ အေးကင်း၊ အယ်လင်ဒေးလ်၊ အန်ဒါစင်၊ ဘမ်းဘက်၊ ဘားန်ဝဲလ်၊ ချယ်ရိုကီး၊ ချက်စတာ၊ အက်ဂျဖီးလ်၊ ဂရင်းဗီးလ်၊ ဂရင်းဝုဒ်၊ ဟမ်တင်၊ ဂျက်စပါ၊ ကဲရှော၊ လောရင်းစ်၊ လက်စင်တန်၊ မက်ကောမစ်၊ နယူးဘယ်ရီ၊ အိုကိုနီး၊ အောရင်းဂျ်ဘဂ်၊ ပစ်ကင်းစ်၊ ရစ်ချ်လန်၊ စလူဒါ၊ စပါတန်ဘဂ်၊ ယူနီယန်နှင့် ယော့ ကောင်တီများအပြင် ယခင်က အိမ်ထောင်စုများအား အထောက်အကူပေးရန် ခွင့်ပြုချက်ရထားသည့် ကတော်ဘာ အင်းဒီးယန်း လူမျိုးအဖွဲ့ဝင်များနှင့် အတူ ပါဝင်ပါသည်။
သင်သည် FEMA ထောက်ပံ့ကြေးကို နည်းအမျိုးမျိုးဖြင့် လျှောက်ထားနိုင်ပါသည်-
- အွန်လိုင်း DisasterAssistance.govသို့ သွားပါ။
- FEMA အက်ပ်ကိုသုံးပါ။
- 800-621-3362 ကို ဖုန်းဆက်ပါ။ ဗီဒီယိုဖြင့် ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု (VRS)၊ စာသားဖော်ပြသည့် တယ်လီဖုန်း သို့မဟုတ် အခြားဝန်ဆောင်မှုကဲ့သို့ ထပ်ဆင့်လွှဲပေးသည့် ဝန်ဆောင်မှု အသုံးပြုပါက ထိုဝန်ဆောင်မှုအတွက် သင့်နံပါတ်ကို FEMA ကို ပေးပါ။
- မည်သည့် ကပ်ဘေး ပြန်လည်ထူထောင်ရေး စင်တာမဆိုထံ သွားပါ။ တည်နေရာများနှင့် လုပ်ငန်းလည်ပတ်ချိန်များကို fema.gov/drc တွင် ရှာပါ၊ သို့မဟုတ် 43362 သို့ “DRC” ဟူ၍နှင့် ဇစ်ကုတ်တို့ကို စာတိုပို့ပါ။
- ကပ်ဘေး ပြန်လည်ထူထောင်ရေး စင်တာကို ဂရင်းဗီးလ်မြို့ 200 Alice Avenue ရှိ Freetown Community Center တွင် ဖွင့်ထားပါသည်။ ဟယ်လင်း ဟာရီကိန်းမုန်တိုင်းမှ လွတ်မြောက်လာသူများအား လူကိုယ်တိုင် ကူညီရန် နေ့စဉ် မနက် ၈ နာရီမှ ည ၇ နာရီအထိ ဖွင့်ပါသည်။
မုန်တိုင်းမှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် အထောက်အကူ ရယူရန်နှင့် လုပ်ကိုင်ဆောင်ရွက်ရန် လိုအပ်ချက်များရှိသော အခြားသူများသည် FEMA အစီအစဉ်များတွင် ပါဝင်နိုင်ပါသည်။
လျှောက်ထားသည့်အခါ လိုအပ်မည့်အရာမျာ
- သင့်ကိုဆက်သွယ်နိုင်မည့် လက်ရှိဖုန်းနံပါတ်။
- ကပ်ဘေးဆိုက်သည့်အချိန်၌ သင့်လိပ်စာနှင့် သင်ယခုနေထိုင်နေသည့် လိပ်စာ။
- သင်၏ ဆိုရှယ်စကျူရီတီနံပါတ်။
- ထိခိုက်ဆုံးရှုံးမှုများ အထွေထွေစာရင်း။
- ဘဏ်ထဲသို့ ငွေတိုက်ရိုက်လွှဲပေးရန် သင်ရွေးချယ်ပါက ဘဏ်နှင့်ပတ်သက်သည့် အချက်အလက်များ။
- အာမခံရှိပါက အာမခံစာချုပ်နံပါတ် သို့မဟုတ် အေးဂျင့်နှင့်/ သို့မဟုတ် ကုမ္ပဏီအမည်။
အိမ်ပိုင်ရှင်များအတွက်အာမခံ၊ အိမ်ငှားများအတွက်အာမခံ သို့မဟုတ် ရေးကြီးခြင်းအတွက် အာမခံရှိပါက တတ်နိုင်သမျှ အမြန်ဆုံး တောင်းဆိုချက် ပြုလုပ်သင့်ပါသည်။ အာမခံမှ ကုန်ကျစရိတ်ပေးသည့် ဆုံးရှုံးမှုများအတွက် FEMA မှ အကျိုးခံစားခွင့်များကို ထပ်၍ မပေးနိုင်ပါ။ သင်၏အာမခံစာချုပ်က ကပ်ဘေးကြောင့် ကုန်ကျစရိတ်အားလုံးကို မပေးပေးပါက သင့်အနေဖြင့် ဖက်ဒရယ်အစိုးရ ထောက်ပံ့ကြေးအတွက် အကျုံးဝင်နိုင်ပါသည်။