Suffolk ကောင်တီ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာ အောက်တိုဘာ ၃၀ တွင် အပြီးပိတ်မည်

Release Date:
အောက်တိုဘာလ 28, 2021

Suffolk ကောင်တီ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး စင်တာကို စနေနေ့ ညနေ ၆ နာရီတွင် အပြီးပိတ်မည် ဖြစ်သော်လည်း ဟာရီကိန်းအိုင်ဒါ ဘေးဒဏ်ခံရသူများသည် FEMA အကူအညီလျှောက်ထားမှုများ အတွက် အကူအညီ ဆက်လက်ရယူနိုင်ပါသည်။ အကူအညီသည် လက်တကမ်း၌သာရှိပြီး ဖုန်း၊ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းဖုန်းဖြင့် ရယူနိုင်ပါသည်။

739 NY-25A in Mount Sinai ရှိ Rose Caracappa Senior Center တွင် ပြန်လည်ထူထောင်ရေးစင်တာ ဖွင့်ထားပါသည်။ ဤစင်တာသည် Suffolk ကောင်တီတွင် တစ်ခုတည်းသော ပြန်လည်ထူထောင်ရေးစင်တာ ဖြစ်သော်လည်း အခြား စင်တာ ခုနစ်ခုသည် အနီးအနား ကောင်တီများတွင် တနင်္လာမှ စနေအထိ မနက် ၁၀ နာရီနှင့် ညနေ ၆ နာရီ အတွင်း ဖွင့်လှစ်ထားမည် ဖြစ်ပြီး တနင်္ဂနွေနေ့တွင် ပိတ်ပါသည်။ ၎င်းတို့၏ လိပ်စာများမှာ -

    • Hostos College, 450 Grand Concourse, Bronx, NY 10451
    • Public Library, 136 Prospect Ave., Mamaroneck, NY 10543
    • Queens College, 152-45 Melbourne Ave., Queens, NY 11367
    • Medgar Evers College, 231 Crown St., Brooklyn, NY 11225
    • College of Staten Island, 2800 Victory Blvd., Staten Island, NY 10314
    • Michael J. Tully Park Physical Activity Center, 1801 Evergreen Ave., New Hyde Park, NY 11040
    • Orangetown Soccer Club Complex, 175 Old Orangeburg Road, Orangeburg, NY 10962

ကျွမ်းကျင်သူများက သင့်မေးခွန်းများကို ဖြေကြားပေးမည်ဖြစ်ပြီး သင်ရရှိနိုင်သော အထောက်အပံ့များနှင့် ပတ်သက်၍ FEMA ထံမှ တုံ့ပြန်မှု နှောင့်နှေးနေခြင်းများရှိပါက မေးမြန်းနိုင်ပြီး သင့်စာရွက်စာတန်းများကို သင့်အကောင့်သို့ ထည့်သွင်းရာတွင်လည်း အကူအညီပေးနိုင်ပါသည်။

သင်သည် FEMA ဝန်ထမ်းများ၊ ဖက်ဒရယ်နှင့် ပြည်နယ်အေဂျင်စီမှ ကိုယ်စားလှယ်များနှင့် မည်သည့် ပြန်လည် ထူထောင်ရေးစင်တာတွင် မဆို လူကိုယ်တိုင်တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ ယင်းစင်တာများသို့ မသန်စွမ်းသူများ ဝင်ရောက်နိုင်အောင်လည်း စီစဉ်ထားပါသည်။ အကယ်၍ သင်သည် အထူးစက်ပစ္စည်း ကိရိယာ အကူအညီလိုအပ်ပါက FEMA အကူအညီကို ဖုန်းခေါ်ဆိုသည့်အခါ ကျွမ်းကျင်သူကို ပြောပြပါ။

FEMA အထောက်အပံ့လျှောက်ထားရန်အတွက် အွန်လိုင်း DisasterAssistance.gov တွင်ဖြစ်စေ၊ FEMA မိုဘိုင်းအက်ပ်ကို သုံး၍ ဖြစ်စေ၊ FEMA အကူအညီ ကို ၈၀၀-၆၂၁-၃၃၆၂ တွင် ခေါ်ဆို၍ဖြစ်စေ လျှောက်ထားနိုင်ကြ ပါသည်။ အကယ်၍ သင်က VRS (ဗီဒီယိုထပ်ဆင့်လွှင့် အစီအစဉ်)၊ စာသားပါဖုန်းအစီအစဉ် သို့မဟုတ် တခြား စနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။ အကူအညီအော်ပရေတာကို မနက် ၈ နာရီမှ ည ၇နာရီအထိ တပါတ်လျှင် ၇ ရက် ဖွင့်ထားပါသည်။ စပိန်ဘာသာစကားအတွက် ၂ ကို နှိပ်ပါ။ သင့်ဘာသာစကားပြောသည့် စကားပြန်ကို ရရန် ၃ ကိုနှိပ်ပါ။

သင်သည် Bronx, Dutchess, Kings, Nassau, Queens, Richmond, Rockland, Suffolk နှင့် Westchester တွင် နေထိုင်ပြီး ဟာရီကိန်းအိုင်ဒါကြောင့် သင့်အိမ်ပျက်စီး ဆုံးရှုံး သို့မဟုတ် နေထိုင်ရန်မဖြစ်တော့သည့် ထိခိုက်မှုရှိပါက ပြန်လည်ထူထောင်ရေး စင်တာကို မသွားရောက်မီ FEMA ၏ ဘေးအန္တရာယ်ဆိုင်ရာအကူအညီကို လျှောက်ထားရန် တိုက်တွန်းပါသည်။

FEMA ၏ ဘေးအန္တရာယ်အကူအညီအတွက် ဒီဇင်ဘာလ ၆ ရက်၊ တနင်္လာနေ့ နောက်ဆုံးထား လျှောက်ထားရမည်။

ထပ်ဆောင်း အွန်လိုင်းအရင်းအမြစ်များနှင့် FEMA လက်ကမ်းစာစောင်များကို DisasterAssistance.gov တွင် ကြည့်ပြီး "Information" ကိုနှိပ်၍ အချက်အလက်ရယူပါ။

ကွန်မြူနတီအခြေပြု လိုအပ်ချက်များကို ပံ့ပိုးပေးသည့် အေဂျင်စီများသို့ လွှဲစာများအတွက် ၂၁၁ ကိုခေါ်ပါ သို့မဟုတ် https://www.211nys.org/contact-us သွားပါ။ နယူးယောက်တွင် နေထိုင်သူများ ၃၁၁ ကို ခေါ်ပါ။

နယူးယောက်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ချက်ဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်များအတွက် www.fema.gov/disaster/4615  တွင် ကြည့်ပါ။ FEMA အား တွစ်တာတွင် twitter.com/femaregion2 နှင့် ဖေ့စ်ဘုတ်တွင် www.facebook.com/fema တွင် ကြည့်ပါ။

Tags:
နောက်ဆုံးအချက်အလက်