ဇူလိုင်လက ပြင်းထန်သောမုန်တိုင်းများ၊ ရေကြီးမှု၊ မြေပြိုမှုနှင့် ရွှံ့မြေပြိုမှုဒဏ်ခံခဲ့ရသော ဗားမွန့်ပြည်နယ်မှာနေထိုင်သူများသည် တနင်္လာနေ့၊ နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၁၀နာရီ အထိ နောက်ဆုံးထားပြီး နေအိမ်များ ပြုပြင်ရန်နှင့် မိမိပိုင်ဆိုင်မှုများကို အစားထိုးပြုပြင်ရန်ရန် FEMA ထောက်ပံ့ကြေးများအပါအဝင် ဗဟိုအစိုးရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကူအညီအတွက် လျှောက်ထားနိုင်သည်။
News, Media & Events: Vermont
Preparedness Tips
Press Releases and Fact Sheets
တနင်္လာနေ့သည် ဗားမွန့်ပြည်နယ်နေထိုင်သူများအတွက် ဗဟိုအစိုးရအကူအညီကို လျှောက်ထားရန်နောက်ဆုံးရက်ဖြစ်သည်
ဟိုင်းစ်ဘာဂ်မြို့တော်ခန်းမ Hinesburg Town Hall (Route 10632) တွင်တည်ရှိသော သဘာဝဘေးအန္တရာယ်ပြန်လည်ထူထောင်ရေးစင်တာများ(DRC) နှင့် လင်ဒန်လူထုဘေးကင်းလုံခြုံရေးဌာန Lyndon Public Safety Facility (316 Main Street) တို့သည် နိုဝင်ဘာ ၂၃ရက် စနေနေ့ညနေ ၆ နာရီတွင်အပြီး ပိတ်သိမ်းသွားမည်ဖြစ်ပါသည်။ ထိုနေ့မတိုင်ခင် စင်တာများအတွက် ရုံးဖွင့်ချိန်မှာ မနက် ၉ နာရီမှ ညနေ ၆ နာရီအထိဖြစ်သည်။
ဇူလိုင်လကမုန်တိုင်းကြီးများဘေးဒဏ်ခံရသူများအတွက် FEMA တွင် အကူအညီအတွက်လျှောက်ထားရမည့် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် နိုဝင်ဘာလ၂၅ ရက်ကိုကျော်လွန်သွားပြီဖြစ်သော်လည်း၊ အေဂျင်စီကိုယ်စားလှယ်များသည် မေးခွန်းများကိုဖြေဆိုရန်နှင့် ဗားမွန့်ပြည်နယ်နေထိုင်သူများ၏လျှောက်လွှာများကို ပြီးမြောက်အောင်ကူညီပေးဖို့ ရှိနေဆဲဖြစ်ပါသည်။ အထူးသဖြင့် နေအိမ်လိပ်စာပြောင်းလဲမှု သို့မဟုတ် ၎င်းတို့၏ လျှောက်လွှာများတွင် အခြားနောက်ဆုံးအချက်အလက်များထပ်ထည့်သွင်းလိုပါက လျှောက်ထားသူများအနေဖြင့် အေဂျင်စီနှင့် အမြဲအဆက်အသွယ်မပြတ်ရှိနေရန် တိုက်တွန်းပါသည်။