အနာဂတ် ရေကြီးရေလျှံမှုမှ ကာကွယ်ရန် သင် ဆောင်ရွက်နိုင်သော အဆင့် ငါးဆင့်

Release Date Release Number
DR-4797-MN NR-15
Release Date:
စက်တင်ဘာ 11, 2024

ST. PAUL – သင်သည် ဇွန်လ 16 ရက်မှ ဇူလိုင်လ 4 ရက်အထိ ဖြစ်ပွားခဲ့သော ဘေးအန္တရာယ်မှ ပြန်လည်နာလန်ထူနေသည့် Minnesota ဒေသခံတစ်ဦး ဖြစ်ပါက သင့်အိမ်ကို အနာဂတ် ရေလွှမ်းမိုးမှု အန္တရာယ်များမှ ပိုမို ခံနိုင်ရည်ရှိစေရေး ပြုလုပ်ရန် ယခု စတင်ဆောင်ရွက်ရန် စဉ်းစားပါ။

အောက်ပါတို့သည် သင့်ပိုင်ဆိုင်မှုများကို ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် နည်းလမ်း ငါးခု ဖြစ်ပါသည်-

  1. ရေဘေး အာမခံတွင် ရင်းနှီးမြှုပ်နှံပါ- ရေ 1 လက်မလေးကပင်လျှင် ပျက်စီးမှု $25,000 တန်ဖိုးဖြစ်စေနိုင်သည်ကို သင် သိပါသလား။ သင့်အိမ်ကို လုံလောက်စွာ အာမခံထားရှိရန် အာမခံဝန်ဆောင်မှုရွေးချယ်စရာများနှင့်ပတ်သက်၍ သင်၏ အာမခံကိုယ်စားလှယ်နှင့် ဆွေးနွေးပြောဆိုပါ။ ထို့ပြင် ရေလွှမ်းမိုးမှု အန္တရာယ် ဖြစ်စေရန် သို့မဟုတ် အာမခံ ထားရှိနိုင်ရန် သင်သည် ရေလွှမ်းမိုးသည့် လွင်ပြင်တွင် ရှိနေရန် မလိုအပ်သည်ကို သတိရပါ။ တစ်နိုင်ငံလုံးမှ ရေဘေးအာမခံလျော်ကြေး လေးဆယ်ရာခိုင်နှုန်းနှင့် ရေကြီးရေလျှံမှုအတွက် သဘာဝဘေးထောက်ပံ့ကြေး သုံးပုံတစ်ပုံသည် ရေကြီးနိုင်ခြေနည်းပါးသည့်နေရာများမှ ရေကြီးနိုင်ခြေ အသင့်အတင့်ရှိသည်ဟု ယူဆသည့်နေရာများသို့ ရောက်ပါသည်။ ပိုမိုလေ့လာရန် FloodSmart.gov သို့ ဝင်ရောက်လေ့လာပါ။
  2. အိမ်ဖောင်ဒေးရှင်းရှိ အက်ကြောင်းများကို ပိတ်ပါ- ရေမဝင်စေရန်အတွက် ဖောင်ဒေးရှင်းအက်ကြောင်းများကို ဖာရန် အင်္ဂတေနှင့် ရေလုံ အင်္ဂတေဖြည့်ပစ္စည်းကို အသုံးပြုပါ။
  3. ရေဆိုးစုပ်စက်နှင့် ရေပြန်စီးဆင်းမှု တားဆီးရေးဗားကို တပ်ဆင်ပါ- လျှပ်စစ်မီး ပြတ်တောက်ပါက အသုံးပြုနိုင်ရန်အတွက် ဘက်ထရီအရန်စနစ်ပါရှိသော ရေဆိုးစုပ်စက်တစ်လုံး သင့်တွင်ရှိကြောင်း သေချာပါစေ။ ထို့အပြင် သင့်အိမ်တွင် ပုံမှန်အတိုင်း ရေစီးစေရန်နှင့် ရေဆိုးများ ပြန်လျှံမတက်စေရန်အတွက် ပိုက်ပြင်သမားခေါ်ယူရန် စဉ်းစားပါ။
  4. အသုံးအဆောင်ပစ္စည်းများကို မြှင့်ပါ- အေအေးပေးစက် ကွန်ဒန်ဆာများ၊ အပူဖြန့် ပန့်များ၊ ရေမီတာများနှင့် အခြား အိမ်သုံးပစ္စည်းကိရိယာများကို ဖြစ်နိုင်ခြေရှိသော ရေအမြင့်အထက် အနည်းဆုံး 1 ပေ အမြင့်တွင်ရှိသော စင်မြင့်များပေါ်တွင် မြှင့်တင်ပြီး ချိတ်တွဲထားပါ။ အဓိက အသုံးအဆောင်ပစ္စည်းများကို မြေပြင်ထက်မြင့်သည့်နေရာတွင် မြှင့်ထားရန် စဉ်းစားပါ။
  5. ရေစီးဆင်းမှု ပိုမိုကောင်းမွန်ရန် မြေအနေအထားကို ပြုပြင်ပါ- ဖောင်ဒေးရှင်းပတ်ပတ်လည်ရှိ ပိုမိုနိမ့်သော နေရာများကို မြေဖို့ပါ။ ရေကောင်းမွန်စွာ စီးဆင်းနိုင်ရန်အတွက် မြောင်းငယ်များကို တူးပါ။ အခြားတစ်နည်းအားဖြင့် သင့် ခြံဝင်းကို ပိုကောင်းအောင် ပြုပြင်ပါ။ သို့မှသာ ရေများသည် သင့်အိမ်မှ အဝေးသို့ လျှောဆင်းသွားပါမည်။

သင့်အိမ်၏ သဘာဝဘေးအန္တရာယ် ဒဏ်ခံရမှုကို လျှော့ချရာတွင် ကူညီရန် ဖက်ဒရယ်ရန်ပုံငွေကို ရရှိနိုင်ပါသည်။

FEMA လျှောက်ထားသော အိမ်ပိုင်ရှင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထောက်ပံ့ငွေရရှိသူများသည် သီးသန့်ဘေးအန္တရာယ် လျှော့ချရေး အစီအမံများအတွက် ထပ်ဆောင်းရန်ပုံငွေများ ရရှိနိုင်ပါသည်။ ဇွန််လ 16 ရက်မှ ဇူလိုင်လ 4 ရက်အထိ ဖြစ်ပွားခဲ့သော မုန်တိုင်းနှင့် ရေကြီးရေလျှံမှု ဒဏ်ကို ခံစားခဲ့ရသော Minnesota ဒေသခံများအတွက် ဤထောက်ပံ့ငွေတွင် ပိုမိုပြင်းထန်သောလေတိုက်ခတ်မှုဒဏ်ကို ခံနိုင်ရန်နှင့် ရေများဝင်ရောက်မှုမှ ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန် သင့်အမိုးကို ပြုပြင်ခြင်း၊ သင်၏ ရေပူစက် သို့မဟုတ် မီးဖိုကို မြှင့်တင်ခြင်း နှင့်/သို့မဟုတ် အနာဂတ် ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုကို ရှောင်ရှားနိုင်ရန် လျှပ်စစ်ခလုတ်ခုံများကို နေရာရွှေ့ခြင်းများ ပါဝင်နိုင်ပါသည်။ ထပ်တိုး ရန်ပုံငွေများကို FEMA ၏ အိမ်ပြင်ဆင်ရေးထောက်ပံ့ငွေအတွက် အရည်အချင်းပြည့်မီသော အိမ်ပိုင်ရှင်များ ရရှိသည့် ပမာဏအတွင်း ပံ့ပိုးပေးသွားပါမည်။ ဤဘဏ္ဍာရေးအရင်းအမြစ်နှင့်စပ်လျဉ်း၍ နောက်ထပ် အချက်အလက်များကို ကျွန်ုပ်တို့၏ လူတစ်ဦးချင်းနှင့် မိသားစု အစီအစဉ်အောက်ရှိ သဘာဝဘေးလျော့ပါးရေးဆိုင်ရာ အချက်အလက်စာရွက် တွင် ရရှိနိုင်ပါသည်။

ထို့အပြင် အမေရိကန် အသေးစားစီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲမှု (SBA) ထံမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ချေးငွေအတွက် သတ်မှတ်ချက်ပြည့်မီသော ငွေချေးသူများသည် အနာဂတ်ဘေးန္တရာယ်များမှ ကာကွယ်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် ရာသီဥတုဒဏ်လျော့ပါးသက်သာရေးအစီအမံများကို ၎င်းတို့၏အိမ် သို့မဟုတ် စီးပွားရေးလုပ်ငန်းတွင် ထည့်သွင်းရန် မိမိတို့၏ ချေးငွေကို စုစုပေါင်း ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတန်ဖိုး၏ 20% အထိ တိုးမြှင့်နိုင်သည်။ www.sba.gov/funding-programs/disaster-assistanceတွင် ပိုမိုလေ့လာပါ။ 

နောက်ထပ် ရေကြီးရေလျှံမှု ဘေးအန္တရာယ် လျှော့ချရေး အကြံပြုချက်များအတွက် www.FEMA.gov/protect-your-property တွင် ဝင်ရောက်ကြည့်ရှုပါ။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုက် ဖြစ်သော www.fema.gov/disaster/4797 တွင် ဝင်ရောက် ကြည့်ရှုပြီး Minnesota တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်မှုများအကြောင်း ပိုမိုလေ့လာပါ။

Tags:
နောက်ဆုံးသတင်း