ပြန်လည်ဆောက်လုပ်ရေးမစတင်မီ ခွင့်ပြုမိန့်လိုအပ်ခြင်း

Release Date:
နိုဝင်ဘာလ 8, 2024

အကယ်၍သင်၏အိမ်သည် Hurricane Helene ကြောင့် ထိခိုက်ပျက်စီးခဲ့ ပါက သင့်လူမှုအသိုင်းအဝိုင်း၏ဒေသဆိုင်ရာ မြေပြင်ရေလွှမ်းမိုးမှု မန်နေဂျာ သို့မဟုတ်အဆောက်အဦနှင့်ခွင့်ပြုမှုဌာနသို့ ဆက်သွယ်ပါ၊ ယင်းမှာ ပြင်ဆင်မှု များ မစတင်မီမည်သို့သော အဆင့်များသင်လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ကို ဆုံးဖြတ်ရန်အတွက် ဖြစ်သည်။

Hurricane အပြီး ပြန်လည်ဆောက်လုပ်ရေး 

အဆောက်အဦတခု၏အစိတ်အပိုင်းမှန်သမျှဖြစ်သည့် အိမ်အမိုးမှစတင်၍ အိမ်အတွင်းနံရံများ၊ အိမ်အပြင်နံရံများများနှင့် ရေပိုက်ဆက်သွယ်မှုစနစ်များ၊ မိလ္လာကန်စံနစ်များနှင့် အပူ/အဲယားကွန်းစံနစ်များကို ပြန်ဆောက်လုပ် ရေး မစတင်မီ ခွင့်ပြုမိန့်တခု လိုအပ်ပါလိမ့်မည်။ ထိုနည်းတူပင် ဖြိုချဖျက်ဆီးရန်အတွက်လည်း ခွင့်ပြုမိန့်တခု လိုပါလိမ့်မည်။

ခွင့်ပြုမိန့်များသည် ပိုင်ရှင်များ၊ အိမ်ရာများ၊ လူမှုအသိုင်းအဝိုင်းများနှင့် အဆောက်အဦများကိုပြင်ဆင်ခြင်းနှင့်/သို့မဟုတ် ဆောက်လုပ်ခြင်းပြုရာတွင် လက်ရှိဆောက်လုပ်မှု သတ်မှတ်ချက်များ၊ စံများ၊ ရေလွှမ်းမြေပြင်ဆိုင်ရာ ဥပဒေနှင့်ဆောက်လုပ်ရေးနည်းနာများအားသေချာစေခြင်းဖြင့်အကာအကွယ် ပေးပါသည်။ ထို့အတူပင် ခွင့်ပြုမိန့်များသည် မြှင့်တင်မှု နှင့် /သို့မဟုတ် ထပ်မံအစားထိုး ဖြည့်တင်းမှုနှင့်တူ လိုအပ်ချက်များဖြည့်ဆည်းမှုအတွက် အမြဲတမ်းမှတ်တမ်း များအဖြစ် အထောကိအကူပြုစေပါသည်။ ယင်းသည် အဆောက်အဦကို ပြန်လည်ရောင်းချိန် သို့မဟုတ် ရေလွှမ်းမိုးမှုအာမခံ အကျုံးဝင်မှုများအတွက် တန်ဘိုးရှိသော သတင်းအချက်အလက်များလည်းဖြစ်သည်။ 

ရေလွှမ်းမြေပြင်များတွင် ပြန်လည် ဆောက်လုပ်ရေး 

အထူးရေလွှမ်းဘေးရန်ရှိသောဧရိယာ (SFHA)တွင် ရှိသော အိမ်များသို့မဟုတ်လုပ်ငန်းများသည် ဖွံဖြိုးရေး / ဆောက်လုပ်ရေးခွင့်ပြုမိန့် ကို တောင်းခံရန် လိုအပ်သည်။ ဆောက်လုပ်ရေးခွင့်ပြုမိန့်များသည် လက်ရှိဒေသဆိုင်ရာသတ်မှတ်ချက်များ၊ ရေလွှမ်းမြေပြင်ဆိုင်ရာစီမံခန့်ခွဲမှု သို့မဟုတ် ဥပဒေသတ်မှတ်ချက်များနှင့် South Carolina ဒေသဆိုင်ရာ ဥပဒေအရ ဆောက်လုပ်မှု သတ်မှတ်ချက်များ အပေါ်အခြေခံပါသည် ။ FEMA ကြောင့် မဟုတ်ပါ။ 

သင်၏ဒေသလူမှုအသိုင်းဝိုင်း ရေလွှမ်းမြေပြင် ဆိုင်ရာ မန်နေဂျာ  နှင့်  အဆောက်အဦနှင့်ခွင့်ပြုမိန့်ဌာနတို့ကို ဆက်သွယ် ပြီး ဒေသ၏ခွင့်ပြုချက်နှင့် လိုင်စင်ရရှိထားသော ကန်ထရိုက်တာများဆိုင်ရာ သတင်းအချက်အလက်များကို ရှာဖွေနိုင်ပါသည်။ ထိုရုံးဌာနများသည် လှည့်ဖြားတတ်သော ကန်ထရိုက်တာများဘေးရန်မှ သုံးစွဲသူများကိုကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်၍ အကြံဉာဏ်များ ပေးနိုင်သည်၊ ထို့အတူ အနာဂတ်ကာလတွင်သင်၏အိမ်သို့မဟုတ် လုပ်ငန်း များကို သဘာဝေးအန္တရာယ်ကြောင့်ဖြစ်သော ပျက်စီးမှုမှ မည်သို့ကာကွယ်ရန် ကိုလည်း အကြံဉာဏ်ပြုနိုင်ပါသည်။ 

သတိပြုရန်  

အကယ်၍ ခွင့်ပြုမိန့်ကို သေချာစွာ တောင်းခံမှုမရှိခဲ့ပါက အိမ်ရာပိုင်ရှင်များ အနေနှင့် လုပ်ငန်းရပ်တန့်ရန်အမိန့်၊ ဒဏ်ကြေးများ သို့မဟုတ် ပြစ်ဒဏ်များ ကို ဒေသအာဏာပိုင်များထံမှ ချမှတ်ခြင် ခံရနိုင်ပါလိမ့်မည်။ အချို့သော လူမှုအသိုင်းဝိုင်းများအတွက် ခွင့်ပြုမိန့်အခကြေးငွေများကို သက်ညှာလျော့ပေါ့နိုင်ပါသည်။သို့သော် သူတို့အနေနှင့် ခွင့်ပြုမိန့် ရယူရန် လိုအပ်မှုကိုမူ သက်ညှာလျော့ပေါ့ပေးလိမ့်မည်မဟုတ်ပါ။

FEMA သည် ကန်ထရိုက်တာများကို ထောက်ခံအသိအမှတ်ပြုပေးခြင်း သို့မဟုတ် ထောက်ခံ ခွင့်ပြုပေးခြင်းမလုပ်ပါ။ ထို့အပြင် FEMA မှ ခွင့်ပြု ချက်ရရှိထားပါသည်ဟု ပြောလာသူများကို သတိထားရန် တရားဝင် သတိ ပေးချက်ပြုထားပါသည်။ သူတို့သည် မဟုတ်မှန်ပါ။

Tags:
နောက်ဆုံးသတင်း