ST. PAUL – ဇွန်လ 16 ရက်နေ့မှ ဇူလိုင်လ 4 ရက်နေ့အထိ ဖြစ်ပွားခဲ့သော ပြင်းထန်သော မုန်တိုင်းများနှင့် ရေကြီးရေလျှံမှုများ အပြီးတွင် ဒေသခံများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရာတွင် ကူညီရန် FEMA/ပြည်နယ် ဘေးန္တရာယ်မှ ပြန်လည်ထူထောင်ရေး စင်တာများသည် ဩဂုတ်လ 27 ရက်၊ 2024 ခုနှစ် အင်္ဂါနေ့တွင် ဖွင့်လှစ်ပါတော့မည်။
FEMA၊ Minnesota ပြည်နယ်နှင့် အမေရိကန်ပြည်ထောင်စု အသေးစား စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲရေးဌာနတို့မှ ကျွမ်းကျင်သူများသည် ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများအနေဖြင့် ဖက်ဒရယ် ဘေးအန္တရာယ် အကူအညီကိုလျှောက်ထားခြင်း၊ စာရွက်စာတမ်းများ အပ်လုဒ်လုပ်ခြင်း၊ ၎င်းတို့၏ မေးခွန်းများကို လူကိုယ်တိုင် ဖြေကြားခြင်း၊ ရရှိနိုင်သော အခြားအကူအညီ အမျိုးအစားများ ရယူခြင်းနှင့် သူတို့၏ ပိုင်ဆိုင်မှုများကို ဘေးအန္တရာယ်ဒဏ် ပိုမိုခံနိုင်စေရန် ပြုလုပ်ရေး လေ့လာသင်ယူခြင်းများတွင် အကူအညီပေးရန် စင်တာများတွင် ရှိနေပါမည်။
ဤစင်တာများသည် အောက်ဖော်ပြပါ တည်နေရာများ၊ နေ့ရက်များနှင့် နာရီများတွင် ဖွင့်လှစ်ပါမည်-
Albert Lea Fire Rescue
417 S. Newton Avenue
Albert Lea, MN 56007
ဖွင့်ချိန်များ- တနင်္လာနေ့မှ - စနေနေ့အထိ၊ နံနက် 7:30 မှ – ညနေ 6:30 အထိ၊ တနင်္ဂနွေနေ့များနှင့် အလုပ်သမားနေ့ အားလပ်ရက်ဖြစ်သော စက်တင်ဘာလ 2 ရက်၊ တနင်္လာနေ့တွင် ပိတ်ပါသည်။
JBS Field House
700 2nd Avenue
Worthington၊ MN 56187
ဖွင့်ချိန်များ- တနင်္လာနေ့မှ - စနေနေ့အထိ၊ နံနက် 7:30 မှ – ညနေ 6:30 အထိ၊ တနင်္ဂနွေနေ့များနှင့် အလုပ်သမားနေ့ အားလပ်ရက်ဖြစ်သော စက်တင်ဘာလ 2 ရက်၊ တနင်္လာနေ့တွင် ပိတ်ပါသည်။
အခြား ပြန်လည်ထူထောင်ရေး စင်တာများကို ထိခိုက်ခံစားခဲ့ရသော အခြားကောင်တီများတွင် မကြာမီ ဖွင့်လှစ်ပါမည်။ သင်နှင့် အနီးဆုံးဖြစ်သော စင်တာကို ရှာဖွေရန် FEMA.gov/DRC တွင် ဝင်ရောက်လေ့လာပါ။ ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများသည် ထောက်ပံ့ကူညီမှုများရယူရန်အတွက် မည်သည့် စင်တာသို့မဆို သွားရောက်နိုင်ပါသည်။
အမေရိကန် လက်ဟန်ပြသင်္ကေတဘာသာစကားအပါအဝင် အင်္ဂလိပ်ဘာသာစကားမဟုတ်သော အခြားဘာသာစကားများအတွက် အကူအညီနှင့် ဘာသာပြန်ဆိုထားသော စာရွက်စာတမ်းများကို ဤစင်တာများတွင် ရရှိနိုင်ပါသည်။ ဘေးအန္တရာယ်မှပြန်လည်ထူထောင်ရေး စင်တာများ၏ တည်နေရာများကို တတ်နိုင်သမျှ လူများများ လာရောက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ရွေးချယ်ထားပါသည်။ စင်တာအားလုံးတွင် ကားရပ်နားရန်နေရာများ ရရှိနိုင်ပါသည်။
ဘေးအန္တရာယ်မှ လွတ်မြောက်လာသူများသည် FEMA ထောက်ပံ့ကူညီမှုအတွက် ဘေးအန္တရာယ်မှပြန်လည်ထူထောင်ရေး စင်တာများသို့ သွားရောက် လျှောက်ထားရန် မလိုပါ။ စင်တာသို့ မသွားဘဲ လျှောက်ထားနိုင်ရန်အတွက် အွန်လိုင်းတွင် DisasterAssistance.gov သို့သွားပါ။ ဖုန်းတွင် FEMA မိုဘိုင်း အက်ပ်ကို ဒေါင်းလုဒ်ဆွဲပါ၊ သို့မဟုတ် FEMA ၏ အကူအညီပေးရေး ဖုန်းနံပါတ် 800-621-3362 ကို ခေါ်ဆိုပါ။ အကယ်၍ သင်သည် ဗီဒီယိုတစ်ဆင့်ခံဝန်ဆောင်မှု၊ စာသားထည့်ပေးသည့် တယ်လီဖုန်းဝန်ဆောင်မှု သို့မဟုတ် အခြားအရာများ အသုံးပြုပါက သင်လျှောက်ထားချိန်တွင် အဆိုပါဝန်ဆောင်မှုရရှိရန် သင့်နံပါတ်ကို FEMA အား ပေးအပ်ပါ။
Minnesota ရှိ သဘာဝဘေးအန္တရာယ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းနှင့် ပတ်သက်သည့် နောက်ထပ် အချက်အလက်များအတွက် www.fema.gov/disaster/4797 သို့ သွားရောက်ကြည့်ရှုပါ။