COLUMBIA, S.C. – အကယ်၍ သင်သည် FEMA မှစာတစောင် လက်ခံ ရရှိပြီးယင်းစာတွင် သင်သည်အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီခြင်းမရှိဟု ပြောထားပါက သင့်အနေနှင့် ထိုဆုံးဖြတ်ချက်ကို အယူခံ တင်နိုင်ပြီး သတင်းအချက်အလက်များ ပိုမိုပေးနိုင်ပါသည်။ ယင်းတွင် အရိုးရှင်းဆုံးဖြစ်နိုင်သည့်အချက်မှာ အထောက်အထား စာရွက် စာတမ်း သို့မဟုတ် သတင်းအချက်အလက်ပျောက်ဆုံး လိုအပ်နေခြင်း ဖြစ်နိုင် ပါသည်။
ကျေးဇူးပြု၍ FEMA ၏စာကို သေချာစွာနှင့် အစအဆုံး ဖတ်ရှုပါ။ အကယ်၍သင်သည် အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း ပြည့်မီ ပါက စာတွင် FEMA မှ ခွင့်ပြုသော ထောက်ပံ့မှုပမာဏနှင့် သဘာဝဘေး အန္တရာယ်ရံပုံငွေကို ဆီလျော်စွာ အသုံးပြုမှုဆိုင်ရာ သတင်းအချက်အလက် များကို ရှင်းပြထားပါလိမ့်မည်။ အကယ်၍ သင်သည် အထောက်အပံ့အတွက် သတ်မှတ်အရည်အချင်း မပြည့်မီပါက ထိုစာတွင် အကြောင်းပြချက်များကို ရှင်းပြထားပါလိမ့်မည်။
အကယ်၍ သင်သည် FEMA ဆုံးဖြတ်ချက်များကို သဘောတူညီမှုမရှိပါက၊ သင့်အနေနှင့်အယူခံတင်နိုင်ပါသည်။
အယူခံ လုပ်ငန်းစဉ်
အရေးကြီးသည်မှာ သင်၏အယူခံတင်သည့်အကြောင်းပြချက်အတွက် အထောက်အထားများပါရှိရန်ဖြစ်သည်။ FEMA မှလိုအပ်သော မည်သည့်အထောက်အထားကိုမဆို ပေးပါ၊ ဥပမာ အားဖြင့် သင်၏အာမခံမှ အထောက်အထားများနှင့် ပါဝင်ပတ်သက်မှု သို့မဟုတ် ပိုင်ဆိုင်မှုကို သက်သေပြသည့် အထောက်အထားများဖြစ်သည်။
သင်၏ FEMA လျှောက်လွှာနံပါတ်နှင့် သဘာဝဘေးအန္တရာယ်နံပါတ် (DR-4829-SC) တို့ကို FEMA သို့တင်သွင်းသည့် အယူခံလွှာစာရွက်တိုင်း နှင့် ထပ်မံတင်သွင်းသော အထောက်အထား စာရွက်စာတမ်းတိုင်းတွင် သေချာစွာ ရေးသားပေးရန် ဖြစ်သည်။
သင်၏အယူခံတင်ခြင်းကို FEMA ဆုံးဖြတ်ချက် စာတွင်ပါသည့် နေ့မှ ရက် ပေါင်း ၆၀ အတွင်း
- FEMA - Individuals & Households Program National Processing Service Center, P.O. Box 10055, Hyattsville, MD 20782-8055 သို့ စာပေးပို့တင်သွင်းပါ။
ထို့အတူသင်၏ အယူခံအထောက်အထားများကို သင်၏အွန်လိုင်းအကောင့်မှ တင်ပြခြင်းကို DisasterAssistance.gov သို့မဟုတ် FAX ဖက်စ်ပေးပို့ရန်
800-827-8112.
အကယ်၍ သင့်အနေနှင့် အယူခံပေးပို့ခြင်းကို သင်ကိုယ်တိုင် ပြုလုပ်ရန် မတတ်နိုင်ပါက၊ တစုံတယောက်ကို သင့်ကိုယ်စား ဆောင်ရွက်ပေးရန် တောင်းခံနိုင်ပါသည်။ ယင်းသည် သင့်မိသားစုဝင်များထဲမှ တဦးတယောက်၊ မိတ်ဆွေတဦး သို့မဟုတ် ရှေ့နေစသဖြင့် ဖြစ်နိုင်ပါသည်။ သင့်အနေနှင့် FEMA သို့တင်ပြရန်မှာ ထိုသူသည် သင့်ကိုယ်စား အယူခံလွှာ တင်ရန်ခွင့်ပြုကြောင်းသင်ကိုယ်တိုင်လက်မှတ်ရေးထိုးထားသော စာတစောင် လိုအပ်ပါလိမ့်မည်။
FEMA၏အယူခံခြင်းလုပ်ငန်းစဉ်နှင့်ပတ်သက်၍ သို့မဟုတ် အခြား တတိယ အသင်းအဖွဲ့တခုကို သင့်ကိုယ်စားလုပ်ဆောင်ရန် ခွင့်ပြုချက်နှင့် ပတ်သက်၍ ထပ်မံ၍ သတင်းအချက်အလက်များ လိုအပ်ပါက FEMA Helpline 800-621-3362 သို့ ဖုန်းခေါ်ပါ။ ဖုန်းလိုင်းကို နေ့စဉ်နေ့တိုင်း မနက် ၇ နာရီ မှ ည ၁၀ နာရီ အထိဖွင့် ထားပြီး ဘာသာစကားမျိုးစုံ အထောက်အကူရနိုင်ပါသည်။ အကယ်၍သင်သည် တဆင့်ခံ ဝန်ဆောင်မှု ကို အသုံးပြုပါက၊ ဥပမာ ဗီဒီယို တဆင့်ခံ (VRS) ၊ စာတမ်းထိုးတယ်လီဖုန်း သို့မဟုတ် အခြားသော ဝန်ဆောင်မှုများ သုံးပါက FEMA ကို ထိုသင်၏ ဝန်ဆောင်မှု နံပါတ်ကို ပေးပါ။ ထို့အတူပင် သင့်အနေနှင့် သဘာဝဘေးအန္တရာယ်ပြန်လည်ထူ ထောင်ရေး စင်တာများသို့ သွားရောက်နိုင်သည်၊ သင်နှင့် အနီးဆုံး စင်တာကို ရှာဖွေရန် သို့ fema.gov/drcသွားကြည့်ပါ။ FEMA အကူအညီအတွက် လျှောက်ထားရန် နောက်ဆုံးရက်မှာ ဇန်နဝါရီ 28 ဖြစ်သည်။
FEMA အစီအစဉ်များသည် ဘေးအန္တရာယ်မှလွတ်မြောက်လာသော မသန်စွမ်းသူများနှင့် လက်တွေ့လုပ်ဆောင်ရန် လိုအပ်ချက်ရှိသူများအတွက် အထောက်အကူပေးပါသည်။