အစုလိုက်အပြုံလိုက်ဘေးလွတ်ရာပြောင်းရွေ့ရေးပံ့ပိုးမှုအကူအညီ

Release Date:
ဇွန်လ 29, 2023

FEMA အစုလိုက်အပြုံလိုက်စောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီသည်  သဘာဝဘေးဒဏ်ခံရသော၊သဘာဝဘေးလွတ်ရာပြေးလာသူများကို အိမ်ရှင်အဖြစ် လက်ခံပေးသောပြည်နယ်အစိုးရများကို သဘာဝဘေးအန္တရာယ်မှလွတ်မြောက်လာသူများ/ဘေးလွတ်ရာသို့ ပြောင်းရွေ့လာသူများနှင့် ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များနှင့်ဝန်ဆောင်မှုပေးသည့်တိရစ္ဆာန်များအတွက် အသက်ကယ်ဝန်ဆောင်မှုများနှင့် အရင်းအမြစ်များ ပံ့ပိုးကူညီပေးပါသည်။ အစုလိုက်အပြုံလိုက်စောင့်ရှောက်မှုနှင့် အရေးပေါ်အကူအညီသည် နည်းပညာအကူအညီ၊ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ရေးနှင့် သတ်မှတ်ဖော်ထုတ်ထားသောအရင်းအမြစ်များပုံစံဖြင့် ပံ့ပိုးပေးပါသည်။

အာဏာပိုင်များ

Robert T. Stafford  သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် အရေးပေါ်ကူညီမှုဥပဒေ အပိုဒ် ၄၀၂, ၄၀၃, နှင့် ၅၀၂ ပြည်သူ့ဥပဒေ ၉၃-၂၈၈, ၄၂ U.S.C. §§ ၅၁၇၀ အေ, ၅၁၇၀ ဘီ နှင့်၅၁၉၂ အဖြစ် မှတ်တမ်းတင်ထားပါသည်။

တာဝန်ဝတ္တရားများ

ထိခိုက်ဖြစ်ပွားမှု-မတိုင်ခင်

  • အစုလိုက်အပြုံလိုက် ကယ်ဆယ်ခြင်းဆိုင်ရာ ထောက်ပံ့မှုပုံစံများ၊ ပြည်နယ်၊ ဒေသန္တရ၊ လူမျိုးစုနှင့် နယ်မြေ (SLTT) အဆင့်ရှိ အစိုးရအစီအစဉ်များအပြင် လေ့ကျင့်ရေးပစ္စည်းများနှင့် အခြားကိရိယာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နည်းပညာအကူအညီများ ပံ့ပိုးပေးခြင်း၊ ဘေးလွတ်ရာ ရွှေ့ပြောင်းသူများအတွက် အစိုးရအကူအညီပေးထားသည့်သယ်ယူပို့ဆောင်ရေးကိုပံပိုးပေးဖို့ နိုင်ငံတော်၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်။
  • ဘေးလွတ်ရာသို့ရွေ့ပြောင်းလာသူများကိုကူညီပံပိုးပေးရန်အတွက်ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် အကောင်းဆုံးလုပ်ဆောင်မှုများနှင့် သင်ခန်းစာများကို ပြန်လည်သုံးသပ်ပြီးအသုံးချပါ။
  • အစုလိုက်အပြုံလိုက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းသူများအတွက် အထောက်အပံ့ပေးရန်အတွက် အရင်းအမြစ်များ၊ အစီအစဉ်များနှင့် ဝန်ဆောင်မှုများ ပံ့ပိုးပေးရန် သက်ဆိုင်ရာအဖွဲ့များအကြား သဘောတူညီချက်များတိုးတက်လာအောင်ပြုလုပ်ခြင်း၊
  • အစိုးရအေဂျင်စီများ၊ ဒေသခံအဖွဲ့ SLTT များ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ အန်ဂျီအိုများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် လက်တွဲပြီး  အစုလိုက်အပြုံလိုက် ဘေးလွတ်ရာရွှေ့ပြောင်းခြင်းများအတွက်  နိုင်ငံတော်နှင့် ဒေသဆိုင်ရာနှင့် ဒေသခံအဖွဲ့ SLTT များ၏စွမ်းဆောင်ရည်ကို အားကောင်းစေမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များနှင့် လုပ်ငန်းစဉ်များ ဖန်တီးပေးခြင်း။
  • ရွေ့ပြောင်းလာသူများကိုလက်ခံပေးမည့်အိမ်ရှင်ပြည်နယ်၏သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် ပံ့ပိုးပေးခြင်း (သဘာဝဘေးဒဏ်သင့်ပြည်နယ်မှ လူတစ်ဦးချင်းစီအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန်နှင့်/သို့မဟုတ် ခိုလှုံနေထိုင်ရန် သဘောတူလက်ခံသည့်ပြည်နယ်)
  •  သင်တန်းပေးခြင်း၊ လေ့ကျင့်ခြင်းများအဆင်ပြေအောင်ပံ့ပိုးပေးခြင်း၊ အခြားဗဟိုအစိုးရအေဂျင်စီများ၊ SLTTအဖွဲ့အစည်းများ နှင့် အစိုးရမဟုတ်သော အန်ဂျီအို မိတ်ဖက်အဖွဲ့အစည်းများအတွက် အစုလိုက်အပြုံလိုက်ကယ်ဆယ်ပြောင်းရွေ့မှုလုပ်နိုင်ဖို့ ပေါင်းစပ်ပံ့ပိုးမှုလုပ်ခြင်း။
  • FEMA ၏သဘာဝဘေးဒဏ်တုံ့ပြန်မှု၊ ပြန်လည်ထူထောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုနှင့် နိုင်ငံတော်ပြင်ဆင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်သူ့ကူညီရေးဌာနခွဲ၊ မသန်စွမ်းသူများ ပေါင်းစည်းကူညီရေးနှင့် ညှိနှိုင်းရေးရုံး၊ အမျိုးသား လုပ်ငန်းဆောင်ရွက်မှု ဝန်ဆောင်မှုစင်တာ   အပါအဝင် ပြည်တွင်းအတူ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများအား ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများကို ပံ့ပိုးပေးခြင်း၊

သဘာဝဘေးအန္တရာယ်ကိုတုံ့ပြန်ခြင်းနှင့်ပြန်လည်ထူထောင်ခြင်း

  • အခြားအစိုးရအေဂျင်စီများ၊ ပြောင်းလာသူများကိုလက်ခံမည်ဟုကြေညာထားသည့် အိမ်ရှင်ပြည်နယ်မှ SLTTsအဖွဲ့အစည်း များ၊ FEMA ၏ ထောက်ပံ့ပို့ဆောင်ရေး စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူးရုံး၊ အစိုးရမဟုတ်သော အန်ဂျီအို အဖွဲ့အစည်း များနှင့် အခြားလုပ်ဖော်ကိုင်ဖက်များ နှင့် ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်ချက်များကို စောင့်ကြည့်သုံးသပ်အတည်ပြုကာ SLTT အဖွဲ့အစည်းများအတွက် လူသားနှင့် ရုပ်ပစ္စည်းဆိုင်ရာ အရင်းအမြစ်များ၊ အစီအစဥ်များနှင့် ဝန်ဆောင်မှုများအတွက် ပံ့ပိုးမှုပေးခြင်း
  • FEMA ၏ နိုင်ငံတော်သဘာဝဘေးတုံ့ပြန်ရေးညှိနှိုင်းရေးဌာန (NRCC)၊ ဒေသဆိုင်ရာသဘာဝဘေးတုံ့ပြန်မှုညှိနှိုင်းရေးစင်တာ (RRCC)၊ ပူးတွဲကွင်းဆင်းဆောင်ရွက်သည့်ရုံးများ (JFO)၊ ကနဦးလုပ်ငန်းဆောင်ရွက်သည့်ဌာန (IOF)၊ STT အရေးပေါ် စစ်ဆင်ရေးဌာန (EOC) နှင့် အခြားကွင်းဆင်းဆောင်ရွက်သည့်ရုံးများတွင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် နည်းပညာအကူအညီများ ပေးခြင်း။ 
  • အစုလိုက်အပြုံလိုက်ပြောင်းရွေ့လာသူများကိုကူညီထောက်ပံ့ရန်အတွက် ပေးအပ်သည့် တာဝန်များ၊ကန်ထရိုက်များနှင့်အခြား အစီအစဉ် များ မှတစ်ဆင့် စက်ကိရိယာ၊ ပစ္စည်း၊ထောက်ပံ့ရေးပစ္စည်းများ၊ အဆောက်အဦများနှင့်လူပုဂ္ဂိုလ်များ အပါအဝင်အရင်းအမြစ်များကိုပံ့ပိုး ပေးခြင်း။
  • အရင်းအမြစ်လိုအပ်ချက်များ၊ ချို့ယွင်းချက်များနှင့် ကန့်သတ်ချက်များအား ဖော်ထုတ်သတ်မှတ်ပြီး FEMA အဖွဲ့အစည်းများ၊ အခြားအစိုးရအေဂျင်စီများ၊ SLTTအဖွဲ့အစည်းများ၊အစိုးရမဟုတ်သော အန်ဂျီအို အဖွဲ့အစည်း များနှင့် ပုဂ္ဂလိကကဏ္ဍလုပ်ဖော်ကိုင်ဖက်များထံသို့ သတင်းအချက်အလက်များ ပေးခြင်း။

အကောင်အထည်ဖော်ရန်အတွက် အစပျိုးမှုများ

  • အစုလိုက်အပြုံလိုက်ရွှေ့ပြောင်းခြင်းဆိုင်ရာကိစ္စရပ်များအတွက် ပြည်သူ့အကူအညီအရေးပေါ်ကာကွယ်မှုအစီအမံများပါဝင်သည့် သမ္မတ၏ သဘာဝဘေး အန္တရာယ်ကြေငြာချက်များ (အရေးပေါ်နှင့် ကြီးမားသောသဘာဝဘေးအန္တရာယ်နှစ်ခုလုံး)။

ပစ္စည်းကိရိယာများနှင့် အရင်းအမြစ်များ

 

Tags:
နောက်ဆုံးသတင်း