FEMA ၏ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး ရွေ့လျားစင်တာများ Bronx သို့လာရောက်

Release Date:
အောက်တိုဘာလ 27, 2021

ဟာရီကိန်းအိုင်ဒါ ဘေးဒဏ်ခံခဲ့ရသူများ FEMA ၏ ဘေးအန္တရာယ်ဆိုင်ရာအကူအညီလျှောက်ထားနိုင်ရေး အကူအညီပေးရန်နှင့် ၎င်းတို့သိလိုသော အရာများကို ဖြေကြားပေးရန်အတွက် FEMA ၏ ဘေးအန္တရာယ်ပြန်လည်ထူထောင်ရေး ရွေ့လျားစင်တာများသည် Bronx သို့ အောက်တိုဘာ ၂၉-နိုဝင်ဘာ ၁ အထိ လာရောက်မည်ဖြစ်သည်။

ဘေးဒဏ်ခံခဲ့ရသူများသည် FEMA ဝန်ထမ်းများ၊ ဖက်ဒရယ်နှင့် ပြည်နယ်အေဂျင်စီမှ ကိုယ်စားလှယ်များနှင့် ယင်းရွေ့လျား ယူနစ်များတွင် လူကိုယ်တိုင်တွေ့ဆုံနိုင်မည် ဖြစ်ပါသည်။ မှတ်တမ်းအထောက်အထားများ အပ်လုဒ်လုပ်ရန်လည်း ၎င်းတို့က ကူညီပေးနိုင်ပါသည်။ အမေရိကန် အသေးစားလုပ်ငန်းစီမံအုပ်ချုပ်ရေးဌာနမှ ကိုယ်စားလှယ်များလည်း ရှိနေမည်ဖြစ်ပြီး လုပ်ငန်းများ၊ ကိုယ်ပိုင်အကျိုးအမြတ်မယူသည့်လုပ်ငန်းများ၊ အိမ်ပိုင်ရှင်များနှင့် အိမ်ငှားများအတွက် အတိုးနှုန်းနိမ့် ဘေးအန္တရာယ် ချေးငွေကို မည်သို့လျှောက်ထားနိုင်ကြောင်း ရှင်းပြပါမည်။

ရွေ့လျားယူနစ်လာရောက်မည့်အချိန်နှင့် နေရာ-

Bronx ကောင်တီ - မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ

Aileen B. Recreational Complex at Pelham Bay Park

Middletown Road and Stadium Avenue

Bronx, NY 10465

အောက်တိုဘာ ၂၉ သောကြာ၊ အောက်တိုဘာ ၃၀ စနေ နှင့် နိုဝင်ဘာ ၁ တနင်္လာ

ဘေးဒဏ်ကြုံတွေ့ခဲ့သူများသည် အကူအညီရရန်အတွက် ပြန်လည်ထူထောင်ရေးစင်တာကို သွားရောက်ရန် မလိုအပ်ပါ။ အွန်လိုင်း DisasterAssistance.gov တွင်ဖြစ်စေ၊ FEMA မိုဘိုင်းအက်ပ်ကို သုံး၍ ဖြစ်စေ၊ FEMA အကူအညီ ကို ၈၀၀-၆၂၁-၃၃၆၂ တွင် ခေါ်ဆို၍ဖြစ်စေ လျှောက်ထားနိုင်ကြပါသည်။ အကယ်၍ သင်က VRS (ဗီဒီယိုထပ်ဆင့်လွှင့် အစီအစဉ်)၊ စာသားပါဖုန်းအစီအစဉ် သို့မဟုတ် တခြား စနစ်များကို အသုံးပြုပါက ယင်းအစီအစဉ်ဝန်ဆောင်မှုများ၏ နံပါတ်ကို FEMA အား ပေးပါ။ အကူအညီအော်ပရေတာကို မနက် ၈ နာရီမှ ည ၇နာရီအထိ တပါတ်လျှင် ၇ ရက် ဖွင့်ထားပါသည်။ စပိန်ဘာသာစကားအတွက် ၂ ကို နှိပ်ပါ။ သင့်ဘာသာစကားပြောသည့် စကားပြန်ကို ရရန် ၃ ကိုနှိပ်ပါ။

FEMA ၏ ဘေးအန္တရာယ်အကူအညီအတွက် ဒီဇင်ဘာလ ၆ ရက်၊ တနင်္လာနေ့ နောက်ဆုံးထား လျှောက်ထားရမည်။

နယူးယောက်ပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ဆောင်ချက်ဆိုင်ရာ တရားဝင်ထုတ်ပြန်ချက်များအတွက် www.fema.gov/disaster/4615  တွင် ကြည့်ပါ။ FEMA အား တွစ်တာတွင် twitter.com/femaregion2 နှင့် ဖေ့စ်ဘုတ်တွင် www.facebook.com/fema တွင် ကြည့်ပါ။

Tags:
နောက်ဆုံးအချက်အလက်